📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ညောင်ကျိုးစခန်းသို့ စစ်ကူပို့ထားသည့် တပ်မ ၇၇ လက်အောက်ခံတပ်များ ထွက်ပြေး

—

by

in

စစ်ကောင်စီက ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးစခန်းခံစစ်အတွက် စစ်ကူပို့ထားတဲ့ တပ်မ ၇၇ လက်အောက်ခံ ခြေမြန်တပ်ရင်း ၂ ရင်းက တပ်သားတွေ ထွက်ပြေးသွားလို့

လက်ရုံးတပ်တွေနဲ့ထပ်ပြီး အင်အားဖြည့်ထားရတယ်လို့ စစ်ကောင်စီအုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ညောင်ကျိုးစခန်းသိမ်းတိုက်ပွဲဖြစ်နေချိန်မှာ တပ်မ ၇၇ လက်အောက်ခံ ခမရ ၇၀၁ နဲ့ ခမရ ၃၁၃ က တပ်သားတချို့ မတ် ၁၂ ရက်ညပိုင်းက ထွက်ပြေးသွားတာလို့ သတင်းရင်းမြစ်က ပြောပါတယ်။

“ညောင်ကျိုးစခန်းကို AA က ရ၊ မရတော့ မသိဘူး။ တပ်ဘက်က စစ်ကူပို့ထားတဲ့ တပ်မ ၇၇ က ထွက်ပြေးတာ ၁၀ ယောက်ကျော်ပြီ။ ဥသျှစ်ပင်နဲ့ ပန်းတောင်းကို လက်ရုံးတပ်တွေနဲ့ အင်အားဖြည့်နေတယ်” လို့ ရှင်းပြပါတယ်။

စစ်ခေါင်းဆောင်က မတ် ၂ ကနေ မတ် ၈ ရက်အထိ ညောင်ကျိုးစခန်းအတွက် ခမရ ၃၁၃၊ ခမရ ၇၀၁ နဲ့ ခမရ ၁၀၅ နဲ့ ခမရ ၁၀၆ တို့ကို စစ်ကူပို့ခဲ့တာ ဖြစ်ပါတယ်။

ညောင်ကျိုးစခန်းသိမ်းတာနဲ့ပတ်သက်ပြီး အာရက္ခတပ်တော် AA ဘက်ကရော စစ်တပ်ဘက်ကပါ တရားဝင် ထုတ်ပြန် ကြေညာတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ်ကစပြီး တောင်ကုတ်-ပန်းတောင်း ရိုးလမ်းပေါ်က စစ်စခန်းတွေကို ထိုးစစ်ဆင်ခဲ့တဲ့ အာရက္ခတပ်တော် AA အနေနဲ့ လက်ရှိမှာ တောင်ပုံကြီးစခန်း၊ ပုဂံကွဲစခန်း၊ မိုးထိတောင်စခန်းနဲ့ နတ်တောင်ကုန်းစခန်းတို့ကို သိမ်းပိုက် ရရှိထားပါတယ်။

ပန်းတောင်းတပ်နယ်ထဲမှာ စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတွေဖြစ်တဲ့ ကပစ ၃ ဆင်တဲ၊ ကပစ ၅ ထုံးဘို၊ ကပစ ၆ ဆင်ခြေထောက်၊ ကပစ ၉ ကျောက်ဖူး၊ ကထက ပြင်ကြီး (ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့ သင်တန်း) တို့ ရှိပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်