📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

စစ်ကောင်စီတပ်စွဲခဲ့သည့် သာဂေါင်ရွာမ ကျေးရွာတွင် ရုပ်အလောင်း ၆ လောင်းတွေ့ရှိ

—

by

in

စစ်ကောင်စီစစ်ကြောင်း ငါးရက်ကြာ တပ်စွဲနေထိုင်သွားသည့် မကွေးတိုင်း ၊ ရေစကြိုမြို့နယ် ၊ ရေလယ်ကျွန်း ဒေသရှိ သာဂေါင်ရွာမ ကျေးရွာတွင်ရုပ်လောင်း ခြောက်လောင်းထိ ရှာဖွေတွေ့ ရှိထားကြောင်း Yesagyo Township Info Committee အဖွဲ့ က ယနေ့ (မတ်လ ၁၄ ရက်)တွင် သတင်းထုတ်ပြန်သည်။

ရုပ်အလောင်းများအနက် တလောင်းမှာ ခေါင်းဖြတ်၍ ငုတ်တိုင်တွင် စိုက်ခံထားရကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ စစ်ကောင်စီတပ်ဖွဲ့ သည် သာဂေါင်ရွာမ ရွာသို့ မတ်လ ၇ ရက်တွင် စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် မတ်လ ၁၂ ရက်နေ့အထိ တပ်စွဲနေထိုင်ခဲ့ပြီး လူခြောက်ဦးကို နှိပ်စက်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း Yesagyo Township Info Committee အဖွဲ့ က အသိပေးထားသည်။

ခေါင်းဖြတ်သတ်ခံရသူမှာ သာဂေါင်လေးရွာမှ ဦးချစ်မောင် ( ၆၅ နှစ်) ဆိုသူဖြစ်ပြီး သာဂေါင်ရွာမ ကျေးရွာမှ ဦးသန်းမင်းလှိုင် ( ၄၂ နှစ်) ၊ မကျန်းမာ၍ မပြေးနိုင်ဘဲ ကျန်ရစ်နေခဲ့သည့် သက်ကြီးရွယ် အိုများဖြစ်ကြသော ဦးအုန်း ( ၉၁ နှစ်) ၊ ဒေါ်စန်းဝေ (၇၀နှစ်)တို့ ၏ရုပ်အလောင်းကို အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။ ကျန်ရုပ်အလောင်းနှစ်လောင်းမှာ စစ်ကောင်စီတပ်သားများက ဖမ်းဆီးခေါ်ဆောင်လာသူများဖြစ်၍ မည်သူဖြစ်ကြောင်းအတည်မပြုနိုင်သေးဟု Yesagyo Township Info Committee က အသိပေးထားသည်။

စစ်ကောင်စီတပ်ဖွဲ့သည် သာဂေါင်ကျေးရွာတွင် တပ်စွဲနေထိုင်နေသည့် ကာလတလျှောက် ကျေးရွာအတွင်းရှိ နေအိမ်များမှ ပြည်သူပိုင် ပစ္စည်းများကို အဓမ္မယူဆောင်မှုများပြုလုပ်ခဲ့ပြီးနောက် အိမ်မွေးတိရိစ္ဆာန်များကိုလည်း သတ်ဖြတ်၍ ချက်ပြုတ်စားသောက်သွားကြောင်းသိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် မတ်လ ၁၂ ရက်နေ့ တွင် သာဂေါင်ရွာမ ကျေးရွာမှ တဆင့် မြောင်နယ်ဘက်ရှိ ပန်းညိုကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ယင်းနေ့ ညနေပိုင်းတွင် ပန်းညိုကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ ကြကြောင်း CDSOM အဖွဲ့ က အသိပေးထားသည်။

ပန်းညိုကျေးရွာတွင် မတ်လ ၁၂ ရက်နေ့ နှင့် ၁၃ ရက် နှစ်ရက်တာ တပ်စွဲ နေထိုင်ခဲ့သည့် ထိုစစ်ကောင်စီတပ်ဖွဲ့ ၏ မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ဘေးရှောင်များနေထိုင်ပြီး ကလေးငယ်များအတွက် ပညာသင်ကြားပေးနေသည့် ပန်းညိုရွာ အလယ်တန်းကျောင်းရှိ ကျောင်းဆောင်များနှင့် ဒေသခံများ၏ နေအိမ် အလုံး ၅၀ ကျော် မီးလောင်ပျက်စီးသွားကြောင်း CDSOM အဖွဲ့ ခေါင်းဆောင် ကိုနွေဦးက ပြောသည်။

၎င်းက “ ပေ ၁၀၀ ကျော်ရှိတဲ့ ကျွန်း နဲ့ လုပ်ထားတဲ့ စာသင်ကျောင်းဆောင် နှစ်ဆောင် က လုံး၀ ပြာကျသွားပြီး အုတ်နဲ့ ဆောက်ထားတဲ့ ကျောင်းဆောင်မှာလည်း ပျက်စီးမှုတွေရှိတယ် လတ်တလော မှာတော့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေပါတယ်” ဟုပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မှစတင်၍ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း ဒေသသို့ ဝင်ရောက်ခဲ့သည့် စစ်ကြောင်းဖြစ်ပြီး ယင်းဒေသရှိ မြေစွန်းတော် ၊ မာကလာခြံ ၊ ဇရပ်နီ ၊ သာဂေါင်ကြီး ၊ သာဂေါင်းလေး ကျေးရွာများ မှ နေအိမ် ၅၀၀ ထက်မနည်းကိုမီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကြောင်း ဖြစ်သည်။

ယင်းအပြင် စစ်ကောင်စီစစ်ကြောင်း သည် မတ်လ ၂ရက်နေ့ မှ ၄ရက်နေ့အထိ ၎င်းတို့ ဝင်ရောက်တပ်စွဲနေထိုခဲ့သည့် မြေစွန်းတော်ကျေးရွာတွင် လည်း အရပ်သားပြည်သူ ၁၁ ဦး ကို သတ်ဖြတ်ခဲ့ရာ ၎င်းတို့ ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ပြည်သူ ၁၇ ဦး ထိ ရှိလာပြီ ဖြစ်သည်။

ယနေ့ မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းတွင် အဆိုပါ စစ်ကြောင်းသည် ရေစကြိုနယ် ရေလယ်ကျွန်းဒေသရှိ မြေတော် ကျေးရွာ သို့ ရောက်ရှိသွားပြီ ဖြစ်ပြီး မြေတော်ကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံကသိရသည်။

ပုံအညွှန်း – စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်ခဲ့သည့် သာဂေါင်ရွာမ ကျေးရွာ မှ ပြည်သူများ၏ ရုပ်အလောင်းများကိုတွေ့ ရစဉ်။ ဓါတ်ပုံ – Yesagyo Township Infio Committee

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်