📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ရဟတ်ယာဉ်ကွင်းပါတဲ့စခန်းကြီး တက်သိမ်းပြီ (ရုပ်သံ)

ခေါင်လန်ဖူးတွင် စစ်တပ်၏ ရဟတ်ယာဉ်ကွင်းပါစစ်စခန်းကြီးတစ်ခုကို KIA နှင့် ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်
‎
‎ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ရွေးတုအစိုးရ စစ်တပ်၏ ဗျူဟာမြောက် နယ်ခြား မှတ်တိုင် (၃၀) စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက စက်တင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းတွင် အပြီးသတ် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။
‎
KIA နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များသည် ခေါင်လန်ဖူး၊ အမတ်ပေါ်ဒေသရှိ နယ်ခြားစောင့်စခန်း အမှတ် (၃၀) ကို ‎ယနေ့ နေ့လယ်ပိုင်းက သိမ်းယူနိုင်ခဲ့ပြီး ရှင်းလင်းရေးလုပ်ဆောင်နေကြောင်း သိရသည်။
‎
‎”BP 30 က ရဟတ်ယာဉ်ကွင်းပါ စခန်းကြီးကို KIA က သိမ်းလိုက်နိုင်ပါတယ်”ဟု ကချင်စစ်ရေးသတင်း ရင်းမြစ်က ပြောသည်။
‎
‎သိမ်းပိုက်ခံလိုက်ရသည့် အဆိုပါ စခန်းကြီးမှာ စစ်တပ်၏ ခလရ -၁၃၇၊ ခလရ -၂၈၀ တပ်ရင်းများနှင့် ပြည်သူ့ စစ်တပ်ဖွဲ့များ ပူးပေါင်းတပ်စွဲထားသည့် စခန်းဖြစ်ပြီး ရဟတ်ယာဉ်ကွင်းပါ ပါဝင်ကြောင်း သိရသည်။
‎
‎ယခုစခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ကာ လက်နက်နှင့် စစ်အသုံး အဆောင် ပစ္စည်းအချို့ကို ပူးပေါင်းတပ်များက သိမ်းဆည်းရရှိခဲ့ပြီး သေဆုံးသူ အရေအတွက် အတိအကျကိုမူ သိရှိရခြင်းမရှိသေးဘဲ နယ်မြေရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေသည်ဟု ဆိုသည်။
‎
‎ကချင်ပြည်နယ်အတွင်း ရွှေကူ၊ ဗန်းမော်၊ ခေါင်လန်ဖူးဒေသများတွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွား နေပြီး စစ်တပ်က ကြည်း၊ ရေ၊ လေသုံးကာ စစ်ကူဖြည့်တင်းရန်ကြိုးစားနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အတွင်းက ခေါင်လန်ဖူးဒေသရှိ စစ်စခန်းများအတွင်းကို စစ်တပ်က Y-8 လေယာဉ်များသုံး၍ အင်အားအများအပြားဖြည့်တင်းထားမှုများ ရှိခဲ့သည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်