📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

အောက်ချင်းတို့အတွက် ဟင်းစား ရပြီ

စလင်းနဲ့ ကံပြားလမ်းပိုင်းမှာတိုက်ခိုက်ခံရတဲ့ ချင်းတောင်စစ်ကူပို့မယ့်စစ်တပ်ယာဉ်တန်း ကပစ(၂၅) ရောက်လာ

မကွေးတိုင်း၊ စလင်းနဲ့ ကံပြားလမ်းပိုင်းမှာ တိုက်ခိုက်ခံရတဲ့ ချင်းတောင်ပိုင်း စစ်ကူမယ့် စစ်တပ်ယာဉ်တန်းတွေ လောင်းရှည်မြို့က အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်နေပြီလို့ လူထုနွေဦးက စုစမ်းသိရပါတယ်။

စစ်ကား အစီးရေ ၁၈၀ ၀န်းကျင်နဲ့ အင်အား တစ်ထောင်ခန့်ပါတဲ့စစ်တပ်စစ်ကြောင်းကို မနေ့က (စက်တင်ဘာ ၁၉ ရက်) နေ့လယ် ၂ နာရီ၀န်းကျင်က လက်ပံကျင်းရွာအနီးမှာ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

FPV ဒရုန်းနဲ့ တိုက်ခိုက်မှုအတွင်း စစ်ကား ၁ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

“ထပ်သိရတဲ့ အခြေအနေတွေအရ ကားနှစ်းစီးထားခဲ့ရတယ်။အသေအပျောက်နဲ့ ဒဏ်ရာရ ကောင်တွေကို ကံပြားမှာ ဆေးကုနေရတယ်”လို့ အထက်ပါတာ၀န်ရှိသူက တိုက်ခိုက်မှုအပြီးဖြစ်စဉ်ကို ပြောပါတယ်။

ချင်းတောင်ပိုင်းစစ်ကူပို့မယ့် စစ်ယာဉ်တန်းတွေမှာ စစ်ကား ၁၈၅ စီးပါရှိပြီး ဗျူဟာမှူးတွေပါတယ်လို့ အသိပေးပါတယ်။

ဒါပေမယ့် မနေ့က တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တဲ့ စစ်ယာဉ်တန်းဟာ လောင်းရှည်မြို့က အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅)ဆီ ရောက်နေပြီလို့ ဆောမြို့နယ် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

အဲဒီယာဉ်တန်းတွေနဲ့စစ်ကြောင်းက ဆောမြို့နယ်ဘက်ကို ဦးတည်ထွက်ခွာလာနေတာဖြစ်ပြီး ဆော-‌မင်းလယ်-သီးကုန်း-တောင်ဘို့ကြီး-ကာက-လောင်းရှည် လမ်းကြောတစ်လျှောက် အင်အားတွေတိုးချထားပြီး စစ်တပ်က ကင်းယူထားတယ်လို့ ဆိုပါတယ်။

“ခန့်မှန်းဖို့ခက်နေပါတယ်။ တပ်ချိန်း၊ ထပ်ပေါင်းဖို့ဖြစ်နိုင်တယ်”လို့ စစ်တပ်ယာဉ်တန်းနဲ့အင်အားတွေနဲ့ပတ်သက်ပြီး ဆောပကဖ တာ၀န်ရှိသူက ပြောပါတယ်။

လက်ရှိစစ်ရေးအခြေအနေတွေကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးအသိ၊သတိနဲ့ နေထိုင်ကြဖို့ လက် နက်ကြီး၊လေကြောင်းအန္တရာယ်တွေကို ဂရုစိုက်ဖို့လည်း တိုက်တွန်းထားပါတယ်။

“မနေ့ညက ကပစ ၂၅ ကို၀င်တယ်။ ဘယ်နေရာမှ တပ်စွဲရပ်နားတာမျိုးမရှိဘူး။ ထိုးစစ် အရှိန်မြှင့်ဖို့ အလျင်လိုနေတာမျိုး။ ကန်ပက်လက်နဲ့ မင်းတပ်ကို ဘယ်နေ့အမီ ရ ရမယ်ဆိုတာဖြစ်နိုင်တယ်”လို့ ‌မကွေးတိုင်းစစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ကပစ(၂၅)ရောက်လာတဲ့ ယာဉ်တန်းဟာ မကွေးမြို့က နေ ထွက်ခွာလာတာဖြစ်ပြီး ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းက စစ်စခန်းတချို့ကို ပြန်လည်ရုတ်သိမ်းကာ ပြန်စုဖွဲ့ပြီး တပ်မ(၈၈) လက်အောက်ခံတပ်တွေ ဖြစ်တယ်လို့ မကွေးတိုင်းပကဖ က အသိပေး ထားပါတယ်။

“စစ်တပ်က ကန်ပက်လက် နဲ့ မင်းတပ်ကို ထိုးစစ်အရှိန် ပိုမြှင့်ပြီလို့ ပြောလို့ရနိုင်တယ်”လို့ ဆောမြို့နယ် ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

အခုနှစ် မေလကစပြီး စစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းထိုးစစ်အတွက် လောင်းရှည်မြို့အခြေစိုက် ကပစ(၂၅) နဲ့ ‌ပေါက်မြို့နယ်အခြေစိုက် ကပစ(၂၄)မှာ အင်အားစုဖွဲ့ခဲ့ပါတယ်။

ကပစ(၂၅)မှာရှိတဲ့ အင်အားတွေက လောင်းရှည်မြို့ကနေ ဆောမြို့ကို ရောက်ရှိပြီး အဲဒီကတဆင့် ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်ခဲ့သလို ကပစ (၂၄)က အင်အားတွေကလည်း ကျောက်ထုမြို့ကတဆင့် မင်းတပ်မြို့ကို စစ်ကြောင်းထိုးခဲ့တာ ဖြစ်ပါတယ်။

ချင်းတောင်ထိုးစစ်ဆင်ခဲ့တဲ့တိုက်ပွဲတွေမှာ စစ်တပ် ရဲ့ထိခိုက်သေဆုံးသူတွေများတာကြောင့် စစ်တပ်ထိုးစစ်အရှိန်‌လျော့ခဲ့ပေမယ့် နေ့စဉ်နီးပါး လေကြောင်း တိုက်ခိုက်မှုတွေရှိနေပါတယ်။

အလားတူ လောင်းရှည်-ဆောလမ်းပိုင်းမှာ ဩဂုတ်ပထမပတ်အထိ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး လက်နက်ခဲယမ်းတွေအပါအ၀င် ဖမ်းဆီးရမိသူနဲ့ထွက်ပြေးလာတဲ့ စစ်သုံ့ပန်း ၂၀ ကျော်ရှိတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောထားပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ထောက်လှမ်းမှုအပါအ၀င် လက်ရှိ အင်အားတွေထပ်ရောက်လာတာကြောင့် ချင်းတောင်ထိုးစစ် နဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ဖို့အတွက် စစ်တပ်က အင်အား လေးထောင်၀န်းကျင်အထိ အသုံးပြုထားပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်