📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

နစ်မြုပ်လုဆဲမို့ ကြိုးလေးတစ်မျှင်တောင်းခဲ့ပေမယ့် ပလစ်ခံလိုက်ရတဲ့ စခ တစ်အုပ်

နစ်မြုပ်ခါနီး စစ်သင်္ဘောထဲက စစ်သားတွေ ကြိုးတမျှင်တောင်းခဲ့ပေမယ့် စစ်ဗိုလ်ချုပ်တွေမကူညီခဲ့

ကချင်ပြည်နယ် ဗန်းမော်မြို့ကို တက်လာတဲ့စစ်သင်္ဘောတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်မှုအတွင်း နစ်မြုပ်ခါနီးစစ်သင်္ဘောတစီးထဲက စစ်သားတွေအကူအညီတောင်းခံနေတဲ့ အသံဖိုင်ကို တော်လှန်ရေးတပ်ဖွဲ့တွေရရှိခဲ့ပါတယ်။

အဲ့ဒီ့အသံဖိုင်ထဲမှာတော့ စစ်သင်္ဘော ဟာနစ်မြုပ်ခါနီးဖြစ်နေတဲ့အတွက် ကြိုးတမျှင်လောက်နဲ့ နောက်ထပ်သင်္ဘောတစီးကနေ ထိန်းခေါ်ပေးသွားဖို့ အကူအညီတောင်းခံခဲ့ပေမယ့် စစ်ဗိုလ်ချုပ်တွေကတော့ အကြောင်းမပြန်ခဲ့တာကိုတွေ့ရပါတယ်။

မန္တလေးမှ ဗန်းမော်မြို့သို့ ဆန်တက်လာသော စစ်သင်္ဘောအုပ်စုမှ သင်္ဘော ၂၀ နီးပါးကို ဖျက်ဆီးနိုင်ပြီဟု KIA က တရား၀င်ထုတ်ပြန်ကြေညာ

မန္တလေးမှ ဗန်းမော်မြို့သို့ ဆန်တက်လာသော စစ်သင်္ဘောအုပ်စုမှ သင်္ဘော ၂၀ နီးပါးကို ဖျက်ဆီးနိုင်ပြီဖြစ်ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးဌာန LAIZA TVက ယမန်နေ့ညပိုင်း တရား၀င်ထုတ် ပြန်ကြေညာသည်။

ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်း ရွှေကူမြို့မှ စစ်သင်္ဘော ၃ စီးသည် ဗန်းမော်မြို့သို့ ထွက်ခွာလာစဉ် ရွှေကူမြို့နယ်၊ ဝဲမကြီးကျေးရွာအရောက် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရ သင်္ဘော ၁ စီးမှာ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် နစ်မြုပ်သွားကြောင်း၊ ကျန် သင်္ဘော ၂ စီးမှာလည်း နောက်ပြန်လှည့်သွားကြောင်း သိရှိရသည်။

အလားတူ ယမန်နေ့ ဗန်းမော်မြို့မှ သင်္ဘော ၇ စီးကလည်း ပြန်လည် စုန်ဆင်းလာရာ စင်းခန်းတံတားအနီးနှင့် ဇင်းဘုံအနီးတွင် KIA ပူးပေါင်းတပ်များက ပစ်ခတ်တိုက်ခိုက်ရာ သင်္ဘော ၄ စီးနစ်မြုပ်သွားခဲ့ကြောင်း သိရှိရသည်။

“မန္တလေးကတက်လာတဲ့ ဖလက်သင်္ဘော၊ တွန်းသင်္ဘော၊ စပိဘုတ်၊ စစ်သင်္ဘော၊ ကုန်တင်သင်္ဘော အများကြီးပဲ ရွှေကူနဲ့ ဗန်းမော်အကြားမှာ တိုက်ခိုက်နစ်မြုပ်လိုက်တာ။ အစီး ၂၀ လောက်တော့ရှိနေပြီ” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်ကလည်း အတည်ပြု ပြောဆိုသည်။

ယင်းအပြင် စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၇ နာရီအချိန် ဗန်းမော်မြို့မှ စုန်ဆင်းလာသော စစ် သင်္ဘော ၁ စီးကို KIA ပူးပေါင်းတပ်များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော နစ်မြုပ်သွားခဲ့သည်။

စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း ရွှေကူနှင့် ဗန်းမော်အကြားတွင် သင်္ဘော ၄ စီးကို တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်၏ စစ်သင်္ဘောအုပ်စုက မန္တလေးမှ ဗန်းမော်မြို့သို့ ရိက္ခာ၊ လက် နက်ခဲယမ်းများနှင့် စစ်ကူများ ပေးပို့နေချိန် KIA ပူးပေါင်းတပ်များက တောက်လျှောက် တိုက်ခိုက်ဖျက်ဆီးနေခြင်းဖြစ်သည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်