📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

CDM တို့ လမ်းတွေပွင့်လာပြီ

—

by

in

လားရှိုးတွင် CDM ဝန်ထမ်းကို ပြန်ခန့်နေ၊ တရုတ်စကား တတ်မြောက်ရန် ကန့်သတ်မထား

ကိုးကန့်တပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ ဌာနဆိုင်ရာအတွက် ပြန်လည်ခန့်ထားတဲ့ CDM ဝန်ထမ်းတွေကို တရုတ်ဘာသာစကား တတ်မြောက်ရမယ်ဆိုတဲ့ ကန့်သတ်ချက်မထားဘူးလို့ လားရှိုးမြို့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

လားရှိုးမြို့ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နိုင်ဖို့အတွက် ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး စတဲ့ ဌာနအသီးသီးမှာ CDM ဝန်ထမ်းတွေကို ပြန်လည်ခန့်ထားတာဖြစ်ပါတယ်။

ဝန်ထမ်းခန့်ရာမှာ ကိုးကန့်စကားပြောနိုင်သူ၊ တရုတ်ဘာသာစကား ပြောနိုင်သူတွေသာမက မြန်မာဘာသာစကား တတ်မြောက်သူတွေကိုလည်း ခန့်ထားတာရှိပြီး ဘာသာစကား မတတ်မြောက်ပါက ဘာသာပြန်တွေနဲ့ အလုပ်လုပ်ကိုင်နိုင်ဖို့ လုပ်ဆောင်ထားတယ်လို့ လားရှိုး မြို့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

“လက်ရှိမှာ အကုန်လုံးကို နေရာပြန်ပေးထားတယ်။ ဆေးရုံ၊ ထွေအုပ်ဆိုလည်းနေရာ ပြန်ပေးထားတယ်။ ဘာသာစကားမရဘူးဆိုရင်လည်း ဘာသာပြန်နဲ့ လုပ်နေကြတာပဲ။ ကျနော်တို့ ရုံးဆိုရင်လည်း ဒီလိုပဲလုပ်နေကြတာပဲ။”

လားရှိုးမြို့ကရုံးတွေမှာ Non-CDM ဝန်ထမ်းတွေကို ပြန်လည်ခန့်အပ်တယ်ဆိုတဲ့ သတင်းတွေအပေါ် ရုံးတခုနဲ့တခု ခန့်ထားတာမတူနိုင်ဘဲ၊ အဓိကဖြစ်နိုင်တာဟာ ပြည်သူလူထုနဲ့ အထိအတွေ့များတဲ့ ရပ်ကွက်ရုံးတွေက ပြန်လည်ခန့်အပ်တာတွေရှိနိုင်တယ်လို့ အုပ်ချုပ်ရေး တာဝန်ရှိသူက ဆက်ပြောပါတယ်။

ဒီလို Non CDM ဝန်ထမ်းတွေ ပြန်လည်ခန့်အပ်တာနဲ့ပတ်သက်ပြီး လားရှိုးမြို့ခံတယောက်ကတော့ ပြန်လည်ခန့်အပ်ခံရတဲ့ Non CDM ဝန်ထမ်းတွေထဲမှာ တရုတ်စကား ပြောတတ်သူ ပါသလို တချို့ကလည်း မြန်မာဘာသာစကားသာ ရေးတတ်၊ ပြောတတ်သူတွေလည်းရှိနေတယ်လို့ ပြောပါတယ်။

လားရှိုးဒေသခံတယောက်က “တရုတ်စကားပြောတတ်သူတွေကို နေရာပေးတယ်ပုံစံမျိုးတော့ မတွေ့ရဘူး။ ရုံးတခုခုမှာ အထောက်အထား တခုခုသွားလုပ်ရင် မြန်မာလို မပြောတတ်၊ မရေးတတ်တဲ့ ကိုးကန့်ရုံးအကူကို မြန်မာ-တရုတ် ကျွမ်းကျင်တဲ့ မြန်မာက ပြန်ပြီး ကူညီတာမျိုးတွေတော့ တွေ့ရပါတယ်။ ကြီးကြီးမားမား ပြဿနာဖြစ်နေတာတော့ မတွေ့ရပါဘူး” လို့ ပြောပါတယ်။

MNDAA ကိုးကန့်တပ်အနေနဲ့ လားရှိုးမြို့ကို သိမ်းပိုက်ပြီးတဲ့နောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို စတင်ချိန်ကတည်းက CDM ဝန်ထမ်းတွေကို သက်ဆိုင်ရာဌာနအလိုက် ပြန်ခန့်အပ်ခဲ့ပြီး ပြည်သူ့အုပ်ချုပ်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ပြန်ဆောင်ရွက်ခဲ့တာကြောင့် လက်ရှိမှာ ပုံမှန်အတိုင်းလည်ပတ်နေပြီ ဖြစ်ပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်