📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ရေစကြို …

—

by

in

ရေစကြိုမြို့နယ်၊ မြေစွန်းတော်ရွာတွင် စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့သော ပြည်သူများ၏ ရုပ်အလောင်းများ ထပ်မံတွေ့ရှိရပြီး စစ်ကောင်စီတပ်က ကျေးရွာများကို ဆက်လက် တိုက်ခိုက်နေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မြေစွန်းတော်ရွာတွင် အကြမ်းဖက် စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့သော ပြည်သူများ၏ ရုပ်အလောင်းများ ထပ်မံတွေ့ရှိခဲ့ပြီး စစ်တပ် စစ်ကြောင်းက ကျေးရွာများကို ဆက်တိုက် စီးနင်းနေကြောင်း Yesagyo Township Info Committee အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မတ်လ ၂ ရက်နေ့မှ စတင်ပြီး ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ မြေစွန်းတော်ရွာကို ဝင်ရောက် စီးနင်းခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖမ်းဆီး မီးရှို့သတ်ဖြတ်ခဲ့သည့် ပြည်သူ ၆ ဦး၏ ရုပ်အလောင်းများကို မတ်လ ၉ ရက်နေ့တွင် ဒေသပြည်သူများ ကျေးရွာအတွင်း ထပ်မံ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြေစွန်းတော်ရွာမှ အသက် ၇၀ ကျော်အရွယ် ဦးဟန်တင် ၊ အသက် ၆၀ နှစ်အရွယ် ဦးဌေးမြင့် ၊ အသက် ၈၈ နှစ်အရွယ် ဦးသံမဏိ ၊ အသက် ၆၀ နှစ်အရွယ် ဒေါ်သန်းပြည့် ၊ အသက် ၈၆ နှစ်အရွယ် ဒေါ်လှ‌ငွေ ၊ အသက် ၆၇ နှစ်အရွယ် ဦးကြည်ဌေး ၊ အသက် ၆၉ နှစ်အရွယ် ဦးအောင်မြိုင်၊ အသက် ၃၅ နှစ်အရွယ် ကိုသန့်ဇင်၊ အသက် ၄၀ အရွယ် ကိုအောင်လင်းနိုင် နှင့် မာလကာခြံရွာမှ အသက် ၇၀ နှစ်အရွယ် ဦးညွန့်ဝေ ၊ အသက် ၅၀ အရွယ် ဦးဆန်းဝင်း တို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

” ရေစကြိုမြို့နယ်၊ မြေစွန်းတော်ရွာ မီးလောင်ပြင်မှာ စစ်ခွေးတွေ မီရှို့သတ်ဖြတ်ခဲ့သည့် ပြည်သူ ၆ ဦး၏ ရုပ်အလောင်းတွေကို မတ်လ ၉ ရက်နေ့က တွေ့ရှိခဲ့တာပါ။ စုစုပေါင်း ရုပ်အလောင်းပြန်တွေ့တဲ့ သတ်ဖြတ်ခံရသူ ၁၁ ဦးထိရှိသွားပြီ ကျန်ရှိနေတဲ့ ရွာတွေကိုတော့ ပြည်သူတွေ မဝင်ရောက်နိုင်သေးတဲ့ အတွက် ပျက်စီးမှု အခြေအနေနဲ့ ပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်ခံရမှု ထပ်ပြီးရှိမရှိဆိုတာ အတည်မပြုနိုင်သေးဘူး” ဟု Yesagyo Township Info Committee အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကြောင်းသည် မြေစွန်းတော်ရွာ၊ မာလကာခြံရွာ၊ ရွာသစ်ရွာ၊ ဇရပ်နီရွာနှင့် သာဂေါင်လေးရွာတို့မှ ပြည်သူပိုင် ပစ္စည်း အားလုံးကို ခိုးယူ လုယက် ယူဆောင်သွားပြီး နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းသည် ရေစကြိုမြို့နယ်၊ သာခေါင်ရွာထဲ၌ ရောက်ရှိနေကြောင်း သိရှိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်