📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

AA ထိုးစစ်​ကြောင့် ညောင်ကျိုးစခန်းက စစ်သားတွေဆုတ်ခွာထွက်​ပြေး

—

by

in

အာရက္ခတပ်တော်(AA)ထိုးစစ်ကြောင့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်က အခိုင်အမာစခန်းဖြစ်တဲ့ ညောင်ကျိုးစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဆုတ်ခွာထွက်ပြေးနေပြီး စစ်ကောင်စီတပ်ကလည်း ပြည်မြို့မှာ လုံခြုံရေးတိုးမြှင့်လိုက်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်အချို့က ပြောပါတယ်။

အင်အားရာချီအသုံးပြုထားသလို ဘန်ကာတွေ၊ လက်နက်ကြီးတွေ တပ်ဆင်ထားပြီး အခိုင်အမာခံစစ်ပြင်ထားတဲ့ ညောင်ကျိုးစခန်းကို AA က ပြီးခဲ့တဲ့ဖေဖော်ဝါရီက စတင်တိုက်ခိုက်ခဲ့တာပါ။

မတ်လ ၁၁ ရက် တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်က စတင်ဆုတ်ခွာသွားတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ညောင်ကျိုးကနေ စစ်တပ်ဆုတ်ပြီ။ ဥသျှစ်ပင်ဘက်ရော ပြည်ဘက်ရော ဆုတ်လာတာ” လို့ ပြည်မြို့ခံတစ်ဦးက ပြောပါတယ်။ ပြည်မြို့မှာ ပျူစောထီးတွေ အများကြီးသုံးပြီး အရမ်းစစ်ဆေးနေတယ်လို့ သူက ဆက်ပြောပါတယ်။

ညောင်ကျိုးစခန်းဟာ တောင်ကုတ်−ပန်းတောင်းလမ်းပိုင်း ရခိုင်ရိုးမပေါ်မှာရှိပါတယ်။ မိုးထိတောင်စခန်းကို AA က ဇန််နဝါရီ ၂၆ ရက်က သိမ်းပိုက်ချိန် ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အခိုင်အမာတပ်စွဲထားတဲ့ နေရာလည်းဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အမှတ်(၃)စစ်လက်နက်ပစ္စည်းစက်ရုံ(ကပစ- ၃)ရဲ့ ကာကင်းစခန်းတစ်ခုလည်းဖြစ်ပါတယ်။

ပန်းတောင်းမြို့နယ်မှာ ကပစ(၃)၊ ကပစ(၅)၊ ကပစ(၉)တို့ရှိပါတယ်။

ပန်းတောင်းမြို့နယ်ဟာ ပြည်မြို့နဲ့ ၁၁မိုင်ခန့်သာ ကွာဝေးပါတယ်။ ပြည်မြို့ပေါ်မှာလည်း စစ်ကောင်စီက စက်တပ်လေထီးနေ့စဉ်ပျံနေပြီး စစ်ရေးပြင်ဆင်နေတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

အာရက္ခတပ်တော်(AA)ကတော့ ရခိုင်ရိုးမပေါ်က မိုးထိတောင်စခန်းကို သိမ်းယူခဲ့ကြောင်း ဇန်နဝါရီလ ၂၇ရက်မှာ သတင်းထုတ်ပြန်ခဲ့ပြီးနောက် ပဲခူးတိုင်းက တိုက်ပွဲတွေနဲ့ပတ်သက်လို့ ထပ်မံထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ဒါပေမဲ့ ရခိုင်ရိုးမတောင်တန်းတစ်လျှောက်က စစ်ကောင်စီလက်ကျန်စခန်းတွေ တစ်ခုပြီးတစ်ခုကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကတော့ ပဲခူးတိုင်းဖက်ကနေ တန်ပြန်တိုက်ခိုက်နေတယ်လို့ AA က အသိပေးထားပါတယ်။

ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်း ပန်းတောင်း၊ ပေါက်ခေါင်းတို့မှာ စစ်ရေးတင်းမာတဲ့ အခြေအနေဖြစ်ပြီး စစ်ကောင်စီတပ်က ပေါက်ခေါင်းမြို့ကိုလည်း အင်အားတိုးချထားတယ်လို့ သိရပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်