📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

မိုင်းမျိုးစုံ ၂,၀၀၀ ကျော်ကို CDF-Mindat က ရှင်းလင်းပေး

—

by

in

မင်းတပ်မြို့တွင် မိုင်းမျိုးစုံ ၂,၀၀၀ ကျော်ကို CDF-Mindat က ရှင်းလင်းပေး

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် အများပြည်သူများ ဘေးကင်းလုံခြုံစွာ ပြန်လည် နေထိုင်နိုင်ရေးအတွက် ချင်းကာကွယ်တပ် (မင်းတပ်) မှ မိုင်းမျိုးစုံ ၂၀၀၀ ကျော် ရှင်းလင်းပေးနိုင်ခဲ့ကြောင်း တာဝန်ရှိသူများထံက သိရသည်။

မင်းတပ်မြို့သိမ်းပိုက်ရရှိသည့်နေ့မှစ၍ မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မိုင်းအများစုသည် စစ်ကောင်စီတပ် အခြေချသည့် တပ်ရင်း၊ တပ်စခန်းနှင့် တပ်စွဲထားသည့်နေရာများမှ ရှင်းလင်းရရှိခဲ့ခြင်းဖြစ်သည်။

“မိုင်းအများဆုံး ဖော်ရတာက စစ်သားတွေနေတဲ့နေရာနဲ့ စခန်းတွေထဲကဖြစ်ပါတယ်။ အဲလိုနေရာမျိုးမှာ ကျွန်တော် အဓိက မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ရတယ်။ ဒီကနေထိ မိုင်းမျိုးစုံပေါင်း ၂,၀၀၀ ကျော်ကိုရှင်းလင်းနိုင်ခဲ့ပါပြီ” ဟု CDF-Mindat တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် အများပြည်သူများအနေဖြင့် နေအိမ်၊ အဆောက်အအုံ နှင့် လမ်းဘေးပတ်ဝန်းကျင်များတွင် မသင်္ကါဖွယ်ရာ မိုင်းနှင့် ပေါက်ကွဲစေတက်သည့်အရာများ တွေ့ရှိလျင် သက်ဆိုင်ရာ အဖွဲ့အစည်းများကို သတင်းပေးရန် ၎င်းက တိုက်တွန်းထားသည်။

မင်းတပ်မြို့တွင် ပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်နေ့မှစ၍ CDF-Mindat က ခွင့်ပြုထားသည့်အတွက် ပြန်လည်နေထိုင်သူများရှိသော်လည်း မိုင်းအန္တရာယ်စိုးရိမ်နေရသေးပြောင်း ဒေသခံများက ပြောသည်။

“CDF-Mindat က မိုင်းလင်းရေးတွေ လုပ်နေပါတယ်။ လုပ်လည်းပြီးသလောက်ဖြစ်နေပါပြီ။ ဒါပေမယ့် စိတ်ထဲမှာ စိုးရိမ်နေသေးတာပေါ့နော်။ အရင်က စစ်သားတွေနေတဲ့နေရာတွေဆို ဖြတ်သွားဖြတ်လာရင် စိတ်က မလုံခြုံသေးဘူး” ဟု မင်းတပ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မင်းတပ်မြို့ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ချင်းညီနောင်နှင့် အာရက္ခတပ်တော် AA မဟာမိတ်ပူးပေါင်းတပ်တို့က သိမ်းပိုက်ရရှိထားသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်