📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

စခန်း ၃ ခု တပြိုင်နက်ဖြုတ်တာ

—

by

in

လောင်းလုံးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦး ထက်မနည်း သေဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။

မတ်လ ၈ ရက်နေ့ နံနက် ၆ နာရီခန့်မှ စတင်ကာ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော လောင်းလုံးမြို့နယ် ရဲစခန်း၊ မြို့နယ်ထွေ/အုပ်ရုံးနှင့် မြို့နယ် စရဖရုံးတို့ကို တော်လှန်ရေး တပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦး ထပ်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်၏ အနောက်ဘက် ပင်လယ်ပြင်ရှိ ရေတပ်စစ်သင်္ဘော ၁ စီးမှ လည်း လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ပြီး ထား၀ယ်မြို့ပေါ် ကာစတန်ဆိပ်ကမ်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“၈ ရက်နေ့ နံနက် ၆ နာရီကနေ စတင်ပြီး လောင်းလုံးမြို့ပေါ်က ရန်သူ စခန်းတွေကို ၀င်ရောက် တိုက်ခိုက်ခဲ့တာပါ။ စစ်တပ်ဘက်က အထိနာတယ်။ အနည်းဆုံး ၁၀ ဦး ထက်မနည်း သေဆုံးတယ်။ ဒဏ်ရာရတဲ့ သူတွေလည်းများတယ်။ စစ်တပ်ဘက်နေပြီး စစ်င်္ဘောတွေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေး တိုက်ခိုက်တာရှိတယ်။ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်။ အခုနောက်ပိုင်းနေရာ‌တိုင်းမှာ အရပ်သားကနေ စစ်မှုထမ်းဖြစ်သွားတဲ့သူတွေ အစားထိုး ၀င်ရောက်လာတာတွေ့ရတယ်။ အဲဒီတော့ တိုက်ပွဲထဲပါလာတဲ့ အခါမှာ ကျနော်တို့က အရပ်သားကနေလာတဲ့သူတွေကို မသေစေချင်ဘူး။ ရုန်းထွက်စေချင်တယ်။ ဒါပေမယ့် အခုချိန်မှာ ရုန်းမထွက်ဘဲ အထဲမှာ အနေသာသလို သာသာယာယာနေနေတဲ့ကောင်တွေ တွေ့လာရတယ်။ နောက်ဆုံးကျမှ လက်နက်ချမယ်ဆိုတဲ့ အခြေအနေအထိတွေးထားကြပုံရတယ်။ အဲလိုအထဲမှာမရုန်းဘဲ နေနေတဲ့ကောင်တွေကျတော့ သေလည်းနားအေးတယ်လို့ပြောရမှာပေါ့။ အိုးထဲက ဖားလိုကောင်တွေ ပြေးစေချင်တယ်။ အလံဖြူထောင်လက်နက်ချစေချင်တယ်။ အဖွဲ့လိုက်လက်နက်ချရင် ကျန်နေတဲ့ကောင်တွေပါနေမရတော့ဘူး။ လွတ်လမ်းကို မရွေးချယ်တဲ့ကောင်တွေ အတွက်အခွင့်အရေး နှစ်ခါမရဘူးလို့ ပြောချင်ပါတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ထား၀ယ်ခရိုင် တပ်ပေါင်းစုနှင့် နွေဦးပြောက်ကျားတပ်ဖွဲ့၊ ကျောင်းသားဝောာ်လှန်ရေးတပ်ဖွဲ့နှင့် Dawei Defense Team (DDT) တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ယင်းနေ့ မွန်းလွဲ ၁၂ ခန့်တွင် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

ထားဝယ်ခရိုင် တပ်ပေါင်းစု အနေဖြင့် စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များနှင့် ရက်စက်ယုတ်မာမှုများကို အမြန်ဆုံး နိဂုံးချုပ်နိုင်ရန် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်