📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

မိုးကုတ်မှာ TNLA အတင်းအကျပ် စစ်သားစုဆောင်းနေဟု ဒေသခံများပြော

—

by

in

တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သည် မန္တလေးတိုင်းမြောက်ပိုင်း ပတ္တမြားမြို့ မိုးကုတ်တွင် တအိမ်တယောက် စစ်သားစုဆောင်းရန် ကြိုးစားပြီးနောက် ဆန္ဒပြပွဲများနှင့် ရင်ဆိုင်နေရသည်။

ထိုလက်နက်ကိုင်အဖွဲ့သည် မြို့ကို ကာကွယ်ရန် အိမ်ထောင်စုတခုစီမှ အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသားများကို စစ်သားစုဆောင်းရန် စီစဉ်နေသည်ဟု ဒေသခံများက ပြောသည်။

“အိမ်ထောင်စုတခုကို တယောက် စစ်မှုထမ်းဖို့ ပို့ပေးရမယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ပလောင်တပ်က အစည်းအဝေးမှာပြောတယ်။ အဲဒီအစီအစဉ်ကို ဒေသခံတွေက ဆန့်ကျင်တယ်” ဟု အမျိုးသမီးဒေသခံတဦးက ပြောသည်။

“ဆန့်ကျင်ကန့်ကွက်ခံရတော့ လမ်းမှာတွေ့တဲ့လူတွေကို ဖမ်းနေတယ်။ TNLA ကလည်း ပြည်သူတွေကို စစ်ကောင်စီအတိုင်းပဲ ဆက်ဆံတယ်” ဟုလည်း သူပြောသည်။

TNLA ခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည်လည်း ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ရာထူးမှ နုတ်ထွက်ကြပြီး ထိုအဖွဲ့သည် အမျိုးသမီးများကိုလည်း အတင်းအကျပ်စစ်သားစုဆောင်းနေသည်ဟု စွပ်စွဲခံရသည်။

ဆန္ဒပြပြည်သူများကို ပစ်ခတ်မည်ဟုလည်း TNLA က ခြိမ်းခြောက် သည်ဟု ပြောကြသည်။

TNLA ပြန်ကြားရေးတာဝန်ရှိသူ လွေးယေဦးက အဖွဲ့၏ ပြဋ္ဌာန်းချက်များအတိုင်း မိုးကုတ်မြို့၌လည်း ကျင့်သုံးသွားမည် ဖြစ်ပြီး မဖြစ်မနေ စစ်မှုထမ်းကြရမည်ဟု ပြောဆိုသည်။

“တကယ်လို့ကျမတို့ ထုတ်ပြန်ထားတဲ့အတိုင်း ကိုက်ညီတယ်။ ကျမတို့ ထုတ်ပြန်ထားတဲ့အတိုင်း ရှိနေတယ်ဆိုရင်တော့ ကျမတို့ဒါ မဖြစ်မနေသွားရမှာဖြစ်ပါတယ်။ အားလုံးက ကျမတို့ ချမှတ်ထားတဲ့ မူပေါ်လစီအတိုင်းဖြစ်ပါတယ်” ဟု သူကဆိုသည်။

TNLA နှင့် PDF မဟာမိတ်များကို ၂၀၂၄ ဇူလိုင်လအတွင်း မိုးကုတ်မြို့ထဲတွင် အတူတကွမြင်ရစဉ်/ Main A Hein

TNLA တပ်သားစုဆောင်းခြင်းဆိုင်ရာ မူဝါဒတွင် အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား ယောင်္ကျားလေး ၂ ဦးနှင့် အထက်ရှိသော မိသားစုဝင်များ၊ ၁၈ နှစ်နှင့် ၂၅ နှစ်ကြား မိန်းကလေးနှစ်ဦးနှင့် အထက်ရှိသော မိသားစုတိုင်း စစ်မှုထမ်းရမည်ဟု ပြဋ္ဌာန်းထားသည်။

“တကယ်လို့ ချမှတ်ထားတဲ့ မူပေါ်လစီအတိုင်း မဟုတ်ဘဲနဲ့ လူထုတွေက မတရားကောက်ခံနေရတယ်။ စစ်မှုထမ်းနေရတယ် ဆိုရင်တော့ သက်ဆိုင်ရာ တိုင်ကြားနိုင်ပါတယ်” ဟု လွေးယေဦက ပြောသည်။

“ဒေသခံတွေက သူတို့ကို အခွန်ပေးပြီး ကိုယ့်မြို့ကို ကိုယ်ကာကွယ်ရမယ်လို့ သူတို့ပြောတယ်။ ဒါ လက်မခံနိုင်ဘူး” ဟု ဒေသခံအမျိုးသားတဦးက ပြောသည်။

ထိုသို့အတင်းအကျပ် စစ်သားစုဆောင်းခြင်းကို ကန့်ကွက်ရန် TNLA သို့ တရားဝင်ကန့်ကွက်စာ ပေးပို့ရန် စီစဉ်နေကြောင်း ရပ်ရွာအသိုက်အဝန်းကိုယ်စားလှယ်များက ဆိုသည်။

TNLA နှင့် မဟာမိတ်များသည် ပတ္တမြားတူးဖေါ်သည့် ဒေသကို လွန်ခဲ့သောနှစ် ဇူလိုင်လက ရက်ပေါင်း ၃၀ ကျော်တိုက်ခိုက်ပြီး သိမ်းပိုက်ထားသည်။ TNLA သည် ထိုမြို့ကို အပြည့်အ၀ ထိန်းချုပ်ထားပြီး ပြည်သူ့ကာကွယ်ရေးတပ် PDF များ အပါအဝင် မဟာမိတ်များကို လျစ်လျူရှု ထားကြောင်း ဒေသခံများပြောသည်။

ထိုလက်နက်ကိုင်အဖွဲ့အစည်းသည် ဒေသခံများ အင်တာနက်နှင့် ဖုန်းများ အသုံးပြုခြင်းကို ပိတ်ပင်ထားသည်ဟု သတင်းရင်းမြစ်တခုက ဧရာဝတီသို့ပြောသည်။

TNLA သည် စစ်ကောင်စီဆန့်ကျင်ရေး ၁၀၂၇ စစ်ဆင်ရေးကို စတင်ပြီး တရုတ်နှင့် အဓိက ကုန်သွယ်ရေးလမ်းကြောင်းများနှင့် မြို့တော်လားရှိုးအပါအဝင် ရှမ်းပြည်မြောက်ပိုင်းကို လွတ်မြောက်စေသည့် ညီနောင်မဟာမိတ် အဖွဲ့ဝင်ဖြစ်သည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်