📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကစဉ့်ကလျား ဆုတ်ခွာ ထွက်ပြေးနေ

—

by

in

ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးရွာ ကာကင်းစခန်းများအားလုံးကို AA နှင့် ပူးပေါင်း တပ်များက သိမ်းပိုက်ထားပြီဟု ခိုင်သုခ အတည်ပြု၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကစဉ့်ကလျား ဆုတ်ခွာ ထွက်ပြေးနေ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးရွာပတ်ဝန်းကျင် ကာကင်းစခန်းများအားလုံးကို AA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီဖြစ်ကြောင်း AA ၏ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက အတည်ပြုပြောဆိုသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နှင့် ဆက်စပ်လျက်ရှိသော ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ညောင်ကျိုးကျေးရွာ တပ်စခန်းကို AA ဦးဆောင်သော ပူးပေါင်းတပ်များက ထိုးစစ်ဆင်လျက်ရှိရာ လက်ရှိတွင် ကာကင်းစခန်းများအားလုံးကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း၊ သို့ရာတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဆက်လက်၍ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ညောင်ကျိုးကျေးရွာတိုက်ပွဲမှ စစ်ကောင်စီတပ်များမှာ ကစဉ့်ကလျားဖြင့် ဆုတ်ခွာထွက်ပြေးနေကြောင်း၊ တိုက်ပွဲမှာ ပြင်းထန်နေဆဲဖြစ်သော်လည်း အခြေအနေ ရှုပ်ထွေးနေဆဲဖြစ်ကြောင်း သိရှိရသည်။

“တိုက်ပွဲကတော့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပုဂံကွင်းရွာနဲ့ညောင်ကျိုးကျေးရွာ ပတ်ဝန်းကျင်တွေမှာ အပြင်းအထန်ဖြစ်ပွားနေတာရှိပါတယ်။ ညောင်ကျိုးရွာရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ကာကင်းစခန်း အများစုကိုတော့ ကျနော်တို့ရဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက် ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။ ကျန်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း ဟိုတစ်စု၊ ဒီတစ်စု ၊ကစဉ့်ကလျား ဆုတ်ခွာနေကြတာရှိပါတယ်။ ဒီကြားထဲ လေကြောင်းတိုက်ခိုက်မှုတွေကလည်း တောက်လျှောက်ရှိနေတဲ့အခါကျတော့ အခြေအနေက ရှုပ်ထွေးနေပြီးတော့ တိုက်ပွဲက ဆက်လက် ပြင်းထန်နေဆဲအနေအထားဖြစ်ပါတယ်” ဟု ခိုင်သုခက ပြောဆိုသည်။

ဇန်နဝါရီလမှစတင်ပြီး ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးတပ်စခန်းတွင် AA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် တိုက်ပွဲများ ဆက်တိုက် ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်များက လေကြောင်းမှတစ်ဆင့် အကြီး အကျယ်ခုခံနေဆဲဖြစ်ကြောင်း သိရှိရသည်။

AA က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နှင့်ထိစပ်လျက်ရှိသော ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှ မိုးထိတောင် စခန်းကို ဇန်န ဝါရီလ ၂၆ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။

AA က ထိုးစစ်များကို ရခိုင်ပြည်နှင့်ထိစပ်နေသော ဧရာ၀တီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းအတွင်းထဲအထိ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်လျက်ရှိကြောင်း AA က တရားဝင်သတင်းထုတ်ပြန်ထားသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်