တပ်ဆေးရုံတွေရဲ့ဆေးရုံပေါက်တွေမှာတံမြက်စည်းကို ပြောင်းပြန်ထောင်ထားကြရပြီလို့ကြားသိထားရပါတယ်။
(ဟုတ်တာ/မဟုတ်တာ)တော့ မသိပေမယ့် ဒါက ဝါရင့်သူနာပြုကြီးတွေကိုယ်တိုင်ယုံကြည်ထားကြတဲ့ အယူအဆလေးတစ်ခုပဲဖြစ်သလို လူနာတွေအရမ်းများလာရင် လူနာဆောင်တွေရှေ့မှာတံမြက်စည်းတွေကို ပြောင်းပြန်ထောင်ထားတတ်ကြတာပါ။
ကချင်ဘက်ကပြန်လာတဲ့ အတိုအပြတ်တွေကလည်းတစ်ပုံကြီး
ရခိုင်ကပြန်လာတဲ့ အတိုအပြတ်တွေကလည်းတစ်ပုံကြီး
ယောဘက်ကပြန်လာတဲ့အတိုအပြတ်တွေ
လောင်းရှည်က အတိုအပြတ်တွေနဲ့
နေရာစုံက ဒဏ်ရာရစစ်သားတွေဆိုတာ နည်းနည်းနောနောတော့ ဟုတ်မယ်မထင်ပါဘူး။
ဒါတောင် လစဉ်ရှင်းတမ်းလေးတွေနဲ့ (ခုချိန်ထိ)ခွဲရေး/တွဲရေးတွေလုပ်နေကြရသေးတဲ့ ဖထီးတို့တကြောမပါသေးတာကြောင့်သာ သက်သာနေခဲ့ကြတဲ့ပုံစံမှာရှိပါတယ်။
ဖထီးတို့ဘက်မှာကတော့ (ဂိတ်တစ်ခုနဲ့တစ်ခု)တစ်ခေါ်သာသာလောက်တွေမှာဖွင့်ထားခဲ့ကြပြီး “ယောက်ဖရေ ဘာချက်တုန်းဟေ့”လို့ အော်ဟစ်ပြီးနှုတ်ဆက်နေခဲ့ကြတုန်းပါပဲ။
သဘောမနောတွေ အတော်ကိုကောင်းနေခဲ့ကြပုံပါ။
ကရင်နီကတော့ ခြေသံလုံချက်သားကောင်းနေခဲ့ရသလို ထိတွေ့မှု့တွေကိုတော့ သိရှိနေခဲ့ရပေမယ့် ကြီးကြီးမားမားသတင်းကောင်းမျိုးတွေကိုလည်း ကြားသိမလာခဲ့ရသေးပါဘူး။
ရခိုင်နဲ့ကချင်မှာ စစ်ဦးကျိုးသွားခဲ့ရပြီဖြစ်လို့ ယောဘက်ကိုပို့လိုက်ကြတဲ့အဖွဲ့တွေသာ ထပ်မံပြီးတပ်လန်လာခဲ့ကြဦးမယ်ဆိုရင် အညာတစ်ခွင်လောက်မှာသာ ဖင်ခေါင်းကျယ်စရာကျန်ရှိသွားရတော့မှာပါ။
ရှမ်းအဖွဲ့တွေကို အခွင့်အရေးအပြည့်အစုံနဲ့(ကူတိုက်ပေးဖို့)ကမ်းလှမ်းနေခဲ့ကြတဲ့သတင်းမျိုးတွေကိုလည်းကြားသိထားခဲ့ရသေးတဲ့အတွက် (ဟုတ်တာ/မဟုတ်တာအပထားလို့)
ဘာပဲဖြစ်ဖြစ် ဂရုတော့စိုက်ကြရပါလိမ့်ဦးမယ်။
သို့သော်လည်း ကြားနေ(လူလည်ဆိုက်)တွေသာဖြစ်တာကြောင့် ပါရဲကြမယ်မထင်ပါဘူး။
“ဘုရင့်နောင် ဖောင်ဖျက်”ပုံစံမျိုးတွေနဲ့ နောက်ဆုံးအချိန်အထိအောင် ရသမျှလူတွေအကုန်လုံးကိုချနင်းသွားခဲ့ကြဦးမယ့် စစ်ခေါင်းဆောင်တွေရဲ့အနေအထားကြောင့်
(စစ်မှု့ထမ်းနဲ့ပေါ်တာတွေအပြင်)နောက်ထပ်ဘယ်လိုတွေလုပ်လာနိုင်ခြေရှိနေခဲ့ရသလဲ ဆိုတာမျိုးတွေကအစကြိုတင်ပြီးစဉ်းစားထားကြရမှာဖြစ်သလို
ရန်သူထက် တစ်ကွက်လောက်ကြိုမြင်ထားနိုင်မှလည်း အသာစီးရရှိလာနိုင်ခဲ့ကြမယ်မဟုတ်ပါလား.?
(SCEFလည်း ပေါ်ထွက်လာခဲ့ရပြီဖြစ်လို့)နောက်ကနေလိုက်နေကြရမယ့်အချိန်မျိုးလည်း မဟုတ်တော့တဲ့အပြင် တန်းတူယှဉ်ပြေးကြရမယ့်အချိန်မှာ မိမိတို့ဘက်ကအမြဲတမ်းလိုလိုခြေတစ်လှမ်းအသာစီးရရှိနေကြဖို့ကလည်း အရေးကြီးလှပါသေးတယ်။
အထူးသဖြင့် စိတ်ဓါတ်ခွန်အားတွေမြင့်တက်နေခဲ့ကြတဲ့လက်ရှိလိုအချိန်မျိုးမှာ ကောင်းကောင်းကြီးဖိတွန်းထားကြရမှာပါ။
ဧရာဝတီတစ်ကြောက ငါးတွေတော့အစာဝသွားလောက်ကြပြီဖြစ်လို့ ချင်းတွင်းမှာထပ်မံပြီး ဆန်တက်လာခဲ့ကြပြန်ပါပြီ။
စပ်မိလို့
ချင်းတွင်းမြစ်ရဲ့ ဒုတိယအမည်ကို”သလ္လာဝတီမြစ်”လို့ဒေသခံတွေက ခေါ်ဝေါ်သုံးစွဲတတ်ကြပြီး
သလ္လာ=မြှားဦးခေါင်း
ဝတီ=ရေ
(မြှားဦးခေါင်းကဲ့သို့ တဟုန်ထိုးစီးဆင်းသောရေ)လို့ တင်စားထားခဲ့ကြတာပါ။
(ရေစီးအလွန်သန်ပါတယ်)
ဧရာဝတီမှာ မြစ်ကျဉ်းတွေနဲ့နာမည်ကြီးလှသလို ချင်းတွင်းမှာလည်း ဝဲကြီးသုံးခုကအထင်ကရပါပဲ။
“အထက်မှာ ပေ
အောက်မှာ ရွှေ
အလယ်ဝက်သိုက် မျက်ဖြူစိုက်”ဆိုတဲ့ဆိုရိုးအတိုင်း
ဘယ်နေရာတွေလောက်မှာ မျက်ဖြူစိုက်သွားကြရဦးမလဲဆိုတာကိုတော့ စောင့်ကြည့်ချင်စရာပဲမဟုတ်ပါလားလေ။
✍🏻ရာဇသံ



Leave a Reply