📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ထိုင်းမှာ D.B ပါဖျောက်ဖို့လုပ်ခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားတစ်ဦး၏ ရုပ်အလောင်းကို လူတစ်စုက ဘုန်းကြီးကျောင်းတွင် တိတ်တဆိတ် မီးသင်္ဂြိုဟ်ရန် ကြိုးပမ်းသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က သံသယရှိသူများကို ဖမ်းဆီး

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားတစ်ဦး၏ ရုပ်အလောင်းကို စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် လူတစ်စုကဘုန်းကြီးကျောင်းတခုတွင် တိတ်တဆိတ် မီးသင်္ဂြိုဟ်ရန် ကြိုးပမ်းခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က သံသယရှိသူများကို ဖမ်းဆီးခဲ့ကြောင်း Ch 7 HD News သတင်းတွင် ဖော်ပြခဲ့သည်။

Rayong ပြည်နယ် Nikhom Phathana ခရိုင်ရှိ Wat Mab Kha ကျောင်းတိုက်၏ CCTV မှတ်တမ်းများအရ အဆိုပါ လူစုသည် နံနက် ၁ နာရီ ၅၆ မိနစ်ခန့်တွင် တံခါးလေးပေါက်ပါ ကြေးနီရောင် ပစ်ကပ်ကားတစ်စီးဖြင့် ရောက်ရှိလာခဲ့ကြောင်း တွေ့ရှိရသည်။

ထိုအချိန်တွင် ကျယ်လောင်သည့် ခွေးဟောင်သံကြောင့် သံဃာတော်များ နိုးလာခဲ့ပြီး ရဲတပ်ဖွဲ့ထံ ဖုန်းဆက်အကြောင်းကြားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ၊ ကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့သည် ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် ရောက်ရှိလာခဲ့ကြသည်။

၎င်းတို့သည် အခင်းဖြစ်ပွားရာတွင် တာလပတ်အုပ်ထားသည့် ပစ်ကပ်ကားတစ်စီးကို တွေ့ရှိခဲ့ရပြီး တံခါးဖွင့်ကြည့်ချိန်တွင် ကားထဲ၌ သေဆုံးနေသည့် မြန်မာရွှေ့ပြောင်းလုပ်သား၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရသည်။

ရဲတပ်ဖွဲ့ ရောက်ရှိလာချိန်တွင် အဆိုပါ လူစုသည် ထွက်ပြေးသွားခဲ့ကြပြီး ကယ်ဆယ်ရေးအဖွဲ့များက မြန်မာနိုင်ငံသားတစ်ဦးကို အရင်ဆုံး ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးမေးမြန်းချက်များအရ ရွှေ့ပြောင်းလုပ်သားများသည် အရက်သောက်ရင်း စကားများခဲ့ကြကြောင်း သိရှိရသည်။

ကနဦးစုံစမ်းစစ်ဆေးချက်များအရ တရုတ်နှင့် မြန်မာနိုင်ငံသားများ ပါဝင်သော အဆိုပါလူစုသည် ဆီဒင်ကားတစ်စီးနှင့် ပစ်ကပ်ကားတစ်စီး၊ စုစုပေါင်း ယာဉ်နှစ်စီး၊ လူ ၅ ဦးဖြင့် ရောက်ရှိလာကြခြင်း ဖြစ်သည်။

ဒေသခံတစ်ဦး၏ ပြောကြားချက်အရ စခန်း၌ မြန်မာလုပ်သားများ အရက်သောက်နေစဉ် ဓားထိုးမှုဖြစ်ပွားပြီး သေဆုံးမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရှိရသည်။

ကယ်ဆယ်ရေးအဖွဲ့များနှင့် ရဲတပ်ဖွဲ့သည် ထိုဒေသတစ်ခုလုံးကို လိုက်လံရှာဖွေခဲ့ပြီး အနီးအနားရှိ လမ်းပေါ်တွင် လမ်းလျှောက်နေသည့် သံသယဖြစ်ဖွယ် တရုတ်နိုင်ငံသားနှစ်ဦးကိုလည်း နောက်ယောင်ခံလိုက်လံ ဖမ်းဆီးနိုင်ခဲ့သည်။

၎င်းတို့အနက် အသက် ၄၂ နှစ်အရွယ် တရုတ်နိုင်ငံသား မစ္စတာပေါင်က ၎င်းနှင့် သူငယ်ချင်း နှစ်ဦးသည် ယခုဖြစ်စဉ်တွင် တိုက်ရိုက်ပါဝင်ခြင်းမရှိကြောင်း ထွက်ဆိုခဲ့သည်။

၎င်းတို့သည် သေဆုံးသူကို ဆေးရုံသို့ ပို့ဆောင်ရန် ရည်ရွယ်ခဲ့သော်လည်း လမ်းခုလတ်တွင် သေဆုံးသွားခဲ့သည့်အတွက် ကျောင်းတိုက်သို့ ယူဆောင်လာရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့အနေဖြင့် အဆိုပါဖြစ်စဉ်ကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိပြီး ဓားဖြင့်ထိုးသည့် အဓိက သံသယရှိသူကိုလည်း လိုက်လံရှာဖွေလျက် ရှိသည်။

Ref: Ch7HD News

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်