📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

လာသမျှ အကုန်ကြွနေချိန် သဏ္ဌာန်လုပ်နေရတဲ့ လပ်တီး

ဗန်းမော်တွင် အထိနာပြီး ပြန်လာသည့် စစ်သားများကို အောင်ပွဲရစစ်သည်များအဖြစ် စစ်ကောင်စီ ပုံဖော်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ကူ၊ လက်နက်ခဲယမ်းနှင့် ရိက္ခာပို့ရန် မန္တလေးမှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်သွားခဲ့သည့် စစ်သင်္ဘောများသည် တိုက်ပွဲများကြားမှ မန္တလေးဘက်သို့ ပြန်လည်ရောက်ရှိလာနေချိန်တွင် စစ်ကောင်စီဘက်ကမူ ထိုသို့ ပြန်လည်ရောက်ရှိလာသည့် တပ်ဖွဲ့ဝင်များကို “အောင်ပွဲများနှင့်အတူ ပြန်လည်ရောက်ရှိလာသော အောင်ပွဲရ သူရဲကောင်းများ” ဆိုသည့် စကားလုံးများဖြင့် တယ်လီဂရမ်ချန်နယ်များတွင် ဝါဒဖြန့် ရေးသားလျက်ရှိသည်။

စစ်ကောင်စီဘက်မှ ဖြန့်ဝေသည့် အကြောင်းအရာတွင် ဗန်းမော်မြေပြင်ရှိ KIA/PDF တပ်ဖွဲ့များကို အကြမ်းဖက် ဟု သတ်မှတ်၍ ချေမှုန်းသုတ်သင်ခဲ့ကြောင်း ဖော်ပြထားသကဲ့သို့၊ ဗန်းမော်စစ်မျက်နှာမှ ပြန်လည်ရောက်ရှိလာသည့် တပ်ဖွဲ့ဝင်များကိုလည်း အောင်ပွဲရ သူရဲကောင်းများအဖြစ် ပုံဖော်ထားခြင်းဖြစ်သည်။

သို့သော်လည်း တစ်ဖက်တွင် ဗန်းမော်သို့ စစ်ကူပို့သည့် ရေကြောင်းတပ်ဖွဲ့များသည် ဩဂုတ်လကုန်ပိုင်းကတည်းက KIA နှင့် ပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုများကို ဆက်တိုက်ကြုံတွေ့ခဲ့ရသည်။

ဩဂုတ် ၂၇ ရက်မှ စက်တင်ဘာ ၁၄ ရက်အထိ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် သင်္ဘောများနှင့် ဗန်းမော်ဘက်မှ ပြန်ဆင်းလာသည့် သင်္ဘောများကို တိုက်ခိုက်ခဲ့ရာ စစ်တပ်သုံးသင်္ဘော အနည်းဆုံး ၁၇ စီး ထိခိုက်ပျက်စီးခဲ့ပြီး သုံ့ပန်း ၁၅၁ ဦး ဖမ်းဆီးရမိထားကြောင်း KIA ဘက်က ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၂ ရက်ကလည်း မန္တလေးမှ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောများအနက် အနည်းဆုံး ၈ စီး ထိခိုက်ပျက်စီးခဲ့ကြောင်း KIA က ပြောဆိုထားသည်။

အဆိုပါ စစ်သင်္ဘောများသည် ဗန်းမော်သို့ စစ်လက်နက်၊ ရိက္ခာနှင့် လူအင်အား ရာနှင့်ချီ ပို့ဆောင်ရန် မန္တလေးဘက်မှ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။

ယခုနောက်ဆုံးတွင်လည်း ဗန်းမော်နှင့် ရွှေကူမြို့နယ်များအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တို့သို့ လေကြောင်းမှတစ်ဆင့် ပို့ဆောင်၍ ဆေးကုသပေးနေကြောင်း လွတ်လပ်သည့် သတင်းဌာနများက စက်တင်ဘာ ၂၀ ရက်တွင် ဖော်ပြထားသည်။ ဒဏ်ရာရရှိသူများထဲတွင် အရာရှိအများအပြား ပါဝင်ကြောင်းလည်း ဖော်ပြထားသည်။

အဆိုပါ အခြေအနေများနှင့် တိုက်ဆိုင်လျက် မန္တလေးဘက်သို့ ပြန်လည်ရောက်ရှိလာသည့် စစ်သင်္ဘောများသည် ဒဏ်ရာရစစ်သား ရာနှင့်ချီ သယ်ဆောင်လာခဲ့ပြီး နန်းတွင်းစစ်ဆေးရုံဘက်သို့ မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ခဲ့သည်ဆိုသည့် သတင်းများ လွတ်လပ်သည့် သတင်းဌာနများက ဖော်ပြထားသည်။

“ဗန်းမော်မှာ စစ်တပ်အထိနာတာ ဘယ်လိုမှ ဖုံးကွယ်လို့မရတဲ့ အမှန်တရားတစ်ခုပဲ၊ အဲ့ဒါကို မရရအောင် သတင်းဖုံးဖို့ဆိုပြီး မန္တလေးကို ပြန်ရောက်လာတဲ့ စစ်သင်္ဘောနဲ့ စစ်သားတွေကို အောင်ပွဲရတယ်ဆိုပြီး ဝါဒဖြန့်တာ၊ ဒါက စစ်တပ်လုပ်နေကြပုံပါပဲ ” ဟု စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မြေပြင်တွင် စစ်ရေး၊ အုပ်ချုပ်ရေးနှင့် အပြင်းအထန် ထိခိုက်ကျဆုံးမှုများ ကြုံတွေ့နေရသော်လည်း အောင်ပွဲရနေသည့်ပုံစံဖြင့် ပြည်သူကို လိမ်လည်လှည့်ဖြားရန် ဝါဒဖြန့်မှုများကို အားထုတ်ပြုလုပ်နေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့ကြောင့် တစ်ဖက်တွင် ဗန်းမော်မှ ပြန်လာသည့် တပ်ဖွဲ့ဝင်များကို အောင်ပွဲရ သူရဲကောင်းများ ဆိုသည့် စကားလုံးဖြင့် အောင်ပွဲပုံရိပ် ဖန်တီးနေသော်လည်း၊ အခြားတစ်ဖက်တွင်မူ ဗန်းမော်နှင့် ရွှေကူတိုက်ပွဲများမှ ဒဏ်ရာပြင်းထန်စွာ ရရှိသူများကို စစ်ဆေးရုံများသို့ ဆက်တိုက်ပို့ဆောင်နေရသည့် အခြေအနေကို သတင်းရင်းမြစ်များက ဖော်ပြနေကြသည်။

အထူးသဖြင့် ဗန်းမော်သို့ စစ်ကူပို့သည့် ရေကြောင်းလမ်းကြောင်းသည် အကြိမ်ကြိမ် တိုက်ခိုက်ခံနေရပြီး စစ်သင်္ဘောများ ထိခိုက်ပျက်စီးခဲ့သကဲ့သို့ စစ်ကူတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရသည့် သတင်းများလည်း ဆက်တိုက်ထွက်ပေါ်နေသည်။

ဓာတ်ပုံ-စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်