📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

တောင်တွင်းကြီး အုပ်ကြီးဟောင်း ကြွပြီ

—

by

in

တောင်တွင်းကြီးတွင် စစ်မှုထမ်းအကြောင်းပြ၍ ငွေကြေး အတင်းအဓမ္မ တောင်းနေသော အုပ်ချုပ်ရေးမှူးဟောင်း အောင်လွင် ပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် စစ်မှုထမ်းကြေးများ အတင်းအဓမ္မ ကောက်ခံနေသော အုပ်ချုပ်ရေးမှူးဟောင်း အောင်လွင်ကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း မကွေးပြောက်ကျားတပ် တာ၀န်ခံ ကံကြီးမောင်က ပြောဆိုသည်။

မတ်လ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် တောင်တွင်းကြီးမြို့နယ်၊ ညာတောကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း အောင်လွင်ကို လမ်းခုလတ် တနေရာ၌ တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သေနတ် ကျည် ၂ ချက်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး အောင်လွင်သည် ထွေ/အုပ် စာရေး ကျော်သူနှင့် ဦးလေးတော်စပ်သူဖြစ်ပြီး စစ်မှုထမ်းကြေး ကောက်ခံရာတွင် အဓိက ချုပ်ကိုင်နေသူဖြစ်ကြောင်း၊ ထို့ပြင် သန်းခေါင်စာရင်း ကောက်ခံရာတွင်လည်း အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းနေသော စစ်တပ် ဒေါက်တိုင်သောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထွေ/အုပ် စာရေး ကျော်သူသည်လည်း အကြောင်းအမျိုးမျိုးကြောင့် လွတ်မြောက်နေ၍ ဆက်လက် တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကံကြီးမောင်က အသိပေး ပြောဆိုထားသည်။

“စစ်ကောင်စီ အုပ်ချုပ်ရေး လည်ပတ်မှုက ဒေါက်တိုင်တွေဖြစ်လို့ အဓိက ပစ်မှတ်ထားရှင်းလင်းသွားမှာဖြစ်တယ်။ ဒါကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေနဲ့ အမြန်ဆုံးပူးပေါင်းပေးကြဖို့ ပြောချင်ပါတယ်” ဟု မကွေးပြောက်ကျားတပ် တာ၀န်ခံ ကံကြီးမောင်က ပြောဆိုသည်။

ဆက်လက်၍ မဟာမိတ် တပ်ဖွဲ့ ညီနောင်များ ပူးပေါင်းကာ ဖက်ဆစ် အာဏာရှင်စနစ် ကျဆုံးသည်အထိ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်သောကြောင့် ပြည်သူလူထုအနေဖြင့် ပူးပေါင်း ပါဝင်ပေးကြရန်နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများရှိရာ နေရာများအနီး ခပ်ဝေးဝေး သွားလာကြရန် အသိပေး ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုကို Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်) ၊ Dragon King People Defense Force (နဂါးမင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့) နှင့် Taungdwingyi Fighter Force (LPDF) တို့ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်