📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

AA နှင့် ဆက်ဆံရေး ပြေလည်မှုရှိကြောင်း ဘင်္ဂလားဒေ့ရှ်ပြော

—

by

in

အာရက္ခတပ်တော် AA နှင့် နယ်စပ်အရေးအပါအဝင် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ပြေလည်မှုရှိကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့က ပြောသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ခရီးစဉ်နှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့နှင့် မီဒီယာများ ယမန်နေ့ မတ်လ ၁၃ ရက်တွင် တွေ့ဆုံချိန် အကြံပေးအရာရှိချုပ် Shafiqul Alam က ပြောကြားခြင်းဖြစ်သည်။

“နယ်စပ်မှာ AA နဲ့ ဆက်ဆံရေး ပြေလည်မှုရှိပါတယ်။ စစ်ဘက်ဆိုင်ရာ ကိစ္စ အဆက်အသွယ်တွေကို ကျနော်တို့ ဆက်လက် ထိန်းသိမ်းထားပါတယ်” ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

အာရက္ခတပ်တော် AA နှင့် ဆက်ဆံရာတွင် ရခိုင်ပြည်အတွင်း ပေါ်ပေါက်နေသော အခြေအနေများကို အမြဲစောင့်ကြည့်ကာ နယ်စပ်အရေးကို ကာကွယ်စောင့်ရှောက်ထားကြောင်း Shafiqul Alam က ဆိုသည်။

“AA နဲ့ ထိတွေ့ဆံဆက်မှုနဲ့ ပတ်သက်ပြီး ရခိုင်ပြည်အတွင်းက အခြေအနေတွေကို အမြဲစောင့်ကြည့်နေပါတယ်။ နယ်စပ်လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ကျနော်တို့ ကာကွယ်စောင့်ရှောက်ရပါမယ်” ဟု ပြောသည်။

မွတ်ဆလင်များ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက အမြဲကြိုးပမ်းနေပြီး အာရက္ခတပ်တော် AA နှင့် ထိတွေ့ဆက်ဆံ စကားပြောရမည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့က လက်ခံထားကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများအပါအဝင် မြန်မာစစ်တပ်ကြောင့် ရောက်ရှိသွားကြသည့် ဘင်္ဂလားဒေ့ရှ် ကော့ဘဇားခရိုင်အတွင်းက မွတ်ဆလင်များ နေရပ်ပြန်နိုင်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိရေးအတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည်။

ယနေ့ မတ်လ ၁၄ ရက် နံနက်ပိုင်းက ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရ အကြီးအကဲ ယူနွတ်စ်နှင့် ဂူတာရက်စ်တို့ တွေ့ဆုံခဲ့ပြီး နေ့လယ်ပိုင်းတွင် ကော့ဘဇားရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများသို့ သွားရောက်နေကြသည်။

ကုလအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်သည် မွတ်ဆလင်ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တိုးမြှင့်ပေးရန် နိုင်ငံတကာကို တောင်းဆိုသွားမည်ဟုလည်း ယူနွတ်စ်နှင့် တွေ့ဆုံချိန်တွင် ပြောကြားထားသည်။

Ref: DhakaTribune

ပုံစာ – အာရက္ခတပ်တော် AA ကမ်းခြေစောင့်တပ်နှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်တို့ နတ်မြစ်အတွင်း တွေ့ဆုံမှုတစ်ခုအား တွေ့ရစဉ်။ (ဓါတ်ပုံ – CJ)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်