📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ငလျင်ကြောင့် သေဆုံးသူ ၂၇၀၀ ကျော်ရှိလာ

—

by

in

ငလျင်ကြောင့် သေဆုံးသူ ၂၇၀၀ ကျော်ရှိလာပြီး အလောင်းများ ထုတ်ယူရာတွင် ပုတ်ပွနေသဖြင့် ထုတ်ယူရန်ခက်ခဲ၊ စစ်ကိုင်းနှင့်မန္တလေးမြို့ ပြိုကျအဆောက်အအုံများတွင် အပုတ်နံ့များလှိုင်နေ

မြန်မာနိုင်ငံအလယ်ပိုင်းတွင် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူ ၂၇၀၀ ကျော်ရှိလာကြောင်း အကြမ်းဖက်စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဧပြီ ၁ ရက်နေ့ နံနက် ၈ နာရီအချိန် ငလျင်ကြောင့် သေဆုံးသူ ၂၇၁၉ ဦး၊ ဒဏ်ရာရရှိသူ ၄၅၂၁ ဦးနှင့် ပျောက်ဆုံးနေသူ ၄၄၁ ဦး ရှိကြောင်း သိရှိရသည်။

လတ်တလော ကယ်ဆယ်ရေးအဖွဲ့များက ငလျင်ဒဏ်သင့် စစ်ကိုင်းနှင့် မန္တလေးမှ အဆောက်အအုံများကို ဖယ်ရှားရှင်းလင်းနေရာတွင် အလောင်းများမှာ ပုတ်ပွနေပြီး ရှင်းလင်းရန် ခက်ခဲလာကြောင်း ကူညီကယ်ဆယ်ရေး လုပ်သူများက လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။

“အလောင်းတွေက ပုတ်ပွနေတော့ ဆွဲထုတ်တာမှာ အပိုင်းပိုင်းတွေ ပြတ်ကုန်တယ်။ တစ်လောင်းထုတ်ပြီး လက် အိတ်တွေလဲရတယ်။ အနံ့ကလည်း အရမ်းဆိုးတယ်။ အလောင်းအိတ်နဲ့ လက်အိတ်တွေ လိုအပ်ပါတယ်” ဟု စစ်ကိုင်းမြို့ပေါ်တွင် ကူညီကယ်ဆယ်ရေးလုပ်နေသူ တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

မန္တလေးမှ ဒေသပြည်သူတချို့ကမူ ဖယ်ရှားခြင်းမရှိသေးသော ပြိုကျနေသည့် အဆောက်အအုံများအနီးမှ ဖြတ်သန်းသွားလာပါက အပုတ်နံ့များရနေကြောင်း၊ အချိန်မီ ရှင်းလင်းခြင်းမရှိလျှင် ရေရှည်တွင် ကျန်းမာရေး ပြဿနာများကြုံတွေ့ရဖွယ်ရှိကြောင်း သုံးသပ်ပြောဆိုကြသည်။

“ပြိုနေတဲ့ အဆောက်အအုံနားတွေမှာတော့ ဖြတ်သွားရင် အပုတ်နံ့ရတယ်။ အလောင်းတွေ အောက်မှာ ရှိနေတယ်ထင်တယ်” ဟု မန္တလေးသားတစ်ဦးက ဆိုသည်။

လတ်တလော မန္တလေးနှင့်စစ်ကိုင်းမှ အိမ်ပိုင်ရှင်များမှာ ငလျင်ကြောင့် မိမိတို့၏ ပြိုကျပျက်စီးသွားသော နေအိမ်နှင့်တိုက်တာများကို ရှင်းလင်းရေး လုပ်လိုသော်လည်း မြေကော်စက်၊ ဘက်ဖိုးငှားရမ်းခများ အလွန် စျေးကြီးမြင့်နေသဖြင့် ရှင်းလင်းရေးလုပ်ရန် မတတ်နိုင်ကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာတွင် သေဆုံးသွားကြသည့် ပြည်သူများကို သဂြိုလ်နေစဉ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်