📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ဟော့ပေါ့စားပြန်လာတဲ့ မိန်းကလေး ၂ ယောက်ကို ငွေညှစ်တဲ့အပြင် M-ဒိ/*မ်းပါကျင့်လိုက်တဲ့ အင်းစိန်ဇိုး

အင်းစိန် လူမိုက် သီဟအောင် ဟော့ပေါ့စားပြီး ပြန်လာတဲ့ မိန်းကလေးငယ်နှစ်ယောက်ကို ငွေညှစ်ပြီး အဓမ္မကျင့်

စက်တင်ဘာ ၁၆ ရက် ည ၇ နာရီခန့်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ် မနီလာ (အမည်လွှဲ) သည် သူငယ်ချင်းဖြစ်သူ အသက် ၁၈ နှစ်အရွယ် မသီတာ (အမည်လွှဲ) နှင့်အတူ City Mall သို့ Hot Pot သွားရောက်စားသောက်မည်ဟု ဆိုကာ နေအိမ်မှ ထွက်ခွာခဲ့ကြသည်။

သို့သော် ညစာစားပြီးနောက် ည ၈ နာရီခန့်တွင် နေအိမ်သို့ လမ်းလျှောက်ပြန်လာစဉ် (၂၇) ရပ်ကွက်၊ ဆရာစံလမ်းအရောက်၌ ခဲရောင် PRADO မော်တော်ယာဉ် မောင်းနှင်လာသည့် အမည်မသိ အမျိုးသားတစ်ဦးက ယာဉ်ကို ရပ်တန့်ကာ အသက်အရွယ်နှင့် ဘယ်ကပြန်လာကြောင်း မေးမြန်းခဲ့သည်။

ထို့နောက် အသက်မပြည့်သေးသည့် အမျိုးသမီးငယ်များဖြစ်၍ နေအိမ်သို့ လိုက်ပို့ပေးမည်ဟု ယုံကြည်အောင် ပြောဆိုသဖြင့် ၎င်းတို့နှစ်ဦးသည် အဆိုပါယာဉ်ပေါ်သို့ လိုက်ပါခဲ့ကြသည်။

ရန်ကုန်ကဲ့သို့ စီးပွားရေး မြို့တော်တွင် တိုယိုတာ ပရာဒို (Toyota Prado) ကဲ့သို့ ဇိမ်ခံ မော်တော်ယာဉ်မျိုးသည် သာမန် ပြည်သူများ လက်လှမ်းမမီနိုင်ဘဲ အထက်တန်းလွှာများနှင့် တရားမဝင် နည်းလမ်းများ၊ ခရိုနီ စီးပွားရေး လုပ်ငန်းများမှတစ်ဆင့် ကြီးပွားချမ်းသာနေသူများသာ စီးနင်းနိုင်သည့် ကားအမျိုးအစား ဖြစ်သည်။

အဆိုပါ ဇိမ်ခံကားကို မောင်းနှင်လာသူမှာ အင်းစိန် ခရိုင်ထွေအုပ် ရဲထွန်းဇော် နှင့်နီးစပ်ပြီး လောင်းကစားမှအစ မကောင်းမှုမျိုးစုံ ကျူးလွန်နေသူ အင်းစိန်မှ လူမိုက် သီဟအောင်ဖြစ်နေသည်။

ရဲထွန်းဇော်သည်လည်း ခရိုနီများက အမိန့်ပေးလျင် ဘုန်းကြီးကျောင်းပါ ပြေးဖျက်သည့် ထွေအုပ်တစ်ဦး ဖြစ်သည်။

သီဟအောင်သည် မြောက်ဒဂုံအတွင်း နာရီဝက်ခန့် ပတ်မောင်းပြီးနောက် မှောင်မိုက်နေသော လမ်းမများပေါ်တွင် စက်ဆုပ်ရွံရှာဖွယ်ရာ ပြန်ပေးဆွဲမှုကို စတင်ခဲ့သည်။

ကျူးလွန်သူသည် အသင့်ပါလာသော သေနတ်၊ ဓားတို့ပြ၍ သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ မိဘများထံ ဖုန်းဆက်၍ တစ်ယောက်လျှင် ငွေ ၅ သိန်းကျပ်စီဖြင့် စုစုပေါင်း ငွေ ၁၀ သိန်းကျပ် တောင်းခံခဲ့သည်။

ယင်းနောက် ည ၁၁ နာရီခန့်တွင် အသက် ၁၈ နှစ်အရွယ် မသီတာ (အမည်လွှဲ) အား (၃၃) ရပ်ကွက်၊ ငါးမာန်အောင်ဘုရားလမ်းရှိ “တို့အင်းလေး” လက်ဖက်ရည်ဆိုင်အနီး၌ ချထားပေးခဲ့သည်။

သီဟအောင်သည် အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ် မနီလာ (အမည်လွှဲ) အား ယာဉ်ပေါ်တွင် ဆက်လက် ခေါ်ဆောင်သွားကာ တောင်ဥက္ကလာပနှင့် မြောက်ဥက္ကလာပ မြို့နယ်များအတွင်း ပတ်မောင်းခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ်၊ လမ်းတစ်နေရာအရောက်၌ ယာဉ်ကိုရပ်တန့်ကာ ဓားဖြင့်ခြိမ်းခြောက်၍ အဓမ္မ တစ်ကြိမ် ပြုကျင့်ခဲ့သည်။

ထို့နောက် အမျိုးသမီးငယ်၏ မိဘများထံမှ ငွေ ၁၀ သိန်းကျပ်အား KBZ Pay မှတစ်ဆင့် လက်ခံရယူပြီးနောက် တောင်ဥက္ကလာပမြို့နယ်၊ လမ်းတစ်နေရာ၌ အဓမ္မ ထပ်မံပြုကျင့်ခဲ့သည်။

စက်တင်ဘာ ၁၇ ရက် နံနက် ၄ နာရီခန့်မှသာ (၃၃) ရပ်ကွက်၊ ငါးမာန်အောင် ဘုရားလမ်း၊ Capital ဆိုင်အနီး၌ အဆိုပါ အမျိုးသမီးငယ်အား စွန့်ပစ်ခဲ့ခြင်း ဖြစ်သည်။

ယခုဖြစ်စဉ်သည် အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ဖြစ်သော ရန်ကုန်တွင် တရားဥပဒေ စိုးမိုးမှု လုံးဝ ကင်းမဲ့သွားပြီး ဒုစရိုက်မှုများ ဝရုန်းသုန်းကား လွန် စွာ ဖြစ်ပွားလာနေသည့် အခြေအနေကို ပေါ်လွင်စေသည့် သင်္ကေတတစ်ခု ဖြစ်လာသည်။

“ရဲတွေက သူ့တို့ကိုယ် သူတို့ လုံခြုံဖို့နဲ့ သူတို့ပထွေးတွေ အာဏာမြဲဖို့ကလွဲရင် ဘာ$ လုပ်မှ မလုပ်တော့ဘူး။ လမ်းပေါ်မှာ ညထွက်ရင် ပေါ်တာဆွဲမယ်။ လူရောင်းမယ်။ သူတို့ကိုယ်တိုင်တောင် ငွေညှစ်နေမှတော့ လူဆိုးသူခိုးတွေက လက်ခမောင်းခတ်ပြီပေါ့” ဟု ဒဂုံမြို့သစ်မှ အငြိမ်းစားဝန်ထမ်းတစ်ဦးက ဆိုသည်။

လူမိုက်များကို ရဲများကိုယ်တိုင်က လက်ထောက်ချပြီး မူးယစ်ဆေးရောင်း၊ လောင်းကစားမှ စကာ လုပ်ချင်ရာ လုပ်ခွင့်ပေးထားကြကြာင်း ဆက်ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့တွင် မြို့ပြလုံခြုံရေး ယန္တရားများ ပြိုကွဲသွားခဲ့ပြီး လူပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုနှင့် အုပ်စုဖွဲ့ ဒုစရိုက်မှုများမှာ သိသိသာသာ မြင့်တက်လာခဲ့သည်။

လေ့လာသူများ၏ အဆိုအရ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများသည် ပြည်သူကို ကာကွယ်ရန်ထက် စစ်အာဏာရှင်စနစ် ယန္တရား လည်ပတ်နိုင်ရေးကိုသာ ဦးစားပေးနေသဖြင့် ရန်ကုန်ကဲ့သို့ မြို့ကြီးများတွင်ပင် ညအခါ၌ ပြည်သူများ၏ လုံခြုံရေးမှာ အာမခံချက် လုံးဝ မရှိတော့သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ထောက်ပြနေကြသည်။

အဆိုပါ ဖြစ်စဉ်တွင် ကူညီစုံစမ်းပေးပါရန် မိခင်ဖြစ်သူ၏ သတင်းပေးပို့ချက်အရ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းက (ပ)၈၉၇/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၆၅/၃၈၇/၃၇၆ ဖြင့် အမှုရေးဖွင့်ခဲ့သည်။

စက်တင်ဘာ ၁၇ ရက် ညပိုင်းတွင် ကျူးလွန်သူ တရားခံ သီဟအောင် (၂၈) နှစ်အား အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ ၄/ တောင်လမ်းပေါ်၌ ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် YGN-9 3J-5625 TOYOTA PRADO မော်တော်ယာဉ်၊ ZTE ဖုန်း၊ Hangun စာတန်းပါ ကော်သေနတ်၊ အရိုး/အသွား ၉ လက်မခန့်ရှိ ဓားဦးချွန်နှင့် Redmi Note 15 Pro ဖုန်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည် ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

“ဒါတောင် လူကြီးသားသမီး မဟုတ်ဘဲ သာမန်လူမိုက်မို့ ဖမ်းပေးတာ၊ သူတို့ အဘတွေသားသာ ဆိုရင် အဲဒီအမှုက ပေါ်မှာ မဟုတ်တော့ဘူး”ဟု အငြိမ်းစားဝန်ထမ်းက ဆက်ပြောသည်။

မြို့ပေါ်တွင် နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသည့် ဒုစရိုက်မှုများနှင့် ပတ်သက်၍ စိုးရိမ်ထိတ်လန့်မှုများကမူ မြို့ခံများအကြား ပိုမို ကြီးထွားလျက် ရှိသည်။

စစ်အာဏာရှင်စနစ်အောက်တွင် တရားဥပဒေမဲ့မှုတွေက၊ လှိုင်းလုံးကြီးသဖွယ် ရိုက်ခတ်နေချိန်၌ ရန်ကုန်၏ ညချမ်းများသည် ပြည်သူများအတွက် မလုံခြုံမှုနှင့် ထိတ်လန့်ဖွယ်ရာ အန္တရာယ်များ ပြည့်နှက်နေသည့် သေမင်းတမန် မြို့ပြ တစ်ခုအဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်