📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

၁၈ နှစ် သမီးရည်းစား ၂ ယောက် အဓိက ကြိုးကိုင်ခဲ့တဲ့ စမ်းချောင်းကေ့စ် နောက်ကွယ်ကဖြစ်ရပ်တွေ

စမ်းချောင်းမှာ IMC ကျောင်းသားနှစ်ဦးကို အုပ်စုဖွဲ့တိုက်ခိုက်ခဲ့တဲ့အထဲက ကောင်မလေးအပါအဝင် ၈ ဦးကို ဘယ်လိုဖမ်းမိခဲ့လဲ?

လူမှုကွန်ရက်တစ်ခုလုံးမှာ ဟိုးလေးတကြော်ဖြစ်သွားခဲ့ပြီး ပြည်သူတစ်ရပ်လုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့တဲ့ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်က အုပ်စုဖွဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြီးရဲ့ တရားခံတွေကိုတော့ သက်ဆိုင်ရာက အချိန်တိုအတွင်း ဖမ်းဆီးရမိခဲ့ပြီ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းက စမ်းချောင်းလင့်ခ် ညဈေးတန်းရှေ့ လူစည်ကားရာနေရာမှာ Info Myanmar College (IMC) မှ ကျောင်းသားလူငယ် နှစ်ဦးကို ဆယ်ကျော်သက် လူငယ်တစ်စုက ရက်ရက်စက်စက် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြတာပါ။

ဒီလို ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်ဆိုးကြီး ပေါ်ပေါက်လာရခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်းဟာ အလွန်ကို အသေးအဖွဲလေးကနေ စတင်ခဲ့တာဖြစ်ပါတယ်။

ဖြစ်စဉ်မှာ ကျောင်းသားဖြစ်သူ အာကာကျော်က သူနဲ့သိကျွမ်းတဲ့ ရွှေရည်ဝတီ (ခ) သဒ္ဒါ ဆိုသူ မိန်းကလေးကို Telegram ကနေတစ်ဆင့် နောက်ပြောင်ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စကို ရွှေရည်ဝတီရဲ့ ချစ်သူဖြစ်သူ သူရိန်ထွန်းက အငြိုးထား မကျေနပ်ရာကနေ အခုလို သွေးထွက်သံယိုဖြစ်တဲ့အထိ အုပ်စုဖွဲ့ လက်စားချေဖို့ ကြံစည်ခဲ့ကြတာပါ။

သူတို့ရဲ့ အစီအစဉ်အရ ရွှေရည်ဝတီက ကျောင်းသားနှစ်ဦးကို ဖုန်းဆက်ပြီး ထောင်ချောက်ဆင် ချိန်းဆိုခဲ့ပါတယ်။

ချိန်းဆိုထားတဲ့ နေရာကို ကျောင်းသားနှစ်ဦး ရောက်ရှိလာချိန်မှာတော့ ကြိုတင်စောင့်ဆိုင်းနေတဲ့ သူရိန်ထွန်းနဲ့ လူငယ်အုပ်စုက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

လူမြင်ကွင်းမှာတင် ဓား၊ ကျောက်ခဲစတဲ့ လက်နက်တွေသုံးပြီး ဝိုင်းဝန်းထိုးကြိတ်ခဲ့တာကြောင့် ကျောင်းသားနှစ်ဦးစလုံး ပလက်ဖောင်းပေါ်မှာ သွေးအိုင်ထဲ လဲကျသွားခဲ့ရပါတယ်။

တိုက်ခိုက်မှုကြောင့် ကျောင်းသားတစ်ဦးမှာ ကျောက်ခဲနဲ့ရိုက်ခံရသဖြင့် ဦးခေါင်းပေါက်ပြဲဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး၊ ကျန်ကျောင်းသားတစ်ဦးမှာတော့ အဆုတ်ကို ဓားနဲ့ နှစ်ချက်တိတိ ထိုးခံခဲ့ရပါတယ်။

ဓားဒဏ်ရာကြောင့် အသက်ရှူရခက်ခဲကာ သတိလစ်မေ့မျောသွားခဲ့တဲ့ အဆိုပါကျောင်းသားကိုတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို အမြန်ဆုံး ပို့ဆောင်ကုသပေးခဲ့ရပါတယ်။

ပြစ်မှုကျူးလွန်ပြီးနောက် ထွက်ပြေးလွတ်မြောက်သွားတဲ့ အဆိုပါ လူငယ်အုပ်စုကို ရဲတပ်ဖွဲ့က CCTV မှတ်တမ်းတွေကနေတစ်ဆင့် အပူတပြင်း ခြေရာခံ စုံစမ်းခဲ့ပါတယ်။

လက်ရှိမှာတော့ ဖြစ်စဉ်ကို အဓိက ကြိုးကိုင်ခဲ့တဲ့ ရွှေရည်ဝတီ (၁၈ နှစ်) နဲ့ သူရိန်ထွန်း (၁၈ နှစ်) အပါအဝင် အသက် ၁၄ နှစ်ကနေ ၂၁ နှစ်ဝန်းကျင်သာ ရှိကြသေးတဲ့ လူငယ် ၈ ဦး (အမျိုးသား ၇ ဦး၊ အမျိုးသမီး ၁ ဦး) ကို အောင်မြင်စွာ ဖမ်းဆီးရမိထားပြီ ဖြစ်ပါတယ်။

ဖမ်းဆီးရမိဖို့ ကျန်ရှိနေသေးတဲ့ “အသေးလေး” လို့ခေါ်တဲ့ ပြစ်မှုကျူးလွန်သူ လူငယ်တစ်ဦးကိုတော့ ဆက်လက် ဖမ်းဆီးရမိရေးအတွက် စုံစမ်းရှာဖွေမှုတွေ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်