မှော်ဘီ ဝါးနက်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး ၄၀ မမဖြင့် ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းစံပြကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ၄၀ မမ ဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း Civilian Military SRDF (အထူး စစ်ကြောင်း)ထံမှ သိရသည်။

မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းစံပြကျေးရွာ(ကျောက်တောင်စု) အုပ်ချုပ်ရေးမှူးရုံးကို ယမန်နေ့(မတ်လ ၁၁ ရက်) ည ၈ နာရီ ၄၁ မိနစ်တွင် ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဟု ဆိုသည်။

“တိုက်ခိုက်တဲ့အချိန် ရုံးထဲမှာ စစ်ကောင်စီတပ်သား ၂၀ ဦးအပြင် ပြည်သူစစ် ပျူစောထီးတွေရှိတယ်။ ၄၀ မမက အုပ်ချုပ်ရေးမှုးရုံးစည်းရိုးအခြေ လုံခြုံရေးကာကင်း ဘန်ကာထဲကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီ တပ်သားနှစ်ဦး ထိခိုက်ခဲ့ပါတယ်” ဟု Civilian Military SRDF (အထူးစစ်ကြောင်း) တာဝန်ရှိသူက ပြော သည်။

တိုက်ခိုက်မှုတွင် လုံခြုံရေးဘန်ကာအတွင်းရှိနေသည့် စစ်ကောင်စီတပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး သေဆုံးခြင်း ရှိ၊ မရှိ သီးခြားအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေကြောင်း ၎င်းက ဆက်ပြောသည်။

“ထပ်မံအတည်ပြုနိုင်ဖို့ ဒီနေ့ နေ့လည်အထိ ကင်းပုန်းတွေနဲ့ အစစ်အဆေးအတော်ကြပ်ပြီး အဝင်မခံလို့ အသေးစိတ် မသိရသေးပါဘူး” ဟုဆိုသည်။

မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းစံပြကျေးရွာ (ကျောက်တောင်စု) အုပ်ချုပ်ရေးမှူးရုံးတွင် စစ်ကောင်စီတပ် ဖွဲ့ဝင် ၂၀ ခန့်တပ်စွဲထားပြီး ပြည်သူ့စစ်နှင့် ပျူစောထီးများလည်း ပူးပေါင်းနေထိုင်နေကြကြောင်း သိရ သည်။

၎င်းတို့သည် အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်းကာ ပြည်သူများအားစစ်မှုထမ်းရန်ပေါ်တာဆွဲခြင်း၊ ညဘက် တွင် အိမ်များအတွင်းဝင်ရောက်ဖမ်းဆီးခြင်းများပြုလုပ်နေသည့်အတွက် သတိပေးတိုက်ခိုက်ရခြင်းဖြစ် ကြောင်း Civilian Military SRDF (အထူးစစ်ကြောင်း) က ပြောသည်။

“စစ်ကောင်စီလက်အောက်ခံတွေအနေနဲ့ ပြည်သူအပေါ်ဖိနှိပ်နေသမျှ ကျွန်တော်တို့က ရသမျှ ပုံစံမျိုးစုံနဲ့ ရောက်လာပြီး တုံ့ပြန်တိုက်ခိုက်မှာပါလို့ စကားပါးချင်ပါတယ်”ဟု Civilian Military SRDF (အထူးစစ် ကြောင်း) တာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို Civilian Military SRDF (အထူးစစ်ကြောင်း)နှင့် ရွှေဘိုခရိုင် အမှတ်(၁၅) တပ်ရင်း တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပုံအညွှန်း – Civilian Military SRDF (အထူးစစ်ကြောင်း) တပ်ဖွဲ့ဝင်ရဲဘော်များ။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *