📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

မင်းအောင်လှိုင်ကို အလိုရှိနေသည့် ဖမ်း၀ရမ်းကို နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်) ထံ သို့ ပေးပို့၊

—

by

in

အာဂျင်တီးနားတရားရုံးက မင်းအောင်လှိုင်ကို အလိုရှိနေသည့် ဖမ်း၀ရမ်းကို နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်) ထံ သို့ ပေးပို့၊ BIMSTEC နိုင်ငံများအနေဖြင့် ဖမ်း၀ရမ်းကို လေးစားလိုက်နာပေးရန် BROUKက တိုက်တွန်း

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများ ကျူးလွန်ထားသည့် အကြမ်းဖက် မင်းအောင်လှိုင်ကို အလိုရှိနေသော ဖမ်း၀ရမ်းကို အာဂျင်တီးနားတရားရုံးက နိုင်ငံတကာရဲတပ်ဖွဲ့( အင်တာပိုလ်)ထံသို့ ပေးပို့ထားပြီဖြစ်ကြောင်း Burmese Rohingya Organization -UKမှ ဦးထွန်းခင်က ပြောဆိုသည်။

ဧပြီလ ၁ ရက်နေ့တွင် အာဂျင်တီးနားတရားရုံးက မင်းအောင်လှိုင်ကို ဖမ်းဆီးရန် ထုတ်ထားသည့် ဖမ်း၀ရမ်းကို နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်)ထံသို့ ပေးပို့ခဲ့ခြင်းဖြစ်ပြီး အင်တာပိုလ် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မင်းအောင်လှိုင်ကို တွေ့ရှိပါက ဖမ်းဆီးပေးရန် မေတ္တာရပ်ခံထားကြောင်း၊ လတ်တလော မင်းအောင်လှိုင်သည် ဘန်ကောက်မြို့တွင် BIMSTEC အစည်းအဝေးတက်ရောက်ရန် ရောက်ရှိနေကြောင်း သိရှိရသည်။

” BIMSTEC အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မင်းအောင်လှိုင်လို စစ်ရာဇဝတ်တရားခံ ပြေးနဲ့ အတူမထိုင်သင့်ဘူး။ သူ့ကို တရားဝင်အသိအမှတ်ပြုတာမျိုး မလုပ်သင့်ပါဘူး။ အဲဒီအစား သူ့ကို ထောင်ထဲပို့သင့်တာပါ။ BIMSTEC အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မင်းအောင်လှိုင်အပေါ် ထုတ်ထားတဲ့ နိုင်ငံတကာ ဖမ်း၀ရမ်းကို လေးစားလိုက်နာသင့်ပါတယ်။ မြန်မာပြည်သူတွေဟာ မင်းအောင်လှိုင်ကြောင့် အင် မတန်မှ ဆိုးဝါးတဲ့ ငရဲထဲကျရောက်နေပါတယ်” ဟု ဦးထွန်းခင်က ဆိုသည်။

လတ်တလော မင်းအောင်လှိုင်အနေဖြင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော် လည်း နိုင်ငံတကာရဲတပ်ဖွဲ့၏ အဖွဲ့ဝင် နိုင်ငံဖြစ်သော ထိုင်းရဲတပ်ဖွဲ့က မင်းအောင်လှိုင်ကို ဖမ်းဆီး ပေးမည့် အခြေအနေမရှိကြောင်း ထိုင်းရောက် မြန်မာ တစ်ဦးက ဆိုသည်။

“ထိုင်းရဲတပ်ဖွဲ့က မင်းအောင်လှိုင်ကို ဖမ်းဖို့ နေနေသာသာ အစည်းအဝေးလုပ်မယ့် ရှန်ဂီလာ ဟိုတယ်နားမှာတောင် ရဲရော ထိုင်းလုံခြုံရေးတွေ အပြုံလိုက် အထပ်လိုက်ပဲ။ ဖမ်းပေးဖို့ နေနေသာသာ ကိုယ်တွေတောင် ကပ်မရဘူး။ လုံခြုံ ရေးကို အထူးစပယ်ရှယ်ပေးထားတယ်။ သက်ဆင်ရဲ့သမီးက ထိုင်းဝန်ကြီးချုပ်ပဲလေ။ သက်ဆင်နဲ့ မင်းအောင်လှိုင်က အင်မတန်မှ ရင်းနှီးတဲ့ ဆက်ဆံရေးဖြစ်ခဲ့တာဆိုတော့ သူ့သမီးလက်ထက်မှာ မင်းအောင်လှိုင်ကို တကူးတက ဖိတ် ကြား လူရာသွင်းတာက အကျိုးစီးပွားတွေအတွက်ပဲ” ဟု မင်းအောင်လှိုင်ကို ဆန္ဒ ပြရန် အတွက် ဘန်ကောက် ရှန်ဂီလာဟိုတယ်အနီးသို့ သွားရောက်ခဲ့သော ထိုင်းရောက် မြန်မာတစ်ဦးက ဆိုသည်။

BIMSTEC အဖွဲ့ဝင်နိုင်ငံများတွင် အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြန်မာ၊ နီပေါနှင့် ထိုင်းနိုင်ငံတို့ ပါဝင်သည်။

ဓာတ်ပုံ- ဘန်ကောက်တွင် BIMSTEC အစည်းအဝေး တက်နေသည့် အကြမ်းဖက် မင်းအောင်လှိုင်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်