📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ထိုင်းရဲဝင်စစ်ချိန် ထွက်ပြေးတဲ့ မြန်မာလုပ်သား တိုက်ပေါ်ကနေပြုတ်ကျT-ဆုံး

ထိုင်းရဲဝင်စစ်ချိန် အဖမ်းခံရမှာစိုးလို့ ထွက်ပြေးတဲ့ မြန်မာလုပ်သား တိုက်ပေါ်ကနေပြုတ်ကျသေဆုံး

ထိုင်းနိုင်ငံ ၊ပထုန်ဌာနီခရိုင် ၊ လန်စစ်၊စွယ်(8)မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ ညဘက် ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးချိန် ကြောက်ပြီး ထွက်ပြေးတဲ့ မြန်မာလုပ်သားတယောက် တိုက်ပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့ ၊ ည ၉ နာရီခွဲလောက်မှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကိုဝင်ရောက်ပြီး အထောက်အထားမဲ့လုပ်ကိုင်သူ ရှိမရှိ စစ်ဆေးရာမှာ မြန်မာလုပ်သားအမျိုးသားဟာ အဖမ်းခံရမှာစိုးတဲ့အတွက် ထွက်ပြေးရာကနေ အဆောက်ဦ ငါးထပ်မှ ပြုတ်ကျသေဆုံးခဲ့တာလို့ သိရပါတယ်။

” ရဲကဝင်စစ်တော့ ပတ်စ်ပို့ရှိပါရက်နဲ့ သူဌေးက ကျန်ခေါက်လုပ်မပေးရသေးတာကို ကြောက်ပြီး အပေါ်ထပ်ကို တက်ပြေးရာကနေ မှောင်မဲနေတော့ ဓာတ်လှေကားတပ်ဆင်ဖို့ပြင်ထားတဲ့အခန်းကို အိမ်သာမှတ်ပြီး ဝင်ပြေးရာကနေပြုတ်ကျသေတာပါ။ ” လို့ ထိုင်းရောက်မြန်မာလုပ်သားကပြောပါတယ်။

သေဆုံးခဲ့တဲ့ မြန်မာလုပ်သားဟာ အသက် ၂၉ နှစ်အရွယ် ကိုဇင်ကိုထက်ဆိုသူဖြစ်ပြီး အဲဒီဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်ကိုင်နေတာ ၇ ရက်သာရှိသေးတယ်လို့ သိရပါတယ်။

လက်ရှိမှာ သေဆုံးသူရဲ့မိသားစုဝင်တွေရဲ့ အကူအညီတောင်းခံမှုကြောင့် WAG အလုပ်သမားမဟာမိတ်အဖွဲ့က သက်ဆိုင်ရာမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားပြီး လျော်ကြေးရရှိနိုင်မှု အခြေအနေကိုတော့ အတိကျမသိရသေးပါဘူး။

ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့လုပ်ကိုင်နေတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒီစက်တင်ဘာလ ရက်၂၀ အတွင်းမှာပင် အထောက်အထားမဲ့လုပ်ကိုင်သူ ၊ လုပ်ကိုင်ခွင့်တားမြစ်ထားတဲ့ အလုပ်ကို လုပ်ကိုင်သူ ၊ အထောက်အထားမပြည့်စုံလို့ ဖမ်းခံရတဲ့ မြန်မာလုပ်သား ရာနဲ့ချီရှိတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၇ ရက်က ထိုင်းနိုင်ငံ ၊ ဆူရတ်ဌာနီခရိုင်မှာ ဆယ်နှစ်မှတ်ပုံတင်ကတ်ကိုင်ဆောင်ခဲ့တဲ့ မြန်မာအလုပ်သမား ၁၅ ယောက်အဖမ်းခံခဲ့ရပါတယ်။

“အဖမ်းဆီးက ကြမ်းနေတာ။ ကျွန်တော်တို့လင်မယားက ဘာအထောက်ထားမှမရှိသေးတော့ အခုစိတ်ချရတဲ့ နေရာပြောင်းလုပ်နေရတယ်။ အရင်ရက်က ကျွန်တော်တို့ ဆောက်လုပ်ရေးဆိုက်ထဲ ဝင်လို့ပြေးရသေးတယ်။ အပြင်တွေလည်း သိပ်မထွက်ပါဘူး။ မိသွားရင် လာခဲ့သမျှအလကားဖြစ်ပြီး အဖမ်းပါခံရမှာ။ရောက်တာမှ နှစ်လလောက်ရှိသေးတယ်။ ” လို့ ထိုင်းရောက်မြန်မာလုပ်သားကပြောပါတယ်။

ထိုင်းနိုင်ငံထဲက အထောက်အထားမဲ့ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ဆေးဖမ်းဆီးတာတွေလုပ်နေသလို နယ်စပ်ကနေတရားမဝင် ဝင်ရောက်သူတွေကိုလည်း ဖမ်းဆီးမှုတွေဆက်တိုက်ပြုလုပ်နေပါတယ်။

ခုလို ထိုင်းအာဏာပိုင်တွေက အဖမ်းဆီးကြမ်းနေပေမယ့်လည်း ထိုင်းကို နယ်စပ်လမ်းကြောင်းကနေ တရားမဝင် ဝင်ရောက်နေသူတွေ အများအပြားရှိနေပြီး တယောက်ကို သိန်း ၄၀ မှ ၅၀ ကြား ကုန်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – WAG

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်