📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Sky Villa ကွန်ဒို ပြိုကျမှု ရှာဖွေကယ်ဆယ်ရေး ယနေ့ နောက်ဆုံးပြုလုပ်မည်

—

by

in

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀ ရှိ Sky Villa Condo ပြိုကျမှုတွင် ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ယနေ့ (ဧပြီလ ၂ ရက်) တွင် နောက်ဆုံးပြုလုပ်တော့မည်ဖြစ်ကြောင်း မြေပြင်တွင် ကူညီကယ်ဆယ်မှုလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

ဧပြီလ ၃ ရက်နေ့တွင် ရှာဖွေမှုရပ်နားမည်ဖြစ်ပြီး အဆိုပါ ရပ်နားမှုသည် နိုင်ငံခြားရှာဖွေကယ်ဆယ်ရေးအဖွဲ့များ မရှိတော့သည့်အပြင်၊ ဒေသခံအရပ်ဖက်အဖွဲ့များကပါ ယခုအခါ လုပ်ငန်းများ ရပ်ဆိုင်းတော့မည့် အခြေအနေဖြစ်သည်။

မတ်လ ၂၈ ရက်၊ မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် Sky Villa ကွန်ဒိုတခုလုံးနီးပါး ပြိုကျပျက်စီးခဲ့ပြီး ထိုနေ့မှ စတင်ကာ ပြိုကျအဆောက်အအုံအတွင်း ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်ခဲ့သည်။

“ဒီနေ့ရဲ့ လက်ရှိအခြေအနေက Sky Villa အနောက်ဖက်ခြမ်းကနေ စပြီး နည်းနည်းချင်းစီ ရှင်းလင်းရေး လုပ်နေတယ်။ အသက်ရှင်တဲ့သူ တွေ့ရင်တော့ ကယ်ထုတ်မှာပါ။ ဒါပေမယ့် ဌာနဆိုင်ရာပိုင်းနဲ့ တရုတ်ပြည်က အဖွဲ့တွေက ဒီဘက်မှာ အသက်ရှင်တဲ့လူ မရှိတော့ဘူးလို့ ယုံကြည်လို့ ရပ်တာပါ” ဟု မြေပြင်တွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသူက ပြောသည်။

မတ်လ ၃၁ ညပိုင်းက Sky Villa အနောက်ဖက်ခြမ်းကို ရှင်းလင်းရေး လုပ်နိုင်ခဲ့ပြီး ထိုမှတဆင့် အသက်ရှင်နေသူ နှစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ကာ ရုပ်အလောင်း ခုနစ်လောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အပြီးသတ်ရပ်နားမည့်သတင်းကို ကွန်ဒို၏ သတင်းပြန်ကြားရေးအဖွဲ့ကလည်း အတည်ပြုကြောင်း မြေပြင်တွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ပြောသည်။

Sky Villa ကွန်ဒိုသည် လေးလုံးတွဲဖြစ်ပြီး အပိုင်း ၁၊ ၂၊ ၃ နှင့် ၄ ဟု ခွဲခေါ်ထားသည်။ ယခု ပြိုကျနစ်ဝင်သွားသည်မှာ အပိုင်း ၂၊ ၃၊ ၄ ဖြစ်ပြီး အပိုင်း ၁ မှာ ငါးထပ်ခန့် အောက်သို့ ပြိုကျကာ ခြောက်ထပ် အပေါ်တွင် တင်ကျန်နေသည်။ ရပ်ကွက်ဧည့်စာရင်းအရ ကွန်ဒိုတွင် နေထိုင်သူ ၂၀၀ ကျော်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ သိထားတဲ့စာရင်းအရ ဒီကွန်ဒိုမှာ နေတဲ့သူ ၃၀၀ နဲ့ ၅၀၀ ဝန်းကျင်လောက် ရှိတယ်လို့ ခန့်မှန်းတယ်။ ကယ်ထုတ်ပြီးသူနဲ့ ရုပ်အလောင်း ၁၀၀ ဝန်းကျင်လောက် ရှာတွေ့ထားပြီ။ ဒီနေ့ ရှာဖွေမှုမှာ ထပ်တွေ့တာ မရှိသေးဘူး” ဟု ကယ်ဆယ်ရေးသမားတစ်ဦးက ဆိုသည်။

ကွန်ဒို၏ တောင်ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတွင် ပိတ်မိနေသူများ အသက်ရှင်လျက် မရှိနိုင်တော့သည့်အတွက် ကယ်ဆယ်ရေးများ ရပ်နားခဲ့ပြီး မြောက်ဘက်ခြမ်းတွင် ယနေ့အထိ ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်။

ဧပြီလ ၁ သည် Sky Villa ကွန်ဒို ပြိုကျမှုကြောင့် ပျောက်ဆုံးနေသူများအား ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသည့် ငါးရက်မြောက်နေ့ဖြစ်ပြီး ညပိုင်းအထိ ရှာဖွေမှုများ ဆက်လက်ပြုလုပ်နေသော်လည်း၊ ဧပြီလ ၃ ရက်နေ့တွင် လုံးဝရပ်ဆိုင်းမည်ဟု သိရသည်။

“သတင်းပြန်ကြားတာက မနေ့ည၊ ဒီနေ့၊ မနက်ဖြန်အထိ ကယ်ဆယ်ရေး ဆက်လုပ်မယ်။ သုံးရက်ကျော်ရင်တော့ ဖြိုဖို့ စီစဉ်ထားတယ်လို့ သိရတယ်” ဟု မြေပြင်ကယ်ဆယ်ရေးသမားက ပြောသည်။

မတ်လ ၂၈ ရက်၊ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားကြီးငလျင်ကြောင့် မန္တလေးတိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တို့တွင် ထိခိုက်ပျက်စီးမှုများ ပြားခဲ့သည်။

ထိုငလျင်ကြောင့် လူပေါင်း ၈,၅၆၂,၅၅၅ ဦးခန့် တိုက်ရိုက်ထိခိုက်ခံစားခဲ့ရပြီး သေဆုံးသူ ၂,၃၉၅ ဦးရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ ထုတ်ပြန်ထားသည်။

ဧပြီလ ၁ ရက်၊ ညပိုင်းအထိ ပြုစုထားသည့် စာရင်းများအရ ငလျင်ကြောင့် သေဆုံးသူ ၃,၆၆၈ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၃,၅၂၄ ဦး ရှိနေပြီဖြစ်သည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်