📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

‎ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မှာ သောက်²လဲ ကိန်ခဲ့ကြပြန်ပြီ

‎ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်စစ်ဆင်ရေး ရွေးတုအစိုးရစစ်တပ် သေဆုံးမှုများပြီး AA တန်ပြန်ထိုးစစ်ကြောင့် ခြေကုတ်စခန်းနှင့် ကာကင်းအချို့ လက်လွှတ်ရ

‎ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်တွင် ရွေးတုအစိုးရစစ်တပ်က စက်တင်ဘာလ ၄ ရက်နေ့မှစတင်ကာ လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးပစ်ကူများအသုံးပြု၍ စစ်ကြောင်းထိုးစစ်ဆင်ခဲ့သော်လည်း အာရက္ခတပ်တော် (AA) ၏ တန်ပြန်ထိုးစစ်ကြောင့် စစ်တပ်၏ ခြေကုတ်စခန်းများနှင့် ကာကင်းအချို့ကို AA က သိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်း သိရသည်။

‎စက်တင်ဘာ ၁၇ ရက်နေ့အထိ စစ်တပ်၏ ကာကင်းစခန်း လေးခုအထိကို AA ကထိန်းချုပ်လိုက်ပြီး စစ်တပ်ဘက်မှ နောက်ကြောင်းပြန်ဆုတ်ပြေးရသည်ဟုလည်း သိရသည်။

‎စစ်တွေမြို့ဘက်မှ ပုဏ္ဏားကျွန်းဘက်သို့ စစ်ကြောင်းထိုးလာသည့် ရွေးတုအစိုးရစစ်တပ်သည် ရှေ့ဆက်မတိုးနိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရပြီး အမြင့်ကျွန်းတံတား၊ ရွှေမင်းဂံရေတပ်စခန်းအနီး ကံကော်ကျွန်းဝန်းကျင်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စပါးထား၊ ဆားပို့တောင်၊ ခမောင်းတောရွာဝန်းကျင်တို့ရှိ စစ်တပ်၏ ခြေကုတ်နေရာအချို့ကို AA က ထိန်းချုပ်ထားနိုင်ခဲ့သည်။

‎”ရခိုင်တောင်ပိုင်းစစ်ဆင်ရေးမှာ အင်အားထက်ဝက်ပြုန်းတီးပြီးသွားတော့ အခုမြောက်ပိုင်းစစ်ဆင်ရေးဆိုပြီးဖြစ်လာပြန်တယ်။ အင်တိုက်အားတိုက်သေပြီး အလုံးအရင်း လက်နက်ချတယ်လို့ကြားရတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ပြောသည်။

‎လက်ရှိတွင် ရွှေမင်းဂံရေတပ်စခန်းဘက်မှ ရောက်ရှိလာသော စစ်ကြောင်းနှင့် AA တို့အကြား ရဲရိုးပြင်ရွာအနီးတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားနေခြင်းဖြစ်သည်။

‎ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်ပေါက်ကျေးရွာအနီး တိုက်ပွဲများ အပြင်းထန်ဆုံးဖြစ်ပွားခဲ့ပြီး မြေပြင်စစ်ကြောင်းများ ကွမ်းတောင်ကျေးရွာကို ဖြတ်ကျော်နိုင်ခြင်းမရှိသော်လည်း ကုလားတန်မြစ်ကြောင်းအတိုင်း စစ်ရေယာဉ်များ မြို့အဝင်တံတားအနီးသို့ ချဉ်းကပ်လာခဲ့သည်။

‎အဆိုပါစစ်ဆင်ရေးတွင် တပ်မ (၁၀၁) လက်အောက်ခံတပ်များအပြင် ALP တပ်ဖွဲ့ဝင်များကိုပါ အသုံးပြုခဲ့သော်လည်း ထိရောက်မှုမရှိဘဲ အထိနာနေသဖြင့် စစ်တွေမြို့ရှိ တပ်ရင်းများကိုပါ ထပ်မံဖြည့်တင်းရန် ပြင်ဆင်နေကြောင်း သိရသည်။

ထို့ပြင် လေကြောင်းမှ နေ့စဉ်မပြတ် တိုက်ခိုက်မှုများ ပြုလုပ်ပေးနေရသည်။

‎အလားတူ ရသေ့တောင်မြို့နယ်ရှိ မိုးစဲကျွန်းနှင့် ဝီရဌာနီ(ပေါက်တော)မြို့နယ် ဆံတော်ရှင်ကုန်းတို့ကိုလည်း ရေတပ်သင်္ဘောများက လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

‎ရွေးတုအစိုးရစစ်တပ်သည် ပုဏ္ဏားကျွန်းကို သိမ်းပိုက်နိုင်ရေးထက် ရသေ့တောင်လမ်းဆုံကို ထိန်းချုပ်နိုင်ရေးကို ပိုမိုဦးစားပေးနေပြီး အဆိုပါလမ်းဆုံကို ထိန်းချုပ်နိုင်ပါက ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောစသည့် ရခိုင်မြောက်ပိုင်းဒေသများကို ဖြတ်တောက်နိုင်မည်ဖြစ်၍ မင်းချောင်းတံတားနှင့် ကွမ်းတောင်အကြား ဆက်သွယ်ရေးလမ်းကြောင်း မပြတ်တောက်စေရေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်