📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ဆိတ်ခေါင်းချိတ် ခွေးသားရောင်းရင်း သူခိုးကလူလိုဟစ်

—

by

in

ကိုကိုကြီးက ပြောတယ်

“ဥပဒေ ပုဒ်မတွေ စကစ ချိုးဖောက်နေတာ မပြောပါနဲ့၊ ဥပဒေအထက်မှာ နိုင်ငံရေးရှိတယ်။ စကစနဲ့ နိုင်ငံရေး ညှိရမယ်”တဲ့။

အင်ဒိုနီးရှား မော်ဒယ် လို စစ်တပ်က နိုင်ငံရေးက ဆုတ်ခွါရေးဘာညာပေါ့။ ဟိုက အင်ဒိုနီးရှား စစ်တပ်။ ဒီက မြန်မာစစ်တပ် ဘာဆို ဘာမှ မတူဘူး။

ကိုကိုကြီးကို မေးမယ် နိုင်ငံရေး ညှိနှိုင်းတယ်ဆိုတာ ဘာလဲ။ Trust ယုံကြည်မှု Norm စံတန်ဖိုးတွေ Moral အကျင့်တရားတွေ အပေါ် မူတည်တယ်။

ကိုကိုကြီး က Norm စံတန်ဖိုးတွေ Moral အကျင့်တရားတွေ ဖယ်ထုတ်ပြီး ဆေးမြီးတို နဲ့ ယာယီ ညှိရင်တောင် Trust ယုံကြည်မှု ဟာ လိုအပ်တယ်။

သဘောတူညီချက်ဟာ Trust ယုံကြည်မှု အပေါ်မူတည်ပြီး ချုပ်ဆိုတာပဲ။ အခြေခံဥပဒေတွေ စာချုပ်တွေဟာ သဘောတူညီချက်တွေပဲ။

၂၀၀၈ ခြေဥ ကို စစ်တပ်က သူ့သဘောအတိုင်း တဖက်သပ်ရေးတယ်။ ၂၀၀၈ ခြေဥကို ပြင်ဆင်ရေး လမ်းကြောင်းသာ တခုထဲသော ညှိနှိုင်းရေး လမ်းကြောင်းဆိုပြီး အေးမောင်တို့က NLDကို ကျုံးသွင်းတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို စွန့်ခိုင်းတယ်။

၂၀၀၈ ခြေဥပြင်ဆင်ရေးနဲ့ လွှတ်တော်ထဲ ထည့်တာလဲ စစ်တပ်ပဲ၊ ၂၀၀၈ ခြေဥပြင်ဆင်ရေးလုပ်တော့ ကန့်လန့်တိုက်တာလဲ စစ်တပ်ပဲ။ ထားတော့။

“အာဏာမသိမ်းချင်လို့ ” လွှတ်တော်ထဲ စစ်တပ် ၂၅% အချောင်ဝင်ထိုင်နေတာ၊ တရားရုံး ထောင် ရဲ စစ်တပ် ဆိုတဲ့ ဖိနှိပ်ရေး ယန္တရား နဲ့ အုပ်ချုပ်ရေး ဝန်ကြီး ဌာန ၃ ခု ယူထားတာပါလို့ ပြောတာလဲ စစ်တပ်ပဲ။

၂၀၀၈ ခြေဥ ဘောင်ထဲက ကစားတာ စစ်ဘောင်ကျဉ်းအောင် လုပ်တာပါလို့ လော်ဘီလုပ်တာလဲ စစ်တပ်ပဲ။ NLD က ၂၀၀၈ ခြေဥဘောင်ထဲက ဆံချည်မျှင် တခု မယွင်းပဲ ကစားတဲ့အခါ၊ ၂၀၀၈ ခြေဥကို ချိုးဖောက်ပြီး အာဏာသိမ်းတာလည်း စစ်တပ်ပဲ။

ဒီတော့ ဒီလို စည်းပျက်ကမ်းပျက် ကတိသစ္စာမရှိတဲ့ စစ်တပ်အပေါ် ယုံကြည်ချက် trust ထားဖို့ ဆိုတာ ရူးနေလို့ပဲ။ NCA စာချုပ်ထဲ အရပ်သားကို မပစ်ခတ်ရလို့ ပါတယ်။ စစ်တပ်က ချိုးဖောက်တယ်။

ရဟန်းရှင်လူ ကို ပစ်ခတ်တာ၊ ရွာမီးရှို့တာ စစ်တပ်က လုပ်ပြီး PDF EAO ကို လွှဲချနိုင်ပေမယ့် .. မြို့ရွာတွေအပေါ် လေယာဉ်နဲ့ ဗုံးကြဲတာလောက် သိသာထင်ရှားတဲ့ အကြမ်းဖက်မှုရှိဦးမလား။

ရှိသမျှ လူတွေ အကုန်ရှင်း မြေကျန်ရင် ရပြီဆိုတဲ့ (moral ကိုယ်ကျင့်တရား ပျက်စီးနေတဲ့ ) မိစ္ဆာတွေပါ။

ဖက်ဒရယ် ဒီမိုကရေစီ စံတန်ဖိုး Norm တွေနဲ့ ညီမညီဆိုတာတော့ အထွေအထူး ပြောနေစရာတောင် မလိုဘူး။ ဆိတ်ခေါင်းချိတ် ခွေးသားရောင်းရင်း သူခိုးကလူလိုဟစ်နေတာ အားလုံးအသိပဲ

မင်းသစ်

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်