📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

NUG အထူးတိုင်းစစ်ဌာန တိုင်းရုံး 🚀 ကြဲခံရမှုအတွင်း CDM တကက အပါအဝင် ၆ ဦးT-ဆုံး

NUG အထူးတိုင်းစစ်ဌာန တိုင်းရုံး ဗုံးကြဲခံရမှုအတွင်း CDM တပ်ကြပ်ကြီး အပါအဝင် ၆ ဦးသေဆုံး၊ CDM ဗိုလ်မှူး ထိခိုက်ထားခြင်းမရှိဟုဆို

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ အထူးတိုင်းစစ်ဌာန တိုင်းရုံးအား စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် ဖြစ်စဉ်အတွင်း တပ် CDM တပ်ကြပ်ကြီး နေဝင်းအောင်ဆိုသူနှင့် ရဲဘော် စုစုပေါင်း ခြောက်ဦး သေဆုံးခဲ့ကြောင်း မြေပြင်သတင်းအချက်အလက်များအရ သိရသည်။

ယနေ့ (စက်တင်ဘာလ ၂၄ ရက်) နံနက် ၁၁ နာရီ ဝန်းကျင်က NUG အထူးတိုင်းစစ်ဌာန၏ တိုင်းရုံးအား စစ်အုပ်စုတပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးသီးခြောက်လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုအတွင်း CDM တပ်ကြပ်နှင့် ရဲဘော်အချို့ ထိခိုက်၊ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း NUG အထူးတိုင်းစစ်ဌာန၏ တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှား ထိခိုက်ဒဏ်ရာရထားပြီး CDM ဗိုလ်မှူးတင်လင်းအောင်မှာ ထိခိုက်မှုမရှိကြောင်း သတင်းရင်းမြစ်သုံးရပ်က အတည်ပြုထားသည်။

“စံရှားကတော့ မကျပါဘူး၊ ဒဏ်ရာရထားတာ” ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။

“နေဝင်းအောင်တယောက်ပဲ သေတာ။ ကျန်တာက ကလေးတွေပဲ။ ခေါင်းကြီးပိုင်းတွေ ဘာမှ မဖြစ်ဘူး” ဟု မြေပြင်ရှိ အခြားသတင်းရင်းမြစ်ကလည်း ပြောသည်။

အခြား NUG အထူးတိုင်းစစ်ဌာန သတင်းရင်းမြစ်ကမူ “ ဗိုလ်မှူးတင်လင်းအောင်ကတော့ လွတ်သွားတယ်။ ကျသွားတာက သူရှိတဲ့နေရာမဟုတ်ဘူး တခြားနေရာတခုဆိုတော့ သူက လွတ်တယ်နော်။ သူနဲ့အတူပါသွားတဲ့ နေဝင်းအောင်ကတော့ ကျသွားတယ်ဟုတ်တယ်” ဟု ပြောသည်။

ထို့ပြင် နံနက်ပိုင်း လေကြောင်းဗုံးကြဲမှု ပြုလုပ်သွားရာ နေရာအနီးတဝိုက်ကိုပင် ယနေ့ ညနေပိုင်းတွင် စစ်အုပ်စုတပ်က လေကြောင်းမှ ထပ်မံဗုံးကြဲသွားခြင်းရှိကြောင်းနှင့် ထိခိုက်မှုများ မရှိကြောင်း သိရသည်။

” ဒီညနေလည်း တခေါက် လာထပ်ကြဲသေးတယ် အဲ့ဒီအနီးတဝိုက်ကိုပဲ။ ဒီနေရာတွေကိုက ဒီကောင်တွေ တိုးပြီး စခန်းချဖို့ လုပ်နေတာ။ ပြင်နေတာတွေရှိတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

လေကြောင်းဗုံးကြဲခံရသည့် NUG အထူးတိုင်းစစ်ဌာန တိုင်းရုံးသည် ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ (၁) နယ်မြေအတွင်း၌ တည်ရှိသည်။

စစ်အုပ်စုတပ်က လက်ရှိကာလအတွင်း ထိုနယ်မြေများအား နယ်မြေစိုးမိုးမှု ပြန်လည်ရယူနိုင်ရေးအတွက် မြေပြင်မှ စစ်ကြောင်းပြင်နေခြင်းရှိသကဲ့သို့ ကျိုက်ထိုမြို့နယ်နှင့် သိမ်ဇရပ်အခြေစိုက် စစ်အုပ်စု အထိုင်တပ်ရင်းများမှ ဟောင်ဝစ်ဇာများ၊ ၁၂၀ မမ များ နေ့စဉ်နီးပါး ပစ်ခတ်ခြင်းရှိနေကြောင်းနှင့် လေကြောင်းမှ ကင်းထောက်မှုများ မကြာခဏ လုပ်ဆောင်နေကြောင်း သိရသည်။

သတင်းရင်းမြစ်၏ ပြောကြားချက်အရ စစ်အုပ်စုတပ်က တပ်မဟာ (၁) နယ်မြေအတွင်း ဝင်ရောက်နိုင်သည့် လမ်းကြောင်းများမှတဆင့် စစ်ကြောင်းထိုးဝင်ရောက်၍ နယ်မြေစိုးမိုးမှု ရယူကာ တပ်စခန်းအထိုင်ချရန် တပ်ပြင်ဆင်နေခြင်းရှိကြောင်း သိရသည်။

အထူးတိုင်းစစ်ဌာနကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ၂၀၂၅ ခုနှစ်အစောပိုင်းကစ၍ မွန်၊ ကရင်ပြည်နယ်အတွင်း အခြေပြုဖွဲ့စည်းထားသည့် PDF နည်းဗျူဟာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပကဖများအား စုစည်း ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ထိုတိုင်းစစ်ဌာနလက်အောက်၌ နည်းဗျူဟာ ငါးခုရှိပြီး ထိုနည်းဗျူဟာငါးခုအောက်၌ တပ်ရင်း ၁၅ ရင်း၊ ပကဖ စစ်ကြောင်း သုံးကြောင်း၊ ဒရုန်းတပ်ဖွဲ့ ခြောက်ခုတို့ရှိကာ မွန်၊ ကရင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပူးပေါင်း၍ မွန်၊ ကရင်၊ ပဲခူးနှင့် ရေး-ထားဝယ်ဒေသများ၌ စစ်ရေးဖော်ဆောင်မှုများရှိသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်