📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Non-CDM ဝန်ထမ်းနှင့်မိသားစု ၁၆၀၀ ကျော် ကယ်ကူသူမဲ့နေ

—

by

in

နေပြည်တော် မြန်မာ့မီးရထားအိမ်ရာများ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးပြီး Non-CDM ဝန်ထမ်းနှင့်မိသားစု ၁၆၀၀ ကျော် ကယ်ကူသူမဲ့နေ

နေပြည်တော် မြန်မာ့မီးရထားအိမ်ရာများ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးပြီး Non-CDM ဝန်ထမ်းနှင့်မိသားစု ၁၆၀၀ ကျော် ကယ်ကူသူမဲ့နေကြောင်း မြန်မာ့မီးရထားရုံးချုပ်မှ ဝန်ထမ်းများက ပြောဆိုသည်။

မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နေပြည်တော်ရှိ မြန်မာ့မီးရထားရုံးချုပ် ဝန်ထမ်းအိမ်ရာများအနက်မှ ၄ ထပ်တိုက် အမှုထမ်းအိမ်ရာ ၂၅ လုံး၊ အရာထမ်းအိမ်ရာ ၁၇ လုံးမှာ ပျက်စီးခြင်း၊ ပြိုကျခြင်းနှင့် အက်ကွဲခြင်းတို့ကြောင့် လူနေထိုင်၍ မရတော့ကြောင်း၊

ထို့ကြောင့် စစ်ကောင်စီက ဝန်ထမ်းများနှင့် မိသားစုများကို နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော်ဘူတာကြီး အမှတ် ၁ ပလက်ဖောင်းနှင့် ကုန်းလမ်းပို့ဆောင်ရေး ဝင်းထဲတွင် ယာယီနေထိုင်ရန် နေရာချထားပေးကြောင်း၊ သို့ရာတွင် မည်သည့် အကူအညီမှ မပေး၍ သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် အမိုးအကာများ အကူအညီလိုအပ်နေကြောင်း သိရှိရသည်။

“ဘယ်သူမှလည်း လာမကြည့်ဘူး။ ရေတောင် တစ်ဘူး ၂၀၀၀ နဲ့ ဝယ်သောက်နေရတယ်။ ငလျင်ကြောင့် မြန်မာ့မီးရထားဝန်ထမ်းနဲ့မိသားစုဝင် ၁၂ ဦးသေဆုံးပါတယ်။ ၁၄ ဦးကတော့ ပြင်းထန်ဒဏ်ရာရပါတယ်။ ကျနော်တို့ကို ဘယ်သူမှလည်း လာမကြည့်ပါဘူး။ သောက်ရေမရှိလို့ သောက်ရေ ၂၀ လီတာ တစ်ဘူးကို ၂၀၀၀နဲ့ဝယ်သောက်နေရတယ်” ဟု မြန်မာ့မီးရထားဝန်ထမ်းတစ်ဦးက ဆိုသည်။

လတ်တလော နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများအားလုံးမှာ ပြိုကျပျက်စီးသွားသဖြင့် ဝန်ထမ်းများအားလုံးက လမ်းပေါ်တွင် သာ အိပ်စက်နေထိုင်နေရကြောင်း၊ စားဝတ်နေရေးအတွက် စစ်ကောင်စီထံမှ ထိရောက်သော အကူအညီမှ မရရှိကြောင်း နေပြည် တော်မှ ဝန်ထမ်းများက ပြောဆိုသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်