📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ဖလမ်းမြို့သိ-မ်းတို-က်ပွဲ လေးလကြာ ရှိလာ

—

by

in

ဖလမ်းမြို့ နောက်ဆုံးလက်ကျန် စစ်အုပ်စုကို ချင်းညီနောင်က ဝိုင်းပတ်ပိတ်ဆို့ ရိက္ခာ ဖြတ်တောက်ထား

ဖလမ်းမြို့သိမ်းတိုက်ပွဲ လေးလကြာ ရှိလာပြီး စစ်အုပ်စုက လေကြောင်းဗုံးကြဲ ခုခံနေ

ချင်းပြည်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဖလမ်းမြို့ကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေပြီး နောက်ဆုံး လက်ကျန် စစ်စခန်းကို ဝိုင်းပတ်ပိတ်ဆို့ကာ ရိက္ခာ ဖြတ်တောက်ထားတယ်လို့ ဒေသခံ စစ်ရေး သတင်း ရင်းမြစ်တွေက ပြောပါတယ်။

ဖလမ်းမြို့ကို သိမ်းပိုက်နိုင်ရေး ချင်းညီနောင် စစ်ဆင်ရေး (Operation CB)အဖြစ် ချင်ညီနောင် (Chin Brotherhood – CB) နဲ့ မဟာမိတ်တွေက ၂၀၂၄ နိုဝင်ဘာလ ၉ရက်က စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက် နေတာ ဖြစ်ပါတယ်။

ဖလမ်းမြို့သိမ်း စစ်ဆင်ရေးအတွင်း မြို့တွင်းက စစ်စခန်း အများအပြားကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပေမယ့် တောင်ကုန်းပေါ်မှာ တည်ရှိတဲ့ စစ်အုပ်စု ခြေလျင်တပ်ရင်း ခလရ – ၂၆၈ ကို သိမ်းပိုက်နိုင်ဖို့ ကျန်ရှိနေတာ ဖြစ်ပါတယ်။

အဲ့ဒီ တပ်ကုန်းပေါ်မှာ အခြေပြုနေထိုင်တဲ့ စစ်အုပ်စုကို ဝိုင်းဝန်းပိတ်ဆို့ကာ ၂၀၂၄ ဒီဇင်ဘာလလို့ သုံးလကျော်ကြာ ဆန်၊ ဆီ၊ ဆား၊ ရိက္ခာနဲ့ သောက်သုံးရေ၊ ချိုးရေတွေ ဖြတ်တောက် ထားတယ်လို့ ချင်းညီနောင် အဖွဲ့ဝင်၊ ချင်းအမျိုးသားအဖွဲ့ချုပ် – CNO /CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ က ပြောပါတယ်။

“သူတို့ ဒီ စစ်ပွဲ မတိုင်ခင်ကနေ ထောက်ပို့ ပစ္စည်တွေကတော့ သိုလှောင်ထားတာတော့ ရှိမှာပေါ့လေ။ ဒါပေမယ့် သူတို့ (လေယာဉ်) ချတဲ့ ပစ္စည်းတွေထဲမှာ ငပိတို့၊ ဘာတို့တော့ ပါလာတဲ့ဟာ တွေ့ရတယ်။ ဒါပေမယ့်လည်း သူတို့ဘက်မှာလည်း စားနပ်ရိက္ခာ အခက်ခဲတွေ ကြုံရတယ်လို့ ခန့်မှန်းလို့ ရပါတယ်”

အဲ့ဒီ ဖလမ်းမြို့တောင်ကုန်ပေါ်က နောက်ဆုံးလက်ကျန် စစ်စခန်းမှာ စစ်အုပ်စု အင်အား ၁၂၀ ကျော် ရှိပြီး ပိတ်ဆို့၊ ရိက္ခာဖြတ်ကာ အလုံးစုံ သိမ်းပိုက်နိုင်ဖို့ ကြိုးစား နေတယ်လို့ ဆလိုင်းတင်မီ က ပြောပါတယ်။

“အခု တလောကတော့ နည်းနည်း ငြိမ်နေတယ်၊ ဒါပေမယ့် ပြင်ဆင်မှုတွေတော့ ဆက်လုပ်တယ်။ အသေးစား ပစ်ခတ်မှုတွေတော့ ရှိပါတယ်”

ဖလမ်းမြို့သိမ်း တိုက်ပွဲအတွင်း စစ်အုပ်စု အထိုင်စခန်းတွေဖြစ်တဲ့ ထွေအုပ်ရုံး၊ မြို့နယ် ရဲစခန်း၊ ခရိုင်ရဲစခန်း၊ ဆောက်လုပ်ရေးရုံးတွေကို သိမ်းပိုက်ရရှိထားပြီး အဲ့ဒီ စခန်းသိမ်းတိုက်ပွဲတွေအတွင်း ဖလမ်းခရိုင် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီးအဆင့် ဦးမိုးနိုင်၊ ဖလမ်းမြို့နယ် ရဲတပ်ဖွဲမှူး ရဲမှူးအဆင့် ဦးမျိုးဝင်း၊ ဖလမ်းမြို့နယ် ဒု-ရဲတပ်ဖွဲ့မှူး ရဲမှူးအဆင့် ဦးခင်မောင်ထွန်းနဲ့ တခြား ရဲအရာရှိတွေ အပါအဝင် စစ်အုပ်စု လက်နက်ကိုင် ၄၅ ဦး အရှင်လက်ရ ဖမ်းဆီးရရှိကာ လက်နက် အများအပြား သိမ်းဆည်း ရရှိတယ်လို့ ချင်းညီနောင်က ထုတ်ပြန်ထားပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုက မြို့ကို ဗုံးကြဲလို့ ပြည်သူတွေ ထွက်ပြေးကာ တောတောင်အတွင်း စစ်ဘေးတိမ်းရှောင် နေထိုင်ကြရပြီး ဗုံးဒဏ်ကြောင့် မြိုပေါ် ရပ်ကွက်တွေရှိ အိမ်ခြေ ၁၀၀ ကျော် မီးလောင် ပျက်စီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖလမ်းမြို့က ပြည်သူတွေ စစ်ဘေးရှောင်ထွက်ပြေးနေရတာ လေးလကြာ ရှိလာပြီး ဒီနေ့အထိ နေရပ်ကို ပြန်လည် မနေထိုင်ရဲကြသေးဘဲ စားသောက်နေထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင် ကူညီနေသူတွေက ပြောပါတယ်။

ချင်းပြည်နယ် အတွင်းမှာတော့ ချင်းတော်လှန်ရေးတပ်တွေက မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဝေဘူလ၊ ဆူရ်ခွား စတဲ့ မြို့တွေကို သိမ်းပိုက် ထိန်းချုပ်ထားပြီး ပလက်၀မြို့နဲ့ ဆမီးမြို့တွေကို အာရက္ခတပ်တော် – AA က သိမ်းပိုက် ထိန်းချုပ် ထားပါတယ်။

ချင်းပြည်နယ်အတွင်းက ဟားခါး၊ ထန်တလန်၊ ခိုင်ကမ်းနဲ့ တီးတိန်မြို့နယ်တွေမှာတော့ စစ်အုပ်စု ကျန်ရှိနေဆဲ ဖြစ်ပြီး ချင်းပြည်တစ်ဝှမ်း စစ်အုပ်စု အမြန်ဆုံး ကင်းစင်ရေး လုပ်ဆောင်မယ်လို့ ချင်းပြည် တော်လှန်ရေး တပ်ဖွဲ့တွေက ထုတ်ဖော် ပြောဆိုပါထားပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း သိမ်းပိုက်ရရှိတဲ့ လက်နက်ခဲယမ်းနဲ့ စစ်အုပ်စု စခန်း/Photo – CB, CJ

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်