📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

စိတ်ဓာတ်မြှင့်တင်သည့်အနေဖြင့် တပ်မတော်နေ့မတိုင်ခင် ဘွဲ့တံဆိပ်များပေးအပ်

—

by

in

စစ်ရှုံး၍ ပြန်လွှတ်ပေးလိုက်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏မိသားစုဝင်များကို စစ်ခေါင်း ဆောင်က စိတ်ဓာတ်မြှင့်တင်ရန် ဘွဲ့တံဆိပ်များပေး

စစ်ကောင်စီကို အထိနာစေသည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း ဖမ်းဆီးခံရပြီးနောက် ပြန်လွှတ် ပေးလိုက်သော စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များကို စိတ်ဓာတ်မြှင့်တင်သည့်အနေဖြင့် တပ်မတော်နေ့မတိုင်ခင် ဘွဲ့တံဆိပ်များပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း CDM အရာရှိများထံက သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သူများဟုဆိုကာ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး၊ ဒု ဗိုလ်မှူးကြီးအပါအဝင် လူပုဂ္ဂိုလ် ၉၀ ကျော်အား ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါဘွဲ့တံဆိပ်များကို ပုံမှန်အားဖြင့် စစ်ကောင်စီအခေါ် တပ်မတော်နေ့(တော်လှန်ရေးနေ့) တွင် ပေးအပ်လေ့ရှိသော်လည်း ယခုအခါ နှစ်ပတ်စော၍ မတ် ၁၃ ရက်က ပေးအပ်ခဲ့ပြီး အများစုမှာ စစ်ဆင်ရေးအတွင်း ပြန်လွှတ်လာသူများနှင့် ဇနီး၊ သားသမီး မိသားစုဝင်များပါဝင်သော ကာကွယ်ရေးဌာနမှဖြစ်ကြောင်း သိရသည်။

“စိတ်ဓာတ်ပိုင်းဆိုင်ရာ အောက်ဆုံးထိုးစိုက်နေချိန်မှာ ဒီလိုဘွဲ့တံဆိပ်ပေးပြီး စိတ်ဓာတ်ကို ပြန်မြှင့်တင်တဲ့ သဘောတရား တစ်ခုပါပဲ။ အများစုက ရှေ့မြေပြင်က လူတွေဖြစ်ပြီး တပ်ရင်းဌာနချုပ်တွေ ဝင်တိုက်ခံရတဲ့အခါ အသက်ရှင်ကျန်ရစ်တဲ့ ဇနီးမယားတွေ ဖြစ်မယ်” ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောသည်။

ထိုသူများသည် “၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏ လက်အောက်ခံ တပ်ရင်း၊ ဌာနချုပ်များ ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် တော်လှန်ရေး အင်အားစုများက ပြန်လွှတ်ပေးလိုက်သူများ ဖြစ်ကြကြောင်း တပ်မတော်သား CDM အရာရှိများ၏ ပြောပြချက်အရ သိရသည်။

“မှန်ပါတယ်။ စစ်သားမယားတွေရော၊ သားသမီးတွေရော ပါဝင်နေတယ်။ စိတ်ဓာတ်မြှင့်တင်တဲ့အနေနဲ့ သူတို့ အလျင် အမြန်လုပ် ဖွဲ့စည်းပုံ ပျက်နေပြီလို့ ပြောရမယ်” ဟု လုပ်သက်ရင့် တပ်မတော်သား CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

အာဏာသိမ်း စစ်ကောင်စီကမူ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင် သူရဘွဲ့၊ သူရဲကောင်း မှတ်တမ်းတင် တံဆိပ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင် ရဲဗလတံဆိပ်၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် စီမံထူးချွန်တံဆိပ် (ပထမဆင့်)၊ (တတိယဆင့်)တို့ ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ယခုအခါ ပညာရပ်ဆိုင်ရာ နည်းပညာထူးချွန် တံဆိပ်(ပထမဆင့်)၊ (တတိယဆင့်)တို့ကိုပါ ထည့်သွင်း၍ လက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ် လေး ဦးနှင့် ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီး စသည့်တို့ကို ပေးအပ်ခဲ့သည်။

ပုံစာ- ရှမ်းပြည်နယ် လားရှိုးတွင် စစ်ကောင်စီတပ်မှ အရာရှိကြီးများအပါအဝင် စစ်သည် ၃၁၇ အလင်းဝင်ရာက်စဉ် (၂၀၂၄ ဇူလိုင် ၂၁)

ပုံစာ-၂၀၂၃-၂၀၂၄ သူရဲကောင်းမှတ်တမ်းဝင် ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်းပွဲတွင် တွေ့ရသည့် စစ်ခေါင်းဆောင်

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်