မြန်မာ့သမိုင်းတလျှောက် လူသေဆုံးပျက်စီးမှုအများဆုံးမြေငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်းစစ်ကောင်စီက မတ် ၂၈ ရက်မှ ပြီ ၃ ရက်နေ့အထိ့ ၇ ရက်အတွင်းနိုင်ငံတစ်ဝန်း နေရာပေါင်း အနည်းဆုံး ၂၄ နေရာကိုဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ် ။
ဒီအရေအတွက်ဟာ အချက်အလက်ရရှိတဲ့ အရေအတွက်သာဖြစ်ပြီး ဒီစာရင်းထဲမပါသေးတဲ့ဗုံးကြဲခံရမှုတွေ ရှိနိုင်သေးလို့မြေပြင်မှာအခုထက်ပိုများနိုင်ပါတယ် ။
စစ်အုပ်စုကငလျင်သင့်ဒေသ ၆ ခုကို အရေးပေါ်အခြေအနေလို့ကြေညာခဲ့ပေမယ့် ငလျင်ကြီးလှုပ်ပြီး နာရီပိုင်းအတွင်းမှာပဲ ငလျင်သင့်ဒေသတွေကိုပါမရှောင်ဗုံးကြဲခဲ့တာပါ။
ငလျင်ကြီးလှုပ်ပြီး စစ်တပ်ဗုံးကြဲတဲ့ဒေသတွေထဲမှာ စစ်ကိုင်း ၊ရှမ်းပြည်နယ် ၊ မကွေး ၊ကရင်နီပြည်၊ကရင် ၊ရခိုင် ၊ချင်း ၊ကချင် ၊ပခူး ၊မန္တလေးတိုင်းစတဲ့ဒေသတွေအစုံပါဝင်တင်ပါတယ် ။
အဆိုပါလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၅၀ ခန့်သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီက ဧပြီ ၂ ရက်ညမှာ ရက်ပေါင်း ၂၀ ကြာအပစ်ရပ်တယ်လို့ကြေညာခဲ့ပေမယ့် ဧပြီ ၃ ရက်နေ့မှာပဲ ကချင်ပြည်နယ် က ဝိုင်းမော် ၊စစ်ကိုင်းတိုင်က အင်းတော် ၊ကနီ ၊ဟုမ္မလင်း ၊ မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ် ။
လေကြောင်းတိုက်ခိုက်မှုတွေမှာ ပါရာမော်တာလည်းပါဝင်ပါတယ်။
စစ်ကောင်စီက အပစ်ရပ်ကြေညာပြီး နာရီပိုင်းအတွင်းမှာပဲ ဧပြီ ၃ ရက် နံနက် ၈ နာရီခန့်က ၀ိုင်းမော်မြို့နယ် မှာ ထိုးစစ်ဆင်လာတဲ့အတွက် KIAနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ် ။
ဒါ့အပြင် ဧပြီ ၃ရက် နံနက် ၆နာရီခန့်မှာပဲညောင်ဦးမြို့နယ်၊ ငါသရောက်ရဲစခန်းကနေ တင့်ကား ၂စီးနဲ့ စစ်ကြောင်းထိုးလာပြီး မြေသန့်တောင်၊ မအူပင်၊ ကြအိုကျေးရွာတွေက ဒေသခံပြည်သူတွေရဲ့ အိမ်တွေကို ပွိုင့်ဖိုက် စက်သေနတ်အပါအဝင် လက်နက်မျိုးစုံဖြင့် ပစ်ခတ်အကြမ်းဖက်လို့ ဒေသခံပြည်သူတွေ စစ်ရှောင်နေကြရပါတယ် ။
အလားတူရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့
နယ်မှာလည်း ဧပြီ (၃)ရက် နေ့လယ် ၁၂နာရီ ဝန်းကျင်မှာစစ်တပ်က ကား (၇)စီးနဲ့ လူအင်အားဖြည့်တင်းပြီး အင်တောမှ ကျောက်ဂူ၊ တောင်ချေ၊ အမတ (၉၀၂) ဘက်ကို စစ်ကူအင်အားဖြည့်တင်းခဲ့ပါတယ် ။ဧပြီ ၄ ရက်နေ့မှာလည်း ရက် ၂၀ အပစ်ရပ်ကြေညာထားတဲ့စစ်တပ်ကဗုံးကြဲတာ၊လက်နက်
ကြီးနဲ့ပစ်ခတ်တာ ၊စစ်ကြောင်းထိုးတာတွေဆက်
တိုက်ပြုလုပ်နေပါတယ် ။


Leave a Reply