ရေးတွင် ကင်းပုန်းချနေသည့် ခမရ-၃၄၃ တပ်ရင်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာထိပ်တွင် ကျေးရွာလမ်းကို ပိတ်ဆို့ကာ ကင်းစောင့် နေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့ မတ် ၁၁ ရက်နေ့က ရေးဘီလူးအဖွဲ့မှ သွား ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခလရ-၃၄၃ တပ်ရင်းမှ စစ်ကောင်စီတပ်သား ရှစ် ဦးဝန်းကျင်ခန့်သည် ၎င်းတို့ ကျောက်များ ပုံကာပိတ်ဆို့ထားသည့် လမ်းပိုင်းမှဖြတ်သန်းသွားလာသည့် ဒေသခံများကို ရိက္ခာသယ်ယူခွင့် ကန့်သတ်ခြင်းများ ပြုလုပ်နေပြီး ရေးဘီလူးအဖွဲ့မှသွားရောက် တိုက်ခိုက်ရာတွင် ပြန်လည် ခုခံခြင်းပင် မပြုလုပ်နိုင်ဘဲ ထွက်ပြေးသွားကြောင်း ရေးဘီလူးတပ်ဖွဲ့ထံက သိရသည်။

“ကျေးရွာဖြက်သန်းသွားလာလမ်းကို ကျောက်ပုံနဲ့ပိတ်ဆို့ထားတာကြာပါပြီ။ သူတို့ကအဲ့မှာပဲနေတယ်။ ကားတွေ့ဝင်လာရင်ဖမ်းတယ်ပိုက်ဆံတောင်းတယ်။ ရွာသားတွေ ဆိုင်ကယ်နဲ့လာရင်လည်း ပါတဲ့ စားစရာယူတယ်။ ဒါကြောင့်ဝင်တိုက်တာ” ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောသည်။

ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့များကို ခေါင်းစဉ်တပ်၍ ဆန်သယ်ယူခြင်း၊ ဆီသယ်ယူခြင်းများ ပြုလုပ် နေသည့် ဒေသခံများကို ပိတ်ပင်ခြင်းများ ပြုလုပ်နေသည့်အတွက်လည်း ဒေသခံများမှာ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

အာယုတောင်ရွာ အခြေစိုက် ခမရ-၃၄၃ တပ်ရင်းမှ စစ်ကောင်စီစစ်ကြောင်းကို ပြီးခဲ့သည့် မတ် ၉ ရက်နေ့ကလည်း ရေးဘီလူးအဖွဲ့မှ တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ကိုး ဦးသေဆုံးခဲ့ပြီး ၎င်းတို့ တပ်ရင်းအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်းသိရသည်။

ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာထိပ်ရှိ စစ်တပ် ကင်းပုန်းကို ရေးဘီးလူးအဖွဲ့က ဝင်ရောက် တိုက်ခိုက်စဉ် ကင်းဝပ်နေသော စစ်သားအားလုံး ထွက်ပြေး

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာထိပ်ရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်းနေရာကို ရေးဘီးလူးအဖွဲ့က ဝင်ရောက် တိုက်ခိုက်စဉ် ကင်းဝပ်နေသော စစ်သားအားလုံး ထွက်ပြေးသွားကြောင်း ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။

မတ်လ ၁၁ ရက်နေ့တွင် ကွန်ဒူးကျေးရွာရှိ ပြည်သူများ ဖြတ်သန်းသွားလာသော လမ်းကို ပိတ်ဆို့၍ ကင်းပုန်းချထားသော အကြမ်းဖက် စစ်တပ်ဂိတ်ကို ရေးဘီးလူး အဖွဲ့က ဝင်ရောက် တိုက်ခိုက်စဉ် စစ်ကောင်စီ တပ်သားများက ပြန်လည် တိုက်ခိုက်ခြင်းမပြုလုပ်ဘဲ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီနေ့ ကွန်ဒူးကျေးရွာထိပ်မှာ သူတို့ အပေါ်က ရွာသားတွေ ဖြတ်သန်းသွားလာလို့ မရအောင် လမ်းကို ကျောက်ကားနဲ့ ပိတ်ထားတာ ကြာပြီ ကျွန်တော်တို့ တစ်ခါ တိုက်ပွဲဖြစ်တဲ့နေရာပေါ့။ အဲဒီနေရာကို ချေမှုန်းရေး ဒီနေ့ပြန်ဆင်းတော့ သူတို့တွေ ထွက်ပြေးသွားတယ်။ သူတို့ မနေရဲဘူး ။ ကျွန်တော်တို့ ဂိတ်ကို သိမ်းဆည်းရမိတယ်။ မီးရှို့ဖျက်ဆီးလိုက်တယ်။ သူတို့ ယူနီဖောင်းတွေပါ မယူဘဲ ထွက်ပြေးသွားတယ်” ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောဆိုသည်။

အဆိုပါ ကွန်ဒူးကျေးရွာထိပ်ရှိ လမ်းပိုင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျောက်ကားဖြင့် လမ်းပိတ်၍ ကင်းပုန်းများချကာ ဂိတ်ဖွင့် စစ်ဆေးနေခြင်းဖြစ်ကြောင်း၊ ဂိတ်ကို ဖြတ်သန်းသွားလာသော ပြည်သူများကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်ဆေးခြင်းများ ပြုလုပ်၍ ဆိုင်ကယ်များကိုသာ ပေးဝင်ပြီး ကားများကို ဝင်ခွင့်မပြုဘဲ အတင်းအဓမ္မသိမ်းဆည်းမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရေးဘီးလူးအဖွဲ့ ခေါင်းဆောင်က ဆက်လက်ပြောဆိုသည်။

၁၁, ၃ ,၂၀၂၅,,ကွန်ဒူး ကျေးရွာ/ တွင်ရွာသားများဖြက်သန်းသွားလာသည့်လမ်း ( ခမရ ) ,,၃၄၃ ,, တပ်မှကျောက်ပုံဖြင့်ပိတ်ဆို့ထားပီးဒီနေ့ရာတွင်ကင်းပုန်းဂိတ်ပြုလုပ်ကာနေတဲ့ ‍ ကို ရေးဘီလူးတပ်ရင်း တပ်ခွဲး ၃ မှဝင်ရောက်တိုက်ခိုက်ယူနီဖောင်းယူမခင် ၃၄၃ ‍များထွက်ပြေး

လာစမ်းပါငါတို့စစ် Thway ကြွ နေလို့❤️

ဓာတ်ပုံ – ရေးဘီလူး

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *