ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ဗုံးလာကြဲသည့် စစ်ကောင်စီ ဒရုန်းကိုပစ်ချနိုင်ခဲ့ကြောင်း နေပြည်တော်တိုင်းစစ်ဌာနချုပ် စစ်ဦစီးချုပ် ဗိုလ်လကျာ်က ပြောသည်။

မတ်လ ၁၁ ရက်နေ့ကပိတောက်ကုန်းကျေးရွာအနီးသို့ ဗုံးသီးများဖြင့် လာရောက်ချခဲ့သည့်ဒရုန်းကို နေပြည်တော်၊ အလယ်ပိုင်းတိုင်း PDF (801) မှ စနိုက်ပါဖြင့်ပစ်ချခဲ့ခြင်းဖြစ်သည်။

ထို့နောက်မတ်လ ၁၂ ရက်နံနက်ပိုင်းတွင် နယ်မြေရှင်းလင်းခဲ့ပြီးနောက် ပစ်ချခဲ့သည့် ဒရုန်းကိုသိမ်းဆည်း ရရှိကြောင်းအလယ်ပိုင်းတိုင်း PDF (801)မှအသိ​ပေးသည်။

“လိပ်ပြာ​လေး ​သေး​သေး​လေးတ​ကောင်ရလာပါတယ် ။ မင်း​အောင်လှိုင်ကို​ကျေးဇူးတင်ပါတယ် ။ အခုလိုလှူဒါန်းတဲ့အတွက် ။ အရမ်း​ကျေးဇူးတင်ပါတယ်။…။ ​ဘဘကြီးကိုကျေးဇူးတင်ပါတယ် ။ လိုအပ်​နေတာကြာပြီ အခုလိုမျိုးလှူဒါန်​ပေးတဲ့အတွက် ။ ပြင်ဖို့ပဲကုန်​တော့မှာ” ဟု PDF များက စနိုက်ပါဖြင့်ပစ်ချပြီး ရလာ​သောဒရုန်းကို သယ်​ဆောင်လာရင်း​ပြောသည်။

စစ်တောင်းမြစ်ဝှမ်းရှိ ရေတာရှည်မြို့နယ်တွင် အခြေ စိုက်ထားသည့် စစ်ကောင်စီတပ်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလကစ၍ ရေတာရှည် စစ်ဆင်ရေးအဖြစ် တောင်ပိုင်းတိုင်းနှင့် နေပြည်တော် PDF တို့​ပူးပေါင်းကာ တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီကလည်း အားဖြည့်ကာ စစ်ကြောင်းထိုးခြင်း အပါအဝင်လက်နက်ကြီး နှင့် ဒရုန်းများဖြင့် ရေတာရှည်မြို့နယ်အတွင်း တိုက်ခိုက်လျှက်ရှိသည်။

ရေတာရှည်မြို့နယ် ၊စစ်တောင်းမြစ်အရှေ့ခြမ်းရှိ စစ်ကောင်စီတပ်ကိုအချိန်မရွေးဝင်ရောက်တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် လုခြုံရေး အသိ၊ သတိဖြင့် နေထိုင်ပေးရန်လည်း တော်လှန်ရေး အင်အားစုများက မေတ္တာရပ်ခံထားသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *