📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ရဲမှူးကြီးယာဥ်တန်းပစ်ခံရပြီးနောက် လုံခြုံရေးတိုးမြှင့်

—

by

in

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာ လှည့်ကင်းလှည့်နေတဲ့ ရဲမှူးကြီးမင်းအောင်ရဲ့ ယာဥ်တန်း ပစ်ခတ်ခံရ ပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ခရီးသွားယာဥ်မောင်းတွေဆီက သိရပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၃၁ ၇ / ၆ ခါးတက်ကုန်းရဲကင်းကနေစပြီး မိုင်တိုင်အမှတ် ၃၂၁ အထိ စစ်ကောင်စီတပ်နဲ့ ရဲတွေ အပြည့်ချထားတယ်လို့ ခရီးသွားလာသူ တယောက်က ပြောပါတယ်။

“တိုက်ပွဲဖြစ်ပြီးတော့ မနေ့က မနက် မိုင်တိုင် ၃၁၇ ကနေစပြီးချထားတာ ၃၂၁ မိုင်အထိပဲ ၃၁၇ မှာ ရမည်းသင်းက ရဲတွေချထားတယ်။ ၃၁၉ /၃ နဲ့ ၃၁၉ /၆ မှာ စစ်တပ်ရောရဲတွေပါချထားတာ ပြင်စည်ဘက်မှာတော့ စစ်သားတွေပိုများတယ်။”

မတ် ၁၉ ရက် မနက် ၁၀ နာရီခွဲက တံတားဦးမြို့နယ်စကားအင်း အမြန်လမ်းရဲစခန်းကနေ ထွက်ခွာလာတဲ့ ရဲမှူးကြီးမင်အောင်နဲ့အဖွဲ့ စီးလာတဲ့ယာဥ်တန်းကို မိုင်တိုင်အမှတ် ၃၁၉/၃ မှာ နွားထိုးကြီး PDF တပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၅ ယောက်ထဲမှာ အရာရှိတွေပါနိုင်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

“ရဲကား ၃ စီး လှည့်ကင်းလှည့်တာ ရဲမှူးကြီးကားပစ်ခံရတယ်။ ကားတစီးမှာမပါဘူးဆို ရဲတပ်သား ၁၅ ယောက်၊ အယောက် ၂၀ အနည်းဆုံးပါပဲ။ ရဲမှူးကြီးကားပစ်ခံရတာဆိုတော့ သေတဲ့အထဲမှာ အရာရှိတွေပါချင်ပါမှာ။”

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (၁၀) တပ်ရင်း (နွားထိုးကြီး PDF) နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်း ၃၁၈ နဲ့ ၃၁၉ အနီးတဝိုက်က ရဲကင်းစခန်းတွေ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေက တိုက်ခိုက်ခဲ့တာလည်းရှိပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်