📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

အောက်ချင်းတို့အတွက် ဘပုရဲ့ အလှူတော်

—

by

in

ဖလမ်းမြို့ကို အပြီးသတ်သိမ်းယူနိုင်ရေး တိုက်ပွဲတွင် စစ်သားများအရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိနေ

ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ လက်ကျန်စခန်းဖြစ်သော ခလရ ၂၆၈ စခန်းကို အပြီးသတ်သိမ်းပိုက်နိုင် ရန် ထိုးစစ်ဆင်တိုက်ခိုက်မှု စစ်သားများအရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ ကြောင်း ချင်းညီနောင်စစ်ဆင်ရေးတာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

မတ်လ ၁၁ ရက် နံနက် ၅ နာရီခန့်က ဖလမ်းမြို့ရှိ တော်လှန်ရေးတပ်ဖွဲ့မျးက ထိန်းချုပ်ထားသော ဘုရားကျောင်းရှိရာ ကုန်းနှင့် ဆေးရုံကုန်းတို့ကို စစ်ကောင်စီတပ်က လေကြောင်းပစ်ကူယူကာ ထိုး စစ်ဆင်လာသဖြင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ခလရ ၂၆၈ တပ်ရင်းကို အပြီးသတ်သိမ်းပိုက်နိုင်ရေး တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

“၂၀၂၅ ရောက်တဲ့အခါမှာ ဇန်နဝါရီလထဲက စကစဘက်က လေယာဉ်နဲ့ တပ်အင်အားဖြည့်တာရှိ တယ်။ ပထမ အကြိမ် အယောက် ၂၀ ကနေ ၃၀ ကြားဖြည့်တယ်၊ ဒီလ မတ်လ ၁၀ ရက်နေ့မှာ အယောက် ၄၀ လောက်ကို ပြန်ထပ်ဖြည့်တယ်။ အဲဒီ ပြန်ဖြည့်တဲ့အချိန်ကနေစပြီးတော့ သူတို့က ကျနော်တို့ ဖလမ်းမှာကတော့ ခလရ ၂၆၈ နဲ့အနီးဆုံးဖြစ်တဲ့ ကုန်း ၂ ကုန်း၊ အာစီချပ်ကျောင်း ရှိတဲ့ ကုန်းနဲ့ ဆေးရုံကြီးရှိတဲ့ကုန်း ၂ ကုန်း၊ အဲဒီကုန်း ၂ ကုန်းက တော်တော်လေးအရေးကြီးတယ်။ အဲဒီ ကုန်း ၂ ကုန်းကို ၂၀၂၄ မှာသိမ်းပိုက်နိုင်လို့ပဲ သူတို ခလရ ကို ကျနော်တို့က ကောင်းကောင်းလေး ထိန်းထားနိုင်ခဲ့တာ။ အဲဒီကုန်း ၂ ကို ပြန်ယူဖို့ရန်အတွက် သူတို့က ၁၁ ရက်နေ့မနက် ၅ နာရီ လောက် ကနေစပြီးတော့ ကျနာ်တို့ကို တန်ပြန်စစ်ဆင်ရေးထိုးတာရှိတယ်။ သူတို့ စစ်ဆင်ရေး ထိုးတဲ့ အချိန် ကနေစပြီး တိုက်ပွဲက ပြင်းထန်တယ်၊ ဒီနေ့အထိပေါ့၊” ဟုချင်းညီနောင်စစ်ဆင်ရေးတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

၂၀၂၄ ခုနှစ်က ချင်းညီနောင်နှင့်မဟာမိတ်တပ်ဖွဲ့များက ဖလမ်းမြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ ဖလမ်းမြို့တွင်းအပါအဝင် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၆၈ တပ်ရင်းအနီးရှိ အဓိကပွိုင့်ကုန်း ၂ ခုဖြစ်သော ဘုရားကျောင်းရှိရာ ကုန်းနှင့်ဆေးရုံကုန်းတို့ကို သိမ်းပိုက်ကာ ခလရ ၂၆၈ တပ်ရင်းကို ထိန်းချုပ်ထားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ချင်းညီနောင်တပ်ဖွဲ့နှင့်မဟာမိတ်များထိန်းချုပ်ထားသော ကုန်း ၂ ကုန်းကို ပြန်လည်ရရှိရန် အကြမ်းဖက်စစ်ကောင်စီတပ်က ဇန်နဝါရီလအတွင်း၌ တစ်ကြိမ်၊ မတ်လ ၁၀ ရက်နေ့က တစ်ကြိမ် လေယာဉ်ဖြင့် စစ်အင်အားများဖြည့်တင်းကာ မတ်လ ၁၁ ရက်နံနက် ၅ နာရီခန့်တွင် တန်ပြန်ထိုး စစ်ဆင်လာခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က အထိနာပြီး ချင်းညီနောင် အဖွဲ့များ၏ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ခလရ ၂၆၈ တပ်ရင်းအတွင်းရှိ ပွိုင့်ကင်းစခန်း များကိုပါ ထပ်မံသိမ်းဆည်းရရှိမှုရှိကြောင်း သိရသည်။

“အဲဒီကုန်း ၂ ကုန်းကို ကျနော်တို့က ကောင်းကောင်းထိန်းနိုင်တယ်။ နောက်ပြီးတော့ ခလရ ၂၆၈ အ တွင်း ထဲထိကို ကျနော်တို့ ဝင်ပြီးတော့ ပွိုင့်တွေသိမ်းထားတယ်။ ခလရ ၂၆၈ ကို ဆက်လက်ပြီးတော့ သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတဲ့အခြေအနေမှာရှိတယ်။ ချင်းညီနောင်စစ်ဆင်ရေး မဟာမိတ်တွေနဲ့ ကြိုး စားနေလို့ တိုက်ပွဲတော့ ပြင်းထန်နေတဲ့အခြေအနေမှာရှိတယ်။လေယာဉ်ပစ်ခတ်မှုကတော့ ၁၁ ရက် နေ့ မှာ လေယာဉ် အစီးရေပေါင်း ၂၀ ကျော်လောက် လေကြောင်းပစ်ခတ်မှုလုပ်တာပေါ့လေ။ တစ်ခါ ပစ်လို့ ရှိရင် ၂ ကြိမ် ပေါင် ၅၀၀ ဗုံး၊ အများအားဖြင့်ပေါင် ၅၀၀ နဲ့ပဲချတာများတယ်၊ ဆိုတော့ တော် တော်လေးကို ပြင်းထန်တဲ့အနေအထားမှာရှိတယ်။ ဒါပေမယ့် ကျနော်တို့ဘက်ကနေ စကစ ရဲ့ ပွိုင့် တွေကို သိမ်းထားတဲ့ဟာတွေရှိတယ်၊ နောက်ပြီးတော့ အရှင်ဖမ်းမိတာတွေလည်းရှိတယ်၊ လက်နက် ခဲယမ်းသိမ်းမိတာတွေလည်းရှိပါတယ်။ ချင်းညီနောင်စစ်ဆင်ရေးကနေ မကြာခင်မှာ သိမ်းနိုင်ဖို့အ တွက်လည်း ကျနော်တို့ကြိုးစားနေတဲ့အခြေအနေမှာရှိပါတယ်။” ဟု ချင်းညီနောင်စစ်ဆင်ရေး တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်