မန္တလေးမြို့မှာ ငလျင်ဒဏ်ကြောင့် ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှုတွေခံစားကြရတာ အားလုံးအသိပင်ဖြစ်သည်။
မန်းစည်ပင်ကို ဦးစွာပြောချင်သည်
-အခုအချိန်ထိ နေရာတော်တော်များများ ပြိုပျက်မှုတွေ အပုံလိုက်ရှိနေတုန်းပါ။
ဖြိုလက်စတွေ ဖြိုရမှာကမှန်ပေမယ့် အဲ့ဒီနေရာတွေကလွဲပြီး မြို့သန့်ရှင်းရေးဘာကြောင့်မလုပ်ပါသလဲ??
-တိုင်းဒေသကြီး ဘတ်ဂျက်နဲ့ ပြိုကျအဆောက်အဦးတွေက အုတ်တွေသံတွေကို ဝယ်ယူပေးပြီး လမ်းပြင်လမ်းဖို့တွေ ခင်ဗျားတို့မလုပ်တတ်တာလား???
ရောင်းလိုက်ရတဲ့အိမ်ရှင်တွေလည်းကျေနပ်၊မြို့တော်လည်းအဆင်ပြေအောင် မြို့တော်ဝန်အစီအမံနဲ့ အဲ့ဒါတွေရှင်းရမှာပါ
-မြို့ထဲ သောက်ရေသုံးရေ ရှားနေပြီ အရင်အစိုးရသာဆိုရင် ရေကားတွေ တစ်ရပ်ကွက်တစ်နေ့ဘယ်နှစ်ကြိမ် ဝေမျှပါ့မယ်တို့၊ အမှိုက်တွေပုံနေတာကို စည်ပင်ဝန်ထမ်းတွေ သယ်ယူရလွယ်ကူအောင်လုပ်ခြင်းဖြင့်ကူညီပါတို့ ၊ ဆရာတွေက ရှေ့ထွက်စကားပြော လူငယ်တွေက လိုက်ကူ တကယ်မြန်မြန်ဆန်ဆန် ညီညီညွတ်ညွတ် ပြီးလောက်တယ်ဆိုတာ ခင်ဗျားတို့ငြင်းရဲလား???
-လိုင်စင်ရ အင်ဂျင်နီယာတွေကို အကုန်ခေါ် ၊ အစည်းအဝေးလုပ်၊ ဘိလပ်မြေစက်ရုံတွေ အုတ်စက်ရုံတွေ ကုန်ထုတ်အားပိုထုတ်ကြဖို့ ဈေးလျှော့ပေးဖို့ ပြင်ဆင်ကြတာမျိုး ခင်ဗျားတို့ မလုပ်တတ်တာလား???
-ဆေးရုံတွေ အရေးပေါ်ကုနေတာတွေ ချက်ချင်းဆေးကျောင်းတစ်ခုလုံးကို အရေးပေါ်ဌာနဖွင့်ပစ်လိုက်တာမျိုး၊ အလုပ်လုပ်ရင်တကယ်ပြတ်သားတဲ့ ပြည်သူ့အစိုးရသာဆိုလျင် ဆေးကျောင်းမှာ ပစ္စည်းတွေစုံတယ် အရေးပေါ်ဌာနဖွင့်၊ဆေးရုံကြီးကလူနာတွေလက်ခံကု ဒါမျိုးမတွေးတတ်တာလား???
-ပညာရေးကိစ္စ
၁၀ တန်းကလေးတွေ အစိုးရရုံးရဲ့ ဖွဲ့စည်းမှုနဲ့ ကြံ့ခိုင်နိုင်စွမ်းမရှိသောကြောင့် စာစစ်ဌာန မီးလောင်ပြိုကျခဲ့ပါသည်။
တက္ကသိုလ်ဝင်တန်း မောင်မယ်များအား အနူးအညွတ်တောင်းပန်အပ်ပါသည်။
နောက်ဆက်တွဲ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် တစုံတရာ မထုတ်ပြန်မချင်း စာမေးပွဲပြန်စစ်ဆေးမည်မဟုတ်သေးပါကြောင်း ဒါမျိုးတွေအသိပေးဖို့ မတွေးတတ်တာလား???
အကုန် pass ပေးပြီး တက္ကသိုလ်ရွေးချယ်မှသာ သက်ဆိုင်ရာတက္ကသိုလ်အလိုက် ဝင်ခွင့်ပြန်ဖြေခိုင်းမည် ဆိုတာမျိုး ပြောဖို့သတ္တိမရှိတာလား???
-ပညာရေးလည်း အသုံးမကျ
-ကျန်းမာရေးလည်း မစောင့်ရှောက်ပေးနိုင်၊
-ကယ်ဆယ်ရေးလည်း မထိရောက်၊
-နေရာချထားပေးရေး ချာတူးလန်၊
အစိုးရဖြစ်ချင်တော့ အစုလိုက်
ခင်ဗျားတို့ မရှက်တတ်ကြဘူးလားဗျာ
MDY Revolution Admin လူငယ်များ
12 April,2025


Leave a Reply