📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

နွားထိုးကြီးတွင် စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူး ဝင်းလှိုင်ဦးနှင့် ဗိုလ်ကြီး အောင်ကိုကို အပါအဝင် စစ်သုံ့ပန်း ၁၄ ဦး အရှင်မိပြီး စစ်သား အလောင်း ၂၇ လောင်းနှင့် လက်နက် ၄၄ လက် သိမ်းဆည်းရရှိ

—

by

in

နွားထိုးကြီးတွင် စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူး ဝင်းလှိုင်ဦးနှင့် ဗိုလ်ကြီး အောင်ကိုကို အပါအဝင် စစ်သုံ့ပန်း ၁၄ ဦး အရှင်မိပြီး စစ်သား အလောင်း ၂၇ လောင်းနှင့် လက်နက် ၄၄ လက် သိမ်းဆည်းရရှိ၊ စစ်သား ၂ ဦး ထပ်မံ အလင်းဝင် (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ ဗိုလ်မှူး ဝင်းလှိုင်ဦးနှင့် ဗိုလ်ကြီး အောင်ကိုကို အပါအဝင် စစ်သုံ့ပန်း ၁၄ ဦး အရှင်မိပြီး စစ်သား အလောင်း ၂၇ လောင်းနှင့် လက်နက် ၄၄ လက် သိမ်းဆည်းရရှိကာ စစ်သား ၂ ဦး ထပ်မံ အလင်းဝင်ရောက်ခဲ့ကြောင်း Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူ ဆရာစိုးက ပြောဆိုသည်။

မတ်လ ၉ ရက်နေ့တွင် နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းသို့ ရောက်ရှိနေသော တပ်မ ၁၀၁ လက်အောက်ခံ ခလရ -၂၃၅ ၊ ခလရ-၂၅၃ တံတားဦးလေကြောင်းရန် ကာကွယ်ရေးတပ် နှင့် တံတားဦးမှ ရဲများ ပူးပေါင်းထားသော အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းကို ဗျူဟာမှူး ဇေယျာအောင်၊ ဗိုလ်မှူး ဝင်းလှိုင်ဦးနှင့် ဗိုလ်မှူး မင်းကျော်အောင်တို့ ဦးစီးပြီး ကျားတွင်းဘိုးကျေးရွာ ဘက်ကို ဦးတည် စစ်ကြောင်းထိုးလာခဲ့ကြောင်း သိရသည်။

စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကျားတွင်းဘိုးကျေးရွာအနီးတွင် Natogyi People Defence Force NPDF မြင်းခြံခရိုင်အမှတ် (၄-၁ဝ) တပ်ရင်း နှင့် နွားထိုးကြီးမြို့နယ် ပကဖ ပူးပေါင်းတပ်တို့က စတင် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ပိတ်ဆို့ တိုက်ခိုက်နိုင်ခဲ့ခြင်းကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း၊ ၎င်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၆ဝ မမ၊ ၈၁ မမ လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့သည့် အပြင် Jet Fighter ဖြင့် ၅ ကြိမ် ပစ်ကူပေး တိုက်ခိုက်ခဲ့ခြင်းကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်မှူးဝင်းလှိုင်ဦး ၊ စစ်ဗိုလ်ကြီးအောင်ကိုကို အပါအဝင် စစ်သုံ့ပန်း ၁၄ ဦး နှင့် စစ်သား မသာအလောင်း ၂၇ လောင်း ရရှိပြီး လက်နက် ၄၄ လက်နှင့် ကျည် အများအပြား သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ ထို့ပြင်ယနေ့ မတ်လ ၁၁ ရက်နေ့တွင်လည်း ဝက်လူးရဲစခန်းမှ စစ်သား ၂ ဦး တော်လှန်ရေး တပ်ဖွဲ့များထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

“အခုဟာက စစ်ကောင်စီက မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ သူတို့ရဲ့ စစ်မျက်နှာပြင် အကုန်လုံးကို ဖွင့်ပြီးတော့မှ ထိုးစစ်ဆင်လာတာပေါ့။ အဲလို ထိုးစစ်တွေထဲမှာမှ ကျနော်တို့ မြင်းခြံ ခရိုင်ဘက်ကို ထိုးစစ်ဆင်လာတယ်။ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တာလည်း ဖေဖော်ဝါရီလ ၂၆ ရက်နေ့တည်းက စဖြစ်တာပေါ့။ အခု ၉ ရက်နေ့ဖြစ်တဲ့ တိုက်ပွဲကတော့ နောက်ဆုံးထိတွေ့မှုဖြစ်တဲ့ တိုက်ပွဲပါ” ဟု Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူ ဆရာစိုးက ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အထိခိုက် အကျအဆုံးများစွာဖြင့် ဒဏ်ရာရ စစ်သားများကို ခေါ်ဆောင်၍ လေကြောင်းပစ်ကူယူကာ ဝက်လူးရဲစခန်းသို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

ယင်း တိုက်ခိုက်အတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်ဘက်မှ နွားထိုးကြီးမြို့နယ် ပကဖ ရဲဘော် ၃ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး နွားထိုးကြီးမြို့နယ် ပကဖ ရဲဘော် ၃ ဦးနှင့် NPDF မှ ရဲဘော် ၄ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို တိုက်ပွဲသည် ယင်းနေ့ ညနေ ၄ နာရီတွင် ပြီးဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော်များ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်