📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

တယ်လီနောအမှုကို တရားရုံးက လက်ခံလိုက်ပြီ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တယ်လီနောကုမ္ပဏီဟာ မြန်မာစစ်တပ်ဆီကို သုံးစွဲသူတွေရဲ့ အရေးကြီးကိုယ်ရေးအချက်အလက်တွေ မျှဝေခဲ့လို့ ထိခိုက်နစ်နာခဲ့တယ်ဆိုပြီး တရားစွဲထားတဲ့အမှုကို နော်ဝေတရားရုံးက လက်ခံလိုက်ပြီ ဖြစ်ပါတယ်။

သေဒဏ်ပေးခံခဲ့ရတဲ့ NLD လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်အတွက် သူ့ရဲ့ဇနီးဖြစ်သူ မသဇင်ညွန့်အောင်နဲ့အတူ တယ်လီနောကြောင့် နစ်နာသူ ၁၂၅၃ ဦးတို့က စုပေါင်းတရားစွဲထားတာ ဖြစ်ပါတယ်။

နစ်နာသူတွေ ကိုယ်စား ဆွီဒင်အခြေစိုက် တရားမျှတမှုနဲ့တာဝန်ယူမှုဆိုင်ရာ ဦးဆောင်လှုပ်ရှားမှု အဖွဲ့ (JAI) က တရားလိုလုပ်ပြီး ၂၀၂၆ ဧပြီလမှာ နော်ဝေက အက်စကာနှင့် ဘာရွန် ခရိုင်တရားရုံးမှာ တရားစွဲခဲ့တာပါ။

ဒီအမှုကို ဆက်လက်ဆောင်ရွက်ဖို့ နော်ဝေတရားရုံးက ခွင့်ပြုလိုက်တာဖြစ်တယ်လို့ ဒီအမှုအတွက် ထောက်ပံ့ကူညီပေးနေတဲ့ နိုင်ငံတကာ ကော်ပိုရေးရှင်းများဆိုင်ရာ သုတေသနစင်တာ (SOMO) အဖွဲ့က ထုတ်ပြန်ပါတယ်။

တရားစွဲခံရတဲ့ တယ်လီနော (Telenor ASA) အနေနဲ့ ဒီဆုံးဖြတ်ချက်ကို တစ်လအတွင်း အယူခံဝင်ပိုင်ခွင့်ရှိပေမဲ့ အမှုရဲ့အကြောင်းခြင်းရာတွေအပေါ် စတင်ကြားနာစစ်ဆေးတော့မှာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

တရားရုံးဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး SOMO အဖွဲ့က စည်းရုံးလှုံ့ဆော်မှုဆိုင်ရာ ဒါရိုက်တာ ဂျိုးဆက် ဝိုင်းလ်ဒ်-ရမ်ဆင်းက ဘီဘီစီမြန်မာပိုင်းကို ပြောရာမှာ ဒါက “သမိုင်းဝင်ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး ပဋိပက္ခတွေပြည့်နှက်နေတဲ့ အခြေအနေမှာ ထိခိုက်နစ်နာမှုဖြစ်အောင် အားပေးအားမြှောက်ပြုတဲ့ ကော်ပိုရေးရှင်းကြီးတွေကို တာဝန်ယူစေဖို့အတွက် ကျူးလွန်ခံရသူတွေရဲ့ စွမ်းဆောင်နိုင်မှုဆိုင်ရာ ကမ္ဘာ့စံနမူနာတစ်ခု ဖြစ်တယ်” လို့ ပြောပါတယ်။

“ဒါက မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာအတွက် တရားမျှတမှုနဲ့ နောက်တစ်ဆင့်နီးကပ်သွားပြီလို့ ဆိုလို့ရပါတယ်။ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေကို လိုက်လံဖမ်းဆီးပြီး အန္တရာယ်ပြုဖို့ အသုံးပြုနိုင်တယ်ဆိုတာကို တယ်လီနောက သိထားလျက်နဲ့ အကြမ်းဖက်စစ်အုပ်စုဆီကို ထိခိုက်လွယ်တဲ့ သုံးစွဲသူအချက်အလက်တွေ လွှဲပြောင်းပေးအပ်ခဲ့တာက ဒီမြန်မာနိုင်ငံသားတွေဟာ တယ်လီနောရဲ့ သစ္စာဖောက်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဒီတရားမမှုအပြင် တယ်လီနောကုမ္ပဏီဟာ ပိတ်ဆို့မှုဥပဒေချိုးဖောက်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေထဲ ကြံရာပါဖြစ်တယ်ဆိုတဲ့ သံသယနဲ့ နော်ဝေရဲကလည်း စက်တင်ဘာ ၁၅ ရက်က အော်စလိုမြို့က တယ်လီနောရုံးတွေကို စီးနင်းပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။

တယ်လီနော မြန်မာ(Telenor Myanmar)ဟာ ၂၀၂၁-၂၂ ခုနှစ်အတွင်း သုံးစွဲသူတွေရဲ့ အရင်က ဆက်သွယ် အသုံးပြုခဲ့တဲ့မှတ်တမ်းအချက်အလက်တွေကို စစ်အာဏာပိုင်တွေဆီ “အကြိမ်ကြိမ်ပေးအပ်ခဲ့တယ်”လို့ နော်ဝေရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီအချိန်ကာလဟာဆိုရင် စစ်အာဏာပိုင်တွေဟာ အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေခဲ့ချိန်ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

တယ်လီနောဘက်ကတော့ လက်ရှိ ရဲရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံထဲက အခြေအနေဟာ စစ်အာဏာပိုင်တွေရဲ့အမိန့်တွေကို မလိုက်နာဘူးဆိုရင် တယ်လီနောဝန်ထမ်းတွေဟာ ထောင်ချခံရတာ၊ နှိပ်စက်ညှဉ်းပန်းခံရတာ ဒါမှမဟုတ် အသက်အန္တရာယ်ထိ ရှိနိုင်တယ်လို့ တယ်လီနောက ဆိုပါတယ်။

အဲဒီအခြေအနေမျိုးမှာ တယ်လီနောအနေနဲ့ တကယ်တမ်း ရွေးချယ်စရာ ဝန်ထမ်းတွေရဲ့အသက်အန္တရာယ်နဲ့ရင်းပြီးတော့လည်း မစွန့်စားနိုင်ခဲ့ဘူးလို့လည်း ဆိုထားပါတယ်။

အခုနောက်ဆုံး တရားရုံးက လက်ခံမှုနဲ့ပတ်သက်ပြီး တယ်လီနောဘက်က တုံ့ပြန်တာတော့ မတွေ့ရသေးပါဘူး။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်