📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

တန့်ဆည်နယ် စစ်အုပ်စု စခန်းသိမ်းတိုက်ပွဲမှာ နှစ်ဘက်အကျအဆုံးများ

—

by

in

တော်လှန်ရေးရဲဘော် ၁၁ ယောက်ကျဆုံး

စစ်ကိုင်းတိုင်း တန့်ဆည်နယ်ရှိ စစ်အုပ်စုနဲ့ပျူစောထီးပူးပေါင်းအဖွဲ့ အထိုင်စခန်းသုံးခုကို တော်လှန်ရေးအဖွဲ့တွေက စီးနင်းတိုက်ခိုက်ရာ နှစ်ဖက်အကျအဆုံးများပြီး တော်လှန်ရေးအဖွဲ့တွေဘက်က ၁၁ ယောက်ကျဆုံးသွားတယ်လို့ တော်လှန်ရေးအင်အားစုတစ်ချို့က ပြောပါတယ်။

တန့်ဆည်မြို့ မြောက်ဘက်က ဆင်ငယ်ရွာ ပျူစောထီးအထိုင်စခန်းနဲ့ တန့်ဆည်မြို့အနောက်ဘက် ဝါးရငယ်ရွာနဲ့ ရွာသစ်ရွာအထိုင်စခန်းတွေကို တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်နေခဲ့တာ တစ်ပတ်ခန့်ရှိနေပြီဖြစ်ပြီး ဝါးရငယ်ရွာ အထိုင်စခန်းကိုတော့ သိမ်းပိုက်ရရှိထားပြီဖြစ်တယ်လို့ ဆိုပါတယ်။

“သူပစ်ကိုယ်ပစ်တွေ ဖြစ်နေတယ်။ ကိုယ့်ဘက်ကလည်း ဟိုတစ်နေ့က ပေးလိုက်ရတယ်။ ဆင်ငယ်စခန်းနဲ့ ဝါးရ ငယ် မူးဘောင်စခန်းပေါ့ဗျာ။ ခွေးစခန်းတွေသိမ်းတာ။ ဆင်ငယ်ဘက်က လေကြောင်းပစ်ပြီးတော့ အောက်က ဝင် လုံးခံလိုက်ရတော့ ကိုယ့်ဘက်က ရဲဘော်တွေထိသွားတာ။ ဝါးရငယ်ကတော့ ရလိုက်တယ်” လို့ တန့်ဆည်တိုက်နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ( တန့်ဆည်တိုက်နယ်-ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်လိုက်နိုင်တဲ့ ဝါးရငယ်ရွာစခန်းနဲ့ ရွာသစ်ရွာစခန်းတွေဟာ မိုင်ဝက်နီးပါးခန့် ကွာဝေးပြီး ရွာသစ်ရွာမှာ စစ်အုပ်စုက ဘုန်းကြီးကျောင်းဝင်းအတွင်း အထိုင်စခန်းချ တပ်စွဲထားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက ပျူစောထီးပူးပေါင်းစခန်းတွေ လက်မလွှတ်ရဖို့အတွက် လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဆက် တိုက် ပစ်ကူပေးခဲ့သလို မြေပြင်ကနေပါ စစ်ကူပေး ထိုးစစ်ဆင်လာတဲ့အတွက် တော်လှန်ရေးအဖွဲ့‌တွေဘက်က ရဲဘော် ၁၁ ယောက် ကျဆုံးခဲ့ရတာလို့ဆိုပါတယ်။

“သူတို့(စစ်အုပ်စု)ဘက်ကလည်း ၂၀ ကျော်လောက်ကျတယ်”လို့ တန့်ဆည်တိုက်-ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုက ဆင်ငယ်ရွာစခန်းနဲ့ ဝါးရငယ်ရွာစခန်းတိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရသူတွေကို တန့်ဆည်မြို့ပေါ် က တစ်ဆင့် ကန့်ဘလူမြို့ အမှတ်(၆၀၀၆) တင့်ကားတပ်ရင်းကို ပို့ဆောင်နေတာလို့ ဆိုပါတယ်။

လက်ရှိမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေက တန့်ဆည်နယ်ရှိ စစ်အုပ်စုနဲ့ ပျူစောထီးစခန်းတွေ သိမ်းယူနိုင်ဖို့ ထိုး စစ်ဆင်နေတဲ့အတွက် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး စစ်အုပ်စုက တန့်ဆည်နယ်နဲ့ ကပ်လျက် ကန့်ဘလူနယ် ပျူစော ထီး အထိုင်စခန်းတွေကနေ မြေပြင်စစ်ကူပို့ဆောင်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ကန့်ဘလူနယ် ကာဘိုးရွာ ပျူစောထီးအထိုင်စခန်းက စစ်အုပ်စုက တန့်ဆည်မြို့ပေါ်ကိုပို့ဆောင်ပြီး အဲဒီကတစ် ဆင့် တိုက်ပွဲဖြစ်ပွားရာနေရာတွေကို လေကြောင်းပစ်ကူနဲ့အတူ မြေပြင်ကစစ်ကြောင်းကို ပို့ဆောင်တာဖြစ်တယ်လို့ ပြောပါတယ်။

စစ်အုပ်စု ဝါဒဖြန့် မီဒီယာတချို့မှာတော့ မတ်လ ၁၁ ရက် ညပိုင်းမှာ အင်အား ၃၀ ခန့်ပါတဲ့ တော်လှန်ရေးတပ်ဖွဲ့နဲ့ စစ်အုပ်စုတို့ ဆင်ငယ်ရွာအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၁ ဦးရဲ့ အလောင်းကို ရရှိခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

အလားတူ သေနတ် ရှစ်လက်၊ M-22 သေနတ် ခုနစ်လက်၊ MA-1 သေနတ် တစ်လက်၊ ကျည်မျိုးစုံ ၈၅၀ တောင့်၊ လက်ပစ်ဗုံး သုံးလုံး၊ မိုင်းမျိုးစုံ ခြောက်လုံး၊ ကျည်ကာ နှစ်ထည်၊ ကျည်ကာဦးထုပ် တစ်လုံးတို့ သိမ်းပိုက်ရရှိခဲ့တယ် လို့ ဝါဒဖြန့် ထုတ်ပြန်ထားခဲ့ပါတယ်။

Photo: တော်လှန်ရေးရဲဘော်တွေ ကျဆုံးမှုကို တွေ့ရစဉ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်