
မြန်မာ-ထိုင်းနယ်စပ်အနီးရှိ ပူလူတူတပ်စခန်းကို ယနေ့ (မတ်လ ၁၄ ရက်) နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တပ်စခန်းထိပ်တွင် ကရင်အမျိုးသားအလံကို KNU (ကရင်အမျိုးသားအစည်းအရုံး) ဘက်က လွှင့်တင်ထားကြောင်း သတင်းရရှိသည်။

ပိုင်ကျုံမြို့နယ်အတွင်းရှိ သက်တမ်းရင့် ပူလူတူတပ်စခန်းကုန်း (ပွိုင့် ၁၂၄၈) ကို သိမ်းပိုက်ရန် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှ စတင်ကာ နေ့စဉ်ဆက်တိုက် တိုက်ခိုက်ခဲ့သည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါစခန်းကုန်းကို အပြီးသတ် ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ပြီး၊ လက်နက်များနှင့်အတူ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားသူ ၁၁ ဦးထက်မနည်း ရှိကြောင်း သိရသည်။ ထိုထွက်ပြေးသွားသူများကို ထိုင်းစစ်တပ်က ကူညီထားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
ထို့ပြင် တိုက်ပွဲအတွင်း KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက လက်နက်ခဲယမ်းနှင့် မီးကျောက်ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ပုံအညွှန်း- မြန်မာ-ထိုင်းနယ်စပ်အနီးရှိ ပူလူတူတပ်စခန်းကို ယနေ့ (မတ်လ ၁၄ ရက်) နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တပ်စခန်းထိပ်တွင် ကရင်အမျိုးသားအလံကို KNU (ကရင်အမျိုးသားအစည်းအရုံး) ဘက်က လွှင့်တင်ထားသည်။


Leave a Reply