📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

စ-စ်တွေတို-က်ပွဲ ရွှေမင်းဂံ စ-စ်ကော-င်စီ ရေတ-ပ်အနီးသို့ ရောက်ရှိလာ

—

by

in

စစ်တွေတိုက်ပွဲ ရွှေမင်းဂံ စစ်ကောင်စီ ရေတပ်အနီးသို့ ရောက်ရှိလာ

အာရက္ခတပ်တော် AA ၏ စစ်တွေမြို့သိမ်းတိုက်ပွဲမှာ ရွှေမင်းဂံ စစ်ကောင်စီအထိုင်ချထားသည့် ရေတပ်စခန်းနှင့် သုံးဆောင်ရွာအနီးသို့ ရောက်ရှိလာပြီး နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

စစ်တွေမြို့နယ် ဝါဘိုကျေးရွာနှင့် ကင်းမော်ကျေးရွာအနီးတစ်ဝိုက်တွင် ဖြစ်ပွားနေသည့် စစ်ကောင်စီနှင့် AA တို့တိုက်ပွဲမှာ တဖြည်းဖြည်း စစ်တွေမြို့အနီးသို့ ရောက်ရှိလာကြောင်း စစ်တွေဒေသခံတစ်ဦးက ပြောသည်။

“စစ်တွေတိုက်ပွဲက မနေ့က ကြားရသလောက်တော့ သုံးဆောင်ရွာ၊ ရွှေမင်းဂံရေတပ်စခန်းအနီးသို့ ရောက်နေပြီလို့ ကြားရတယ်။ ဝါဘိုအနီးက စစ်ကောင်စီတပ်တွေဟာ နောက်ဆုတ်လာပြီးတော့ အခု သုံးဆောင်ရွာဘက်မှာ တိုက်ပွဲပြင်းထန်နေတယ်။ ဗျိုင်းဖြူရွာဘက်ကိုလည်း စစ်ကောင်စီတပ်တွေ ဆုတ်လာတယ်လို့ သိရတယ်” ဟု ပြောသည်။

ရွှေမင်းရေတပ်စခန်းအနီးမှာရှိသည့် သုံးဆောင်ရွာ၊ ဇော်မဒတ်ရွာနှင့် ချောင်းနွယ်ကျေးရွာအနီးတို့တွင် တိုက်ပွဲ ဖြစ်ပွားနေကြသည်ဟု သိရသည်။

“ရွှေမင်းဂံရေတပ်စခန်း၊ ဗျိုင်းဖြူရွာနဲ့ ကျေးတောဘက်တွေမှာ စစ်ကောင်စီက တပ်စခန်းတွေ အခိုင်အမာကို တည်ဆောက်ထားတာ။ ရွှေမင်းဂံရေတပ်စခန်းဆို နေဗီတွေ အများကြီးနဲ့ ထိုင်ထားတာ။ တိုက်ပွဲ ဒီထက် ပိုပြင်းထန်လာဖို့ ရှိတယ်။ ကျနော်တို့တောင် ရန်ကုန်ဘက်ကို ရွှေ့ရမလား စဉ်းစားနေတာ။ လေယာဉ်ခ ဈေးကြီးလို့ ခဏ စောင့်ကြည့်နေတယ်။ လေယာဉ်ခ ကျပ် ၁၀ သိန်းကျော်တောင် ရှိတယ်” ဟု အုန်းတပင်ရွာသားတစ်ဦးက ပြောသည်။

ဗျိုင်းဖြူရွာနှင့် အုန်းတပင်ရွာကြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအများအပြား တိုးချထားကြောင်းနှင့် ရွှေမင်းရေတပ်စခန်းကိုလည်း နေဗီများ ဖြည့်ပေးထားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်တွေမြို့အနီးက တိုက်ပွဲကို အကြောင်းပြု၍ ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် ရသေ့တောင်ဒေသများသို့ လက်နက်ကြီး ပစ်ခတ်ခြင်း၊ လေကြောင်းဗုံးကြဲခြင်းများကို ပြုလုပ်နေကြောင်း သိရသည်။

စစ်တွေမြို့ထဲတွင် ဒုက္ခသည် ၈၀၀၀ ကျော်အပါအဝင် ပြည်သူများ သောင်းချီ ပိတ်မိနေကြပြီး ငွေကြေးတတ်နိုင်သူများက ရန်ကုန်ဘက်သို့ ရွှေ့ပြောင်းနေကြသည်။

တိုက်ပွဲမှာ မြို့နှင့်နီးကပ်လာသော်လည်း အချို့ ဒေသခံလူငယ်အချို့မှာ စစ်တွေမြို့ထဲတွင် သောက်စားမူးယစ်ပျော်ပါးခြင်းနှင့် မိုင်းများထောင်ထားသော ရှုခင်းသာလမ်းတစ်လျှောက်တွင်လည်း သောက်စားပျော်ပါးခြင်းများ ပြုလုပ်နေကြကြောင်း သိရသည်။

“လူငယ်တချို့ဟာ ဒေသအခြေအနေကို သိပ်အလေးမထားတာကို တွေ့ရတယ်။ တိုက်ပွဲတွေ၊ လက်နက်ကြီးသံတွေ ပြင်းထန်နေပေမယ့် ရှုခင်းသာလမ်းမှာ သောက်စားပျော်ပါးနေတာကို တွေ့ရတယ်။ ကုန်ခဲ့တဲ့ တနင်္ဂနွေနေ့က လူငယ်တော်တော်များများ ပျော်ပျော်ရွှင်ရွှင်နဲ့ ရှုခင်းသာလမ်းတစ်လျှောက်မှာ သောက်စားမူးယစ်နေကြတာကို တွေ့ရတယ်။ ပြည်သူတွေအနေနဲ့ အထူးသတိထားရပါမယ်။ စစ်တွေမြို့ထဲမှာ ဒုက္ခသည်တွေ ထမင်းငတ်နေကြတယ်။ သူတို့က ပျော်ပါးနေကြတော့ တော်တော်လေးကို ရုပ်ပျက်ဆင်းပျက်ဖြစ်တယ်လို့ မြင်တယ်” ဟု သုံးသပ်သူတစ်ဦးက ပြောသည်။

စစ်တွေနှင့် ကျောက်ဖြူက ဒေသခံပြည်သူများအနေဖြင့် လွတ်မြောက်နယ်မြေသို့ ရွှေ့ပြောင်း နေထိုင်ကြရန် အာရက္ခတပ်တော် AA က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းမှာ ထုတ်ပြန် အသိပေးထားကြောင်း သိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်