“ဖိနပ်ထုတ်လုပ်ပြီး ကမ္ဘာကို တင်ပို့ရန် မင်းအောင်လှိုင် ပြောကြားပြီးနောက် ထုတ်လုပ်မည့် ဖိနပ် ပုံကြမ်းများထွက်ပေါ်”

“အခုတက်လာတဲ့လူအားလုံး အင်္ကျီဝတ်ကြပါတယ်၊ ဖိနပ်စီးကြပါတယ်၊ ဖိနပ်ဆိုတာက သားရေနဲ့ ရာဘာကို အခြေခံပြီး လုပ်တာတွေ များပါတယ်၊ အဝတ်ဆိုလို့ရှိရင်လည်း ချည်ပေါ့၊ ဝါကိုအခြေခံပြီး ဝတ်ကြတာ များပါတယ်၊ မြန်မာနိုင်ငံမှာ ဒါတွေ အကုန်ဖြစ်ပါတယ်၊

ကျနော်တို့ စက်မှုလုပ်ငန်းတွေ သွားမယ်ဆိုရင် လူဦးရေ သန်းပေါင်း ၄ ထောင်နီးပါးလောက်ရှိတဲ့ နိုင်ငံတိုင်းမှာ လူဦးရေတဝက်လောက်ပဲ ဖိနပ်စီးတယ်ထားဦး၊ ၁ ဘီလီယံခွဲ ၂ ဘီလီယံနီးပါး လောက် ဖိနပ်လိုပါတယ်၊ သက်ဆိုင်ရာနိုင်ငံတွေ ဒီလိုအပ်တဲ့ သယံဇာတပစ္စည်း သူတို့ဆီမှာ အလုံအလောက်မရှိဘူး၊ ဒါတွေကို တင်ပို့ရောင်းချမယ်၊ ထုတ်လုပ် ရောင်းချမယ်ဆိုရင် အများကြီး ဒီတခုတည်းတင်၊ တချို့လည်း ရှာရှာကြံကြံပြောတယ်လို့ တွေးမှာပေါ့ဗျာ၊

တကယ်တော့ စီးပွားရေးဆိုတာလည်း ရှာရှာကြံကြံ လုပ်ရတဲ့ဟာတွေ အများကြီး ရှိပါတယ်၊ အမြင့်တွေ လျှောက်စဉ်းစားနေမယ်ဆိုရင် မဖြစ်နိုင်တာတွေ ဘယ်လိုမှ အလှမ်းမမီဘူးပေါ့”ဟု မင်းအောင်လှိုင်က ဥာဏ်မှီသလောက် ပြောသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *