📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ဒူကာဒေးတော့ ICC က ဆွဲစိသွားပြီ

—

by

in

ICC ဖမ်းဝရမ်းထုတ်ခံရသည့် ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို မနီလာလေဆိပ်တွင် ဖမ်းဆီး

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ထားတဲ့ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို မတ် ၁၁ ရက် မနက်ပိုင်းက မနီလာလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီလို့ သိရပါတယ်။

“မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲ” ကို ဆင်နွှဲခဲ့ရာမှာ လူ ၃၀,၀၀၀ ကျော် ဥပဒေမဲ့ သေဆုံးစေခဲ့မှုအတွက် ဒူတာတေးကို ICC က အလိုရှိနေတာ ဖြစ်ပါတယ်။

ဟောင်ကောင်ကနေ လေယာဉ်နဲ့ပြန်လာတဲ့ ဒူတာတေးကို ထိန်းသိမ်းလိုက်ကြောင်းနဲ့ ICC ဆီကနေ ဖမ်းဝရမ်း တရားဝင်မိတ္တူ ရရှိခဲ့အပြီးမှာ ထိန်းသိမ်းလိုက်တာဖြစ်ကြောင်း သမ္မတရုံးက အတည်ပြုပါတယ်။

အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ ဒူတာတေးက သူ့ကို ဖမ်းဝရမ်းထုတ်တော့မယ်လို့ သတင်းကြားတဲ့ တနင်္ဂနွေနေ့ကတည်းက “ဘဝမှာ ဒါက ကျုပ်ကံကြမ္မာဆိုလည်း အဆင်ပြေပါတယ်။ လက်ခံမှာပါ။ ကျုပ်တို့လုပ်နိုင်တာ ဘာမှမရှိပါဘူး” လို့ ပြောထားတာဖြစ်ပါတယ်။

ဖိလစ်ပိုင်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ အညှာတာမဲ့ ရက်ရက်စက်စက် နှိမ်နင်းမယ်ဆိုတဲ့ ကတိနဲ့ ဒူတာတေးဟာ ၂၀၁၆ မှာ သမ္မတ ဖြစ်လာခဲ့ပါတယ်။

မနီလာပင်လယ်အော်မှာ အလောင်းတွေပုံနေမှာဖြစ်လို့ ငါးတွေတောင် ဝဖြိုးလာလိမ့်မယ်လို့တောင် ကြွေးကြော်ခဲ့ဖူးသူ ဖြစ်ပါတယ်။

သူသမ္မတဖြစ်ပြီးကတည်းက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံချက်နဲ့ ပတ်သက်ပြီး အရပ်သား ၁၂,၀၀၀ ကနေ ၃၀,၀၀၀ အထိ အသတ်ခံခဲ့ရတယ်လို့ ICC က ကိုးကားတဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

သေဆုံးသူအများစုဟာ မြို့ပြဆင်းရဲသားရပ်ကွက်တွေက အမျိုးသားတွေဖြစ်ပြီး လမ်းမပေါ်မှာပဲ ရဲတပ်ဖွဲ့ဝင်တွေ၊ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ တိုက်ခိုက်သူတွေရဲ့ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ICC ရဲ့ စုံစမ်းစစ်ဆေးမှုဟာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလကနေ ၂၀၁၆ ဇွန်လအတွင်း မူးယစ်တိုက်ဖျက်ရေး ရည်ရွယ်တဲ့ ဥပဒေပ သတ်ဖြတ်မှုတွေ ပါဝင်ပါတယ်။

ဒူတာတေး ဒါဗာအိုမြို့တော်ဝန် လုပ်ခဲ့စဉ်က အလားတူ မူးယစ်နှိမ်နင်းမှုတွေပါ ပါဝင်တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ ဒူတာတေး သမ္မတဖြစ်ပြီးတဲ့နောက် ICC ကနေ ဖိလစ်ပိုင် နုတ်ထွက်ခဲ့တဲ့ ၂၀၁၉ မတ်လအထိ နိုင်ငံတဝန်း ဖြစ်ပွားခဲ့တဲ့ မူးယစ်စစ်ပွဲ နှိမ်နင်းမှုတွေပါ ပါဝင်ပါတယ်။

အဲဒီလိုထွက်ခဲ့တာကြောင့် လက်ရှိမှာ ဖိလစ်ပိုင်က အဖွဲ့ဝင်မဟုတ်တော့ပေမဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ လက်ရှိသမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ပြောထားပါတယ်။

Source : Reuters

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်