📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

တစ်ယောက် ၁၀ သိန်းနှုန်း

—

by

in

သပိတ်ကျင်းတွင် ရွှေလုပ်သား လူငယ်များကို သနတ ၁ မှ ဗိုလ်ကြီးဇင်ကိုထက်က ဖမ်းဆီးပြီး တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းတောင်းခံ၊ ငွေမပေးနိုင်သူများကို စစ်မှုထမ်းတပ်သားများအဖြစ် စုဆောင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် ရွှေလုပ်ကွက်များမှ ရွှေကျင်လုပ်သား လူငယ်များကို အမှတ် ၁ သတ္တု ဗေဒ ဆိုင်ရာ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးတပ်(သနတ ၁) မှ ဗိုလ်ကြီးဇင်ကိုထက်က ဖမ်းဆီးငွေညှစ်ပြီး ငွေမပေးနိုင်သူများကို စစ်မှုထမ်းအဖြစ် စုဆောင်းနေကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တက္ကသိုလ် အပတ်စဉ် ၅၉ ကျောင်းဆင်း ဗိုလ်ကြီးဇင်ကိုထက်က သပိတ်ကျင်းရွှေလုပ်ကွက်များမှ လူငယ် အလုပ်သမား ၅၀ ဦးကို ဖမ်းဆီးခဲ့ပြီး တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းတောင်းယူကြောင်း၊ အကယ်၍ ငွေမပေးနိုင်လျှင် စစ်မှုထမ်းရမည်ဟုဆိုကာ ငွေမပေးနိုင်သူများကို စစ်မှုထမ်းတပ်သားများအဖြစ် စုဆောင်းခဲ့ကြောင်း သိရှိရသည်။

“လပခလက်အောက်ခံ သပိတ်ကျင်း သနတ ၁ စစ်တက္ကသိုလ် ၅၉ ကျောင်းဆင်း ဗိုလ်ကြီးဇင်ကိုထက်က သပိတ်ကျင်းရွှေလုပ်ကွက်ထဲမှာ အလုပ်လုပ်နေတဲ့ လူငယ် ၅၀ လောက်ကို ဖမ်းတယ်။ ပြီးတော့ တစ်ဦးကို ငွေ ၁၀ သိန်းတောင်းတယ်။ မပေးနိုင်ရင်တော့ စစ်မှုထမ်းတပ်သားအဖြစ် ထည့်တာပဲ။ သပိတ်ကျင်းရွှေလုပ်ကွက်တွေမှာက လူငယ်တွေများတော့ သူ့အတွက် ငွေတွင်းဖြစ်နေတာ” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် ဗိုလ်ကြီးဇင်ကိုထက်သည် လူငယ်များကို ဖမ်းဆီးငွေညှစ်ရာမှ ရရှိသော ငွေကြေးများဖြင့် သက်ဆိုင်ရာ တပ်နယ်မှူး၊ တပ်ရင်းမှူးများကို ငွေကြေး တံစိုးလက်ဆောင်များပေး၍ တပ်မှူး၏ ခွင့်ပြုချက်ဖြင့် ဆေးရုံတက်မည်ဟုဆိုကာ စစ်ရဟတ်ယာဉ်ဖြင့် ခွင့်ပြန်ခြင်း၊ အိမ်ပြန်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

“သပိတ်ကျင်းတိုက်ပွဲတွေမှာ ဒဏ်ရာရထားတဲ့ စစ်သည်တွေတောင် ဆေးကုသခွင့်ရဖို့ ရဟတ်ယဥ်နဲ့ လိုက်ပါခွင့်မရကြဘူး။ ဒါပေမယ့် ဇင်ကိုထက်ကတော့ တပ်မှူးကိုပါ အပိုင်ပေါင်းပြီး ဆေးရုံတက်မယ်၊ နေမကောင်းဖြစ်လို့ဆိုပြီး ရဟတ်ယာဉ်နဲ့ သူသွားချင်တဲ့နေရာသွားတယ်။သူလိုချင်သလောက် ခွင့်ရက်တွေ ရယူတယ်။ တကယ်က တပ်မှာ ဒီကာလမှာ ဘယ်သူ့ကိုမှ ခွင့်မပေးဘူး။ ဒါပေမယ့် သူကတော့ အခွင့်ထူးခံဖြစ်နေတယ်” ဟု တပ်သတင်းရင်းမြစ်က ရှင်းပြသည်။

ဗိုလ်ကြီးဇင်ကိုထက်သည် ရှမ်းမြောက်စစ်ဆင်ရေးတာဝန်ကျနေသော်လည်း တာဝန်ကျရာ နေရာသို့ မသွားဘဲ စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို မတရားဖမ်းဆီးငွေညှစ်ခြင်း၊ စစ်မှုထမ်းစုဆောင်းခြင်း၊ တပ်မှူးများကို ငွေကြေး တံစိုးလက်ဆောင်ပေး၍ ကျန်းမာရေးအကြောင်းပြ ခွင့်ယူခြင်းများ လုပ်ဆောင်နေသော်လည်း အထက်အရာအရှိအဆင့်ဆင့်ကို ပိုင်နိုင်သဖြင့် အရေးယူမည့်သူမရှိဘဲ ထင်တိုင်းကျဲခွင့် ရရှိနေကြောင်း တပ်သတင်းရင်းမြစ်ကဆိုသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်