ကျောင်းသားလူငယ်များ ကျောင်းသို့ ဖုန်းယူဆောင်မှု တင်းကျပ်စွာတားမြစ်ထား
ကျောင်းသားလူငယ်တွေ ကျောင်းကိုမိုဘိုင်းဖုန်းယူဆောင်လာမှုတွေကို တင်းကျပ်စွာ တားမြစ်ထားတယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပြောပါတယ်။

စက်တင်ဘာလ ၂၂ ရက်က ကျင်းပတဲ့ တတိယအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့မှာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၄) ဦးဇော်ဝင်းသန့် မေးမြန်းတဲ့ ကျောင်းသား လူငယ်တွေ မိုဘိုင်းဖုန်းအသုံးပြုမှု အန္တရာယ်ကနေ ကင်းရှင်းစေရေးအတွက် အခြေခံပညာကျောင်းတွေမှာ ကျောင်းချိန်အတွင်း မိုဘိုင်းဖုန်း သုံးစွဲခွင့် နဲ့ ပတ်သက်လို့ အမိန့်နဲ့ ညွှန်ကြားချက်တွေ တင်းတင်းကျပ်ကျပ် ထုတ်ပြန်ပြီး တားမြစ်ထားတာ ရှိ/မရှိ၊ ထုတ်ပြန်တားမြစ်ချက်အပေါ် မလိုက်နာရင် ဘယ်လိုအရေးယူ ဆောင်ရွက်ရမယ်ဆိုတာကို တိကျတဲ့ ညွှန်ကြားချက်တွေ ချမှတ်ပေးထားတာ ရှိ/မရှိ နဲ့ ကလေးသူငယ်ဆိုင်ရာ အွန်လိုင်းဥပဒေရေးဆွဲပြီး ကာကွယ်ပေးနိုင်ဖို့ ဆောင်ရွက်ထားတာ ရှိ/မရှိ သိရှိလိုတဲ့ မေးခွန်းအပေါ် ပြန်လည် ဖြေကြားရာမှာ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က အခုလို ပြောကြားခဲ့တာပါ။
အခြေခံပညာကျောင်းသားတစ်ယောက်အနေနဲ့ သတ်မှတ်ထားတဲ့ ကျောင်းစည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ကျူးလွန်ပါက ပထမအကြိမ်ဆိုရင် ဖုန်းကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီး ဒါမှမဟုတ် အတန်းပိုင်ဆရာက သိမ်းဆည်းတာ၊ ဒုတိယအကြိမ်ဆိုရင် ဖုန်းကို သိမ်းဆည်းထားပြီး ကျောင်းသားရဲ့ မိဘအုပ်ထိန်းသူကို ကျောင်းကို လာရောက်စေကာ ဝန်ခံကတိပြုလက်မှတ် ရေးထိုးခိုင်းတာ၊ နောက်ဆုံးအကြိမ်ဆိုရင်တော့ မိဘဆရာ အသင်းနဲ့ ညှိနှိုင်းပြီးတော့ ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း ကျောင်းသားကို ကျောင်းခေတ္တရပ်နားစေတာ အပြင် ဖုန်းကို တစ်နှစ်ပတ်လုံး သိမ်းဆည်းထားတာ စတဲ့ အဆင့်ဆင့် ကြပ်မတ်အရေးယူ ဆောင်ရွက် နေတာ ဖြစ်တယ်လို့ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေမှာ ကျောင်းသား၊ ကလေးသူငယ်တွေ မိုဘိုင်းဖုန်း သုံးစွဲမှုကို တားမြစ်ကန့်သတ်တဲ့ ဥပဒေပြဋ္ဌာန်းချက် မရှိသေးပေမယ့် ကျောင်းသား၊ ကလေးသူငယ်တွေကို အွန်လိုင်းပလက်ဖောင်းတွေက တစ်ဆင့် ခြိမ်းခြောက်အန္တရာယ်ပြုတာ၊ အမြတ်ထုတ်တာတွေနဲ့ ပတ်သက်တဲ့ ဥပဒေကြောင်းအရ ကာကွယ်ပေးတာ၊ အရေးယူတာတွေကို ပြုလုပ်နိုင်တယ်လို့လည်း ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပြောကြားခဲ့ပါတယ်။
အခြေခံပညာကျောင်းများအတွင်း မိုဘိုင်းဖုန်းယူဆောင်မှုကို စည်းကမ်းချက်များဖြင့် တင်းကျပ်ထားပြီး တတိယအကြိမ် ဖောက်ဖျက်ပါက ကျောင်းခေတ္တထုတ်သည်အထိ အရေးယူမည်ဟု ဒုဝန်ကြီး ဦးနေမျိုးလှိုင် ပြောကြား
တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများအတွင်း ကျောင်းသားကျောင်းသူများ မိုဘိုင်းဖုန်း ယူဆောင်ခွင့်နှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာနက စည်းကမ်းချက်များ ချမှတ်တားမြစ်ထားပြီး လိုက်နာမှုမရှိပါက အဆင့်ဆင့် အရေးယူလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပြောကြားခဲ့သည်။
စက်တင်ဘာလ ၂၂ ရက်၌ ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းသန့်က ကျောင်းချိန်အတွင်း မိုဘိုင်းဖုန်းအသုံးပြုမှု တားမြစ်ချက်များနှင့် ပြစ်ဒဏ်ဆိုင်ရာ ညွှန်ကြားချက်များ ရှိမရှိအပြင် ကလေးသူငယ်များအား အွန်လိုင်းအန္တရာယ်မှ ကာကွယ်ပေးနိုင်မည့် ဥပဒေရေးဆွဲထားမှု အခြေအနေများကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မေးမြန်းချက်နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ကျောင်းတွင်း မိုဘိုင်းဖုန်း ယူဆောင်မှုအပေါ် အရေးယူဆောင်ရွက်သည့် လုပ်ငန်းစဉ်များကို အောက်ပါအတိုင်း ရှင်းလင်းတင်ပြခဲ့သည်။

ကျောင်းတွင်း မိုဘိုင်းဖုန်း ယူဆောင်လာမှုကို စတင်တွေ့ရှိသည့် ပထမအကြိမ်တွင် သက်ဆိုင်ရာ အတန်းပိုင် သို့မဟုတ် ကျောင်းအုပ်ကြီးက ဖုန်းကို ချက်ချင်း သိမ်းဆည်းမည်ဖြစ်သည်။
ဒုတိယအကြိမ် ထပ်မံဖောက်ဖျက်ပါက ဖုန်းကို ဆက်လက်သိမ်းဆည်းထားမည်ဖြစ်ကာ မိဘအုပ်ထိန်းသူကို ကျောင်းသို့ ခေါ်ယူပြီး နောင်တွင် ထပ်မံမဖြစ်ပွားစေရန် ဝန်ခံကတိ လက်မှတ်ရေးထိုးစေမည် ဖြစ်သည်။
တတိယအကြိမ် ကျူးလွန်ပါက မိဘဆရာအသင်းနှင့် ညှိနှိုင်းပြီး ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် သက်ဆိုင်ရာ ကျောင်းသားအား ကျောင်းတက်ရောက်ခွင့် ခေတ္တရပ်နား (ကျောင်းခေတ္တထုတ်) မည့်အပြင် ဖုန်းကိုလည်း ပညာသင်နှစ်ကုန်ဆုံးသည်အထိ သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ၎င်းက အတည်ပြု ပြောကြားသည်။
ထို့ပြင် ကလေးသူငယ်များအား ဥပဒေကြောင်းအရ အကာအကွယ်ပေးမှုနှင့် ပတ်သက်၍လည်း လက်ရှိ တည်ဆဲဥပဒေများတွင် ကလေးသူငယ်များနှင့် ကျောင်းသားများ၏ မိုဘိုင်းဖုန်းသုံးစွဲမှုကို တိုက်ရိုက်တားမြစ်သည့် ပြဋ္ဌာန်းချက် မရှိသေးသော်လည်း အွန်လိုင်းမှတစ်ဆင့် အ-န္တ-ရာ-ယ်-ပြု ခြိ-မ်း-ခြော-က်-ခြ-င်း သို့မဟုတ် အမြတ်ထုတ် စော်-ကား-ခံ-ရ-ခြ-င်းများအတွက် တည်ဆဲဥပဒေဘောင်အတွင်းမှ အပြည့်အဝ အကာအကွယ်ပေးထားပြီး ကျူးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ကြောင်း ထည့်သွင်းရှင်းလင်းခဲ့သည်။



Leave a Reply