ထူးခြားဆန်းပြား၊ ပျားနဲ့ နတ် ကယ်မကြသူများ

” ပျား ” တွေကြောင့်
သံဃာတော်တွေ အကုန်လုံး
ငလျင်ဘေးက လွတ်မြောက်ခဲ့ရတဲ့
ဖြစ်ရပ်ဆန်းတစ်ခုရှိခဲ့တယ်
ငလျင်မလှုပ်ခင် တစ်ရက်
၂၇ရက်နေ့က ”
အောင်ချမ်းသာ ၆၂လမ်း၊
အောင်သမာဓိဝိဟာရကျောင်း
စာသင်တိုက်ကြီး ” မှာ
ထူးဆန်းစွာ
” ပျား ” တွေ ရောက်လာပြီး
သံဃာတော် တွေကို လိုက်တုပ်တယ်
သံဃာတော်တွေလည်း မနေရဲကြတော့လို့
ပြောင်းကြတယ်
” သံဃာအကြီး၁၇ပါး ” ပဲ နေခဲ့တယ်

ကံကောင်းစွာပဲကျန်ခဲ့တဲ့
သံဃာတော်ကြီးတွေလည်း
ပြေးခွင့်ရခဲ့လို့ ” လွတ်ခဲ့တယ် ”
ပဓာနနာယဆရာတော်ကြီး ကတော့
ပျားတွေက ကြိုသိပြီး မနေစေချင်လို့
လိုက်တုပ်တယ် လို့ မိန့်တယ်
အခု ငလျင်လှုပ်ပြီး ပြိုသွားတော့
ပျားတွေလည်း မရှိကြတော့ပါဘူးတဲ့ ။

နောက်ဖြစ်ရပ်တစ်ခုလည်း
နေပြည်တော်မှာ
ဖြစ်ခဲ့သေးတယ် ၊
ငလျှင်လှုပ်မဲ့
(၂၈)ရက်နေ့မနက်ပိုင်းမှာ၊
သားနဲ့ချွေးမက ၊
မြေးလေးကိုခေါ်ပြီး ၊
ကျောင်းပို့ရုံးတက်သွားကြတယ်၊
အိမ်မှာ
အမေကြီးဒေါ်ကောင်း(နာမည်လွှဲ)
တစ်ယောက်ထဲကျန်ခဲ့တာ၊
နိစ္စဒူဝလိုလို
တစ်ယောက်ထဲအိမ်မှာကျန်ခဲ့တာဆိုတော့ ၊
ဘုရားစာရွတ်လိုက် ၊
ပုတီးစိပ်လိုက် ၊ အမျှဝေလိုက်နဲ့
နေလာခဲ့တာကြာပြီပေါ့၊
ငလျင်လုပ်ခါနီးမှာ
အမေကြီးဒေါ်ကောင်းရဲ့ နားထဲ
အလှူခံပါဗျို့ကြားတာနဲ့၊
အမေကြီးဒေါ်ကောင်းတစ်ယောက်
အိမ်အောက်ဆင်းလာခဲ့တယ်
အိမ်အောက်လည်းအရောက်
ငလျင်လည်းလှုပ်
အိမ်ကြီးပြိုသွားခဲ့ပါတော့တယ်၊
ထူးဆန်းတာက၊အိမ်အောက်မှာ
ဘာအလှူခံမှ ရှိမနေတာပဲ၊
နတ်မြတ်နတ်ကောင်းတွေက ၊
အမေကြီးဒေါ်ကောင်းကို ၊
စောင့်ရှောက်တာလို့
ယူဆမိတာပဲ၊
ဘာလို့လဲဆိုရင်
ဘုရားရှင်က
တတောနံအနုကမ္ပန္တိ
မာတာပုတ်တံဝ ဩရသံ
ဒေဝတာနုကမ္ပတိပေါသော
သဒါဘဒွာနိ ပဿတိ ။ ဟု
ဟောတော်မူထားတာရှိတယ်၊
အဓိပ္ပါယ်က
ကုသိုလ်ကောင်းမှုပြုပြီးရင်
နတ်တွေကို
အမျှပေးဝေခြင်းမျိုးဖြင့်
ပူဇော်မယ်ဆိုရင် ၊
မိခင်ဟာ သူ့ရင်မှဖြစ်တဲ့သားကို ၊
ရန်လည်းမတွေ့
ဘေးလည်းမခအောင်
စောက်ရှောက်သကဲ့သို ၊
ထို့အတူ
သူ့တို့ကို အမျှပေးဝေသူကိုလည်း
ရန်မတွေ့ ဘေးမကျ စီးပွါးရအောင်
စောင့်ရှောက်ပါသတဲ့၊
သားသမီးတွေက
အိမ်မှာ
အမေတစ်ယောက်ထဲကျန်ခဲ့တာမို့
အိမ်ကို
အပြေးပြန်လာကြတဲ့အခါ
အိမ်ကပြိုနေပြီ
အမေတော့ပါသွားပြီဟု
ထင်လိုက်တာပေါ့ ၊
အဲအချိန်မှာပဲ
ခြံဝိုင်းအပြင်
သစ်ပင်အောက်ကနေ
အသံတစ်သံထွက်လာတယ်
သားလူလေး
အမေဒီမှာတဲ့
အမေကြီးဒေါ်ကောင်းတစ်ယောက်
လက်ထဲမှာ
တစ်ထောင်တန်လေးကိုင်လို့ပေါ့ ၊
(သဗ်ဗသေတ်တာ ကမ်မသကာ)
မေတ္တာဖြင့် Ashin Thumingala


Leave a Reply