မိတ္တီလာတပ်နယ်တွင် ငလျင်ကြောင့် စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံးခဲ့ပြီး အမှတ် ၁ တပ်မတော်အကြီးစားစက်ရုံတွင်လည်း သေဆုံးမှုများပြား

မန္တလေးတိုင်း၊ မိတ္တီလာတပ်နယ်တွင် ငလျင်ကြောင့် စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံးခဲ့ပြီး အမှတ် ၁ တပ်မတော်အကြီးစားစက်ရုံတွင်လည်း သေဆုံးမှုများပြားကြောင်း မိတ္တီလာတပ်နယ်ရှိ တပ်အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ်တွင် လက် အောက် ခံတပ်ရင်းများမှ တာဝန်ရှိသူများအပါအဝင် တပ်နယ်ဆိုင်ရာ အစည်း အဝေး ကျင်းပနေချိန်ဖြစ်ပြီး အစည်းအဝေးခန်းမဆောင်ပြိုကျမှုကြောင့် သေဆုံးမှုများရှိခဲ့ကြောင်း သိရှိရသည်။

” ၄၁၈ တပ် အရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေ သေဆုံးမှုရှိတယ်။ အရေအတွက်တော့ အတိအကျ မသိရဘူး။ သေဆုံး မှုကတော့ရှိပါတယ်။ အစည်းအဝေးခန်းမဆောင်တွေ ပြိုကျကုန်တာ” ဟု တပ်အသိုင်းအ၀ိုင်းက ဆိုသည်။

ထို့ပြင် မိတ္တီလာအခြေစိုက် အမှတ် ၁ တပ်မတော်အကြီးစားစက်ရုံ (တကစ ၁ )တွင်လည်း ငလျင်ဒဏ်ကြောင့် စက်ရုံအဆောက်အအုံများ ပြိုကျခဲ့ပြီး သေဆုံးမှုများရှိခဲ့ကြောင်း၊ တကစ ၁ သည် စစ်သုံးကား၊ သံချပ်ကာယာဉ်များကို အဓိ က ထားထုတ်လုပ်နေသည့် စက်ရုံတစ်ခုဖြစ်ကြောင်း သိရှိရသည်။

“တကစ ၁ မှာလည်း သေဆုံးမှုတွေကတော့ ရှိပါတယ်။ ဒါပေမယ့် သတင်းက ဖုံးထားတော့ အတိကျ ဘယ် လောက်ဆိုတာမျိုး မသိရဘူး။ အပျက်အစီးတွေလည်းများတယ်။ သေဆုံးမှုလည်းရှိတယ်” ဟု တပ်အသိုင်းအ၀ိုင်း က ပြောဆိုသည်။

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ စစ်ရုံးနှင့် လက်ရုံးတပ်ရုံးများတွင်လည်း အဆောက်အအုံများစွာ ပြိုကျခဲ့သဖြင့် သေဆုံးမှုများစွာရှိခဲ့ပြီး အနည်းဆုံး အရာ ရှိနှင့် စစ်သား ၁၀၀ ဝန်းကျင်သေဆုံးနိုင်ကြောင်း တပ်သတင်းအရင်း အမြစ် များ၏ အဆိုအရ သိရှိရသည်။

ဓာတ်ပုံ- နေပြည်တော်တွင် မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် သေဆုံးခဲ့သော စစ်သားတစ်ဦး၏ နာရေးကြော်ငြာ။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *