📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ရန်ကုန် မြို့လယ်ခေါင် အနုကြမ်းစီးမှုဖြစ်

—

by

in

တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်တွင် အနုကြမ်းစီးမှုဖြစ်

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်ရှိ ဝဏ္ဏသိင်္ဂီလမ်းရှိ တိုက်ခန်းတစ်ခန်းတွင် အမျိုးသမီး အား လူတစ်စုကကြိုးတုပ်ပြီး ဓားဖြင့်ထိုးကာ အနုကြမ်းစီးမှု ဖြစ်ပွားခဲ့သည်။

ယနေ့(မတ်လ ၁၀ ရက်) မွန်းလွဲ ၃ နာရီခန့်ကဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဥ်ကြောင့် အဆိုပါလမ်း နေထိုင်သူများ တုန်လှုပ်ခဲ့ရသည်ဟု ဒေသခံအချို့က ပြောသည်။

“တိုက်ရဲ့ပထမထပ်မှာ ဖြစ်တာ။ အိမ်ရှင် အမျိုးသမီးကို ကြိုးတွေတုပ် ဓားတွေနဲ့ မွှန်းထိုးထားပြီး ပစ္စည်းတွေယူသွားကြတယ်”ဟု ဖြစ်စဥ်ကို သိရှိသည့် မေတ္တာညွန့်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

အိမ်ရှင်အမျိုးသမီး၏ အသက်အန္တရာယ်မှာ စိုးရိမ်ဖွယ်မရှိတော့ဘဲ အနုကြမ်းစီးသူများလည်း လွတ် မြောက်နေကြောင်း ၎င်းက ပြောသည်။ ကျူးလွန်မှုတွင် လူဦးရေမည်မျှပါဝင်သည်ကိုမှု မသိရသေးပေ။

“နေ့ခင်းကြောင်တောင်ကြီးဖြစ်တာ။ ဖြစ်ပြီးမှပတ်ဝန်းကျင်ကသိရတာ။ အဲဒီအမျိုးသမီးကို ဆေးရုံကိုပို့ထားတယ်။ အသက်အန္တရာယ်စိုးရိမ်စရာတော့မရှိဘူးလို့သိရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ယခုဖြစ်စဥ်မတိုင်မီ လွန်ခဲ့သည့် တစ်ပတ်အတွင်းကလည်း မေတ္တာညွန့်ရပ်ကွက်တွင် နံနက်အစောပိုင်းတွင် အုပ်စုဖွဲ့ခိုးသူများရှိခဲ့ပြီး စက်ဘီးနှင့် ရေစက်အချို့ပျောက်ဆုံးကြောင်း ရပ်ကွက်နေသူအချို့က ဆိုသည်။

“လုံခြုံမှုကို လုံးဝမရှိတော့တာ။သော့တွေ ဘယ်လိုပဲ ခတ်ထားတယ်ဆိုတောင် CCTV ကနေ ပြန်ကြည့်ရင် ခိုးသွားတာ ငါးမိနစ်လောက်ပဲ ကြာတယ်”ဟု မေတ္တာညွန့်ရပ်ကွက်နေသူက ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရန်ကုန်မြို့အပါအဝင် မြို့နယ်အများအပြား၌ လူသတ်ဓားပြတိုက်မှုများ၊ လုယက်မှုနှင့် အနုကြမ်းစီးခံရသည့် ဖြစ်စဥ်များ ပေါများလာသည်ဟု ရန်ကုန်မြို့နေပြည်သူအချို့က ပြောသည်။

၂၀၂၄ ဒီဇင်ဘာလ၂၆ရက်နေ့ကလည်း ဗဟန်းမြို့နယ်၊ ဆရာစံမြောက်/အရှေ့ရပ်ကွက်ရှိ ကုန်စုံဆိုင်တဆိုင် လုယက်ခံခဲ့ရပြီး ဆိုင်ပိုင်ရှင်အမျိုးသမီး ဓားဖြင့်အထိုးခံသောကြောင့် သေဆုံးသွားခဲ့သည်။

“တိုင်းပြည်ကို လုယူအုပ်ချုပ်နေသူများက ဘယ်သူသေသေ၊ ငတေမာရင် ပြီးရောဆိုတဲ့သူတွေ များနေသ၍ အောက်‌ခြေလူတန်းစားတွေက အငတ်ဘေးနဲ့ ကြုံလေ မကြံကောင်းတာတွေကြံ မတွေးကောင်းတာတွေးပီး ခုလိုတွေ အမြဲ ဖြစ်နေမှာပဲ ။ကိုယ့်အိမ်ကိုယ်သော့ခက်နေရပြီး မလုံခြုံရတဲ့ဘဝတွေ”ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

(အနုကြမ်းစီးခံရသည့် တိုက်ခန်းအနီးပတ်ဝန်းကျင်အား ယနေ့ ညနေပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ – Arkar Linn/FB)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်