📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

သူ့ရဲ့ ဘုန်းတော်ဘွဲ့တွေမရေးလို့ Time မဂ္ဂဇင်းကို စိတ်ကောက်သွားတဲ့ အပုလေး

မင်းအောင်လှိုင်ကို အမွှန်းတင်ရေးသားမှု မရှိသဖြင့် Time မဂ္ဂဇင်းအား မီဒီယာကျင့်ဝတ်မရှိဟု စစ်ကောင်စီ စွပ်စွဲ

စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ကမ္ဘာကျော် Time မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် ဆောင်းပါးနှင့် ပတ်သက်၍ မီဒီယာကျင့်ဝတ်နှင့် မညီဟု ဆိုကာ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

Time မဂ္ဂဇင်းသည် “The Feature of Myanmar” ဆိုသည့် ခေါင်းစဉ်ဖြင့် စစ်ကောင်စီ၏ သမိုင်းဝင် အခန်းကဏ္ဍ၊ တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အောင်မြင်မှုများကို ရေးသားဖော်ပြရန် စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးမှတစ်ဆင့် အင်တာဗျူးခွင့် တောင်းခံခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

Time မဂ္ဂဇင်းသည် ဂုဏ်သိက္ခာရှိသည့် သတင်းဌာနတစ်ခု ဖြစ်သည့်အတွက် အပြုသဘောဆောင်သည့် အနေဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် သတင်းထောက်ကို လက်ခံတွေ့ဆုံ၍ မေးခွန်းများကို ဖြေကြားခဲ့ကြောင်း စစ်ကောင်စီဘက်က ဆိုထားသည်။

သို့သော် Time မဂ္ဂဇင်းက ဖော်ပြရာတွင် မူလအင်တာဗျူး ဆောင်ရွက်ခဲ့သည့် အမေးအဖြေ ပုံစံမဟုတ်ဘဲ ဆောင်းပါးပုံစံဖြင့် ရေးသားခဲ့ပြီး စစ်ခေါင်းဆောင်၏ အမှန်တကယ် ဖြေကြားချက်များကို ထင်ဟပ်ဖော်ပြခဲ့ခြင်း မရှိခဲ့ဟု ဆိုသည်။

ထို့ပြင် အပြုသဘော မဆောင်သည့် အခြားပုဂ္ဂိုလ်များနှင့် တွေ့ဆုံမေးမြန်းချက်များ၊ သုံးသပ်ချက်များကိုပါ ထည့်သွင်းရေးသားခဲ့သည့်အတွက် စစ်ကောင်စီက မကျေမနပ် ဖြစ်ခဲ့ရသည်။

ကနဦး ဆွေးနွေးသဘောတူညီချက်တွင် မပါဝင်သည့် အကြောင်းအရာများကို အလေးပေး ဖော်ပြခဲ့ပြီး နိုင်ငံတကာက မြန်မာနိုင်ငံနှင့် အစိုးရအပေါ် အထင်အမြင် လွဲမှားစေမည့် အသုံးအနှုန်းများကို အသုံးပြုကာ စိတ်ကြိုက်ရေးသားခဲ့သည်ဟု စစ်ကောင်စီက စွပ်စွဲထားသည်။

Time မဂ္ဂဇင်းနှင့် သတင်းထောက်တို့၏ ရေးသားချက်များသည် မီဒီယာကျင့်ဝတ်နှင့် လုံးဝမညီညွတ်သည့်အတွက် ပြစ်တင်ရှုတ်ချကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သတင်းထောက်တို့၏ မူလအမေးအဖြေ အပြည့်အစုံကိုလည်း ဆက်လက် ထုတ်လွှင့်ပြသသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်သည် စစ်ကောင်စီအတွက် ပုံရိပ်ကောင်းကို ဖော်ပြပေးမည်ဟု မျှော်လင့်ကာ အင်တာဗျူး လက်ခံခဲ့သော်လည်း Time မဂ္ဂဇင်းက ဝေဖန်ဆန်းစစ်သည့် ဆောင်းပါးအဖြစ် ရေးသားလိုက်သည့်အတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် စိတ်တိုင်းမကျဘဲ ပြစ်တင်ရှုတ်ချခဲ့ခြင်းလည်းဖြစ်သည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်