တရုတ်နိုင်ငံတွင် လျှပ်စစ်စကူတာ ရုတ်တရက် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသမီးတစ်ဦး သေဆုံး
တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းပြည်နယ်၌ အမျိုးသမီးတစ်ဦး လျှပ်စစ်စကူတာ မောင်းနှင်ရန် ပြင်ဆင်နေစဉ် မော်တော်ယာဉ် ရုတ်တရက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့

ပေါက်ကွဲမှုကြောင့် အဆိုပါ အမျိုးသမီးမှာ အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးခဲ့ပြီး ပေါက်ကွဲရသည့် အကြောင်းအရင်းကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိ
တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းပြည်နယ်ရှိ လမ်းတစ်နေရာတွင် စက်တင်ဘာ ၂၂ ရက်နေ့က လျှပ်စစ်စကူတာတစ်စီး ရုတ်တရက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ အမျိုးသမီးတစ်ဦးသည် လျှပ်စစ်စကူတာကို စီးနင်းရန် ပြင်ဆင်နေစဉ် အဆိုပါ စကူတာမှာ ရုတ်တရက် ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့ခြင်း ဖြစ်သည်။

ယင်းပေါက်ကွဲမှုကြောင့် အဆိုပါ အမျိုးသမီးသည် အခင်းဖြစ်ပွားရာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်။

လက်ရှိတွင် အဆိုပါ ပေါက်ကွဲမှု ရုပ်သံမှတ်တမ်းမှာ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက်ရှိပြီး လျှပ်စစ်စကူတာ ပေါက်ကွဲရသည့် အဓိက အကြောင်းအရင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။



Leave a Reply